ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေရန်သည် ယခုချက်ခြင်းပင်လိုအပ်ဟု ကာဒီနယ် Parolin မှ မြွက်ကြား​

ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေရန်သည် ယခုချက်ခြင်းပင်လိုအပ်ဟု ကာဒီနယ် Parolin မှ မြွက်ကြား​

ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေရန်သည် ယခုချက်ခြင်းပင်လိုအပ်ဟု ကာဒီနယ် Parolin မှ မြွက်ကြား​

ရဟန္တာ Rita of Cascia ကွယ်လွန် ခြင်း အထိမ်းအမှတ် အခမ်းအနားအဖြစ် မစ္ဆားတရားဟောကြားရာတွင် အတွင်းရေးမှူး ကာဒီနယ် မှ လက်ရှိဖြစ်ပေါ်နေသည့် အခြေနေများအပေါ် ကိုးကားပြီး ယူကရိန်း၌ဖြစ်ပွားနေသည့် ကြမ်းကြုတ်မှု များ အဆုံးသတ်နိုင်ရန်အတွက် မဖြစ်နိုင်သည့် အကြောင်းကိစ္စများအတွက် ကြားဝင်ဆုတောင်းပေးနိုင်သည့် ရဟန္တာ Rita အား တောင်းခံကြရန် လမ်းညွှန် ခဲ့ပါတယ်။

ဤငြိမ်းချမ်းခြင်းနှင့် ယုံကြည်ရာ မြေလည်း ဖြစ်သည့် ဒီ Umbria တွင် လတ်တလောအလွန်အမင်း လိုအပ်နေသည့် ငြိမ်းချမ်းရေး ညှိနှိုင်းမှု များ ဖြစ်နိုင်လျှင်ဖြစ်နိုင်ခြင်း အမြန်ဆုံးစတင် နိုင် ရန်အတွက်ကျွန်ုပ်မျှော်လင့်ပါသည်ဟု လည်း ပြောကြားခဲ့ပါသည်။

St.Rita of Cascia ​၏ ပွဲတော်နေ့အတွက် အီတလီနိုင်ငံ Cascia မြို့တွင် မစ္ဆားတရား ဟောကြား စဉ်ဟောကြားသည့် ဩဝါဒတွင် ဗာတီကန်ပြည်နယ် အတွင်းရေးမှူး ကာဒီနယ် Pietro Parolin က သူ့​၏ ငြိမ်းချမ်းရေး လိုအင်ဆန္ဒကို အလေးအနက် ဖော်ပြခဲ့သည်။

ထို့အပြင် ရဟန္တာ Rita of Cascia သည် ငြိမ်းချမ်းရေး,ခွင့်လွှတ်ခြင်းနှင့် ရက်ရောစွန့်ကြဲ ခြင်းတို့​၏ အမှတ်လက္ခဏာပုံရိပ်ပင် ဖြစ်ပြီး ကျွန်ုပ်တို့လူသားတို့​၏ အားနည်းချက်များကို သူမ​၏လက်သို့ အပ်ခါ ဂါရဝပြု ဆုတောင်းကြရန် ကာဒီနယ် Parolin မှ အခိုင်အမာ ပြောဆိုခဲ့ပါ တယ်။

အကြမ်းဖက်ကြမ်းကြုတ်မှု များသည် မည်သည့်အခါမှ အဖြေ မဟုတ်

နေစဉ်ကြားနေရသည့် ယူကရိန်းတွင်ဖြစ်ပွားနေသော အလဟာသ သေဆုံးရမှု ကွင်းဆက် များကို အမြန်ဖြတ်တောက် နိုင်ရန် အစဉ်အမြဲ ထုတ်ဖော်ပြောကြားနေသည့် ရဟန်းမင်းကြီးပါပါးဖရန်စစ်​၏ များစွာသောရည်ရွယ်ချက်များကို သူမမှကြားဝင် ဖြန်ဖြေ ဆုတောင်းပေးပါရန် ကျွန်ုပ် အပ်နှံပါသည်ဟု" ကာဒီနယ် Parolin က အလေးထား ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်မှုဟူသည် အဖြေမဟုတ်ကြောင်းနှင့် နှိမ့်ချသောအမျိုးသမီးတဦးဖြစ်သည့် Roccaporena ​၏ဘဝ ဖြစ်စဉ်များက ကျွန်ုပ်တို့ကို သင်ကြားပြသနေကြောင်း ၊အကြမ်းဖက်မှု သည် မည်သည့်အခါမျှ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်ပဲ သိသာထင်ရှားသည့်ဆိုးကျိူးကွင်းဆက်များ ကိုသာ ပို၍တိုးပွားစေကြောင်း ကာဒီနယ် Parolin မှ ဆိုပါတယ်။

" ဤအဖြစ်ပျက်များကို ကျွန်ုပ်တို့ နေ့စဉ် တွေ့ကြုံ နေရပြီး ဘာ့ကြောင့် အတိတ်သမိုင်းနှင့် လက်တလော မှ အဖြစ်ပျက်များက ပြသနေသည့် ရက်စက်ကြမ်းကြုတ်မှုက ပို၍ဆိုးဝါးသော ပြသနာများကိုသာ ဖြစ်စေနိုင်ကြောင်းကို ဘာ့ကြောင့် မမြင်မတွေ့ နိုင်ကြ ရပါသလဲဟု " အဆုံးသတ်အနေနှင့် ကာဒီနယ် Parolin က မေးခွန်းထုတ်ခဲ့ပါတယ်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3wId2HO
 

Add new comment

2 + 5 =