ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ဆောင်ချက်ကိုဦးဆောင်ရန်အီတလီကာဒီနယ်အားတာ၀န်ပေးအပ်

ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ဆောင်ချက်ကိုဦးဆောင်ရန်အီတလီကာဒီနယ်အားတာ၀န်ပေးအပ်

ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ဆောင်ချက်ကိုဦးဆောင်ရန် အီတလီကာဒီနယ် Matteo Zuppi အားတာ၀န်ပေးလိုက်သည်။ တာ၀န်ပေးအပ်းခံရသကဲ့သို့ လက်ရှိအခြေအနေ၏ရေချိန်ကိုလေ့လာသုံးသပ်နေကြောင်း၊ ဗာတီကန်အတွင်းရေးမှူး၏သဘောတူညီချက်နှင့်အတူငြိမ်းချမ်းရေးလမ်းကြောင်းကိုစတင်မည်ဖြစ်ကြောင်း ဗာတီကန်သတင်းပြန်ကြားရေးရုံးမှ မေလ (၂၀) ရက်နေ့သတင်းသမားများ၏မေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့သည်။

ကာဒီနယ်သည် အီတလီနိုင်ငံ၊ Bologna ၏ဂိုဏ်းချုပ်ဆရာတော်လည်းဖြစ်ပြီး အီတလီကက် သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌလည်းဖြစ်သည်။ သူသည်ကက်သလစ်လူမှုအဖွဲ့အစည်းကြီးတစ်ခုဖြစ်သော စိန့်အီဂျီးဒီယိုအဖွဲ့နှင့်လည်းလွန်စွာရင်းနှီးပြီး အဖွဲ့အပေါ်ပြောရေးဆိုခွင့်လည်းရှိသူဖြစ်သည်။

ဤအဖွဲ့အစည်းသည် ပြောင်းရွေ့များ၏ ဒုက္ခကိုကူညီပေးပြီး ခရစ်ယာန်များအချင်းချင်းပိုမိုနားလည်စည်းလုံးမှုရစေရန်ကြိုးစားအားထုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ရင်ကြားစေ့ရေး ကိစ္စများ၊ မိုဇမ်ဘစ်နှင့်တောင်ဆူဒန်နိုင်ငံ၏ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ၌ ကြား၀င်ဆွေးနွေးပေးလျှက်ရှိသည်။

ရဟန်းမင်းကြီးဖရန်စစ်ကလည်း ယူကရိန်းနိုင်ငံပဋိပက္ခချုပ်ငြိမ်းပြီးငြိမ်းချမ်းရေးအတွက်ဗာတီကန်အနေဖြင့်၀င်ရောက်စေ့စပ်ဆွေးနွေးပေးမည်ဖြစ်ကြောင်း ဧပြီလအကုန်၌မိန့်ကြားခဲ့သည်။ သို့သော်ထိုအစီအစဉ်သည်အကောင်အထည်ဖော်ဆောင်ခြင်းမရှိသေးကြောင်း ယူကရိန်းနှင့်ရုရှားတို့၏တာ၀န်ရှိပုဂ္ဂိုလ်များကပြောကြားခဲ့သည်။ ရဟန်းမင်းကြီးအနေဖြင့် အကောင်းဆုံးချဉ်းကပ်နိုင်ရန် အခြေအနေကိုမှုအသေးစိပ်လေ့လာနေသည်။

ပြီးခဲ့သောစနေနေ့ကလည်း ရဟန်းမင်းကြီးဖရန်စစ်က သူတော်စင်တစ်ဖွဲ့အား အမိမယ်ကို သဒ္ဓါကြည်ညိုမှုအားကောင်းကြရန်တိုက်တွန်းပြီး ရဟန်းမင်းကြီးကိုယ်တိုင်သည်လည်း ယူကရိန်းနှင့်ရုရှားနိုင်ငံကို (၂၀၂၂) မှစ၍အမိမယ်တော်အပ်နှံပူဇော်ထားခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးသည် နူးညံ့သိမ်မွေ့စွာဖြင့်ချစ်တတ်ရန်သင်ကြားရပေဦးမည်။ အဘယ်မျှချစ်သည်ဟုပမာဏကိုတွက်ချက်၍မရကြောင်း၊ သင်တို့သည် အမိမယ်တော်၏ အပေါင်းအဖော်များဖြစ်ကြသည့်အားလျှော်စွာ ကျွန်ုပ်အနေဖြင့်ဤဆက်ကပ်ပူဇော်ခြင်းကိုပြန်လည်ဆန်းသစ်၍ အထူးဆုတောင်းမေတ္တာတောင်းခံပေးကြရန်၊ ကျွန်ုပ်တို့၏ကောင်းကင်မေမေသည် ကျွန်ုပ်တို့အား ခွင့်လွှတ်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ လက်ခံတတ်ခြင်း၊ လူသားများအတွက်ငြိမ်းချမ်းခြင်းကိုရဲ၀ံ့စွာရှာဖွေတတ်ရန်ကြား၀င်ဆုတောင်းပေးပါစေဟု အသင်း၏အစည်းအ‌ေ၀းကြီးကိုကျင်းပပြီး သူ့အားလာရောက်တွေ့ဆုံဂါရ၀ပြုသော Montfort သာသနာပြုများအားမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3MOZTGm

Add new comment

6 + 1 =