ယူကရိန်းနိုင်ငံမှ ‘တက်ဒီ’ ၀က်၀ံရုပ်အားလက်ဆောင်အဖြစ်ပုပ်ဖရန်စစ်အားဆက်သ

ယူကရိန်းနိုင်ငံမှ ‘တက်ဒီ’ ၀က်၀ံရုပ်အားလက်ဆောင်အဖြစ်ပုပ်ဖရန်စစ်အားဆက်သ

ပုပ်ရဟန်းမင်းကြီးအား ပေးလိုက်သော၀က်၀ံရုပ်၏သမိုင်းနောက်ခံသည် အမှတ် ရစရာမှီငြမ်းစရာအကြောင်အရာ၊ အခြေအနေများစွာပါရှိနေပါသည်။

ရဟန်းမင်းကြီးဖရန်စစ်အား၀က်၀ံရုပ်ပေးအပ်ခဲ့သူမှာလည်းဆယ်ကျော်သက်လူငယ်မဟုတ်။ သူ၏ နိုင်ငံအားကိုယ်စားပြုသောသံအမတ်တစ်ဦးဖြစ်သည်။ ရဟန်း မင်းကြီးလက်ခံရရှိလိုက်သည့်၀က်၀ံရုပ်၏
သ မိုင်းကြောင်းမှာ

ရဟန်းမင်းကြီးဖရန်စစ်သည် ယမန်နေ့ ပြင်သစ်နိုင်ငံ၊ Marseille ကမ္ဘာ့သဘော်ဆိပ်မြို့သို့မကြွရောက်မီ ယူကရိန်းသံအမတ် Andrii Yurash နှင့်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံစဉ်၌ သံအမတ်က ယူကရိန်းနိုင်ငံ၊ Dnipro မြို့မှ ‘တက်ဒီ’ ၀က်၀ံရုပ်ကိုရဟန်းမင်းကြီးဖရန်စစ်အားလက်ဆောင်ပေးခဲ့သည်။ ဤ၀က်၀ံရုပ်သည် ရုရှားစစ်တပ်မှ ဇန္န၀ါရီ (၁၄) ရက်နေ့ကပစ်လွှတ်လိုက်သောဒုံးကျည်ကြောင့် (၉) ထပ်တိုက်ရှိ အခန်းပေါင်း (၂၀၀) သည်လုံး၀ပျက်စီးသွားခဲ့သည်။ ထို့အတူ လူ (၇၀) ကျော်အနက် ကလေး (၁၀) ဉီးကျော်လည်းအ သက်ဆုံးရှုံးခဲ့ရသည်။ ထိုအနိဌာရုံအတွက် ယူကရိန်တစ်နိုင်ငံလုံးက (၃) ရက်တိုင် ၀မ်းနည်းကြောင်းပြသခဲ့သည်။ ထိုဒုံးကျည်သင့်ခဲ့သော Dnipro မြို့မှမိသားစုတစ်စု၏အိမ်တွင်ကျန်ရစ်ခဲ့သောအရုပ်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/VvPC

Add new comment

5 + 14 =