ယူကရိန်းနိုင်ငံနောက်၌ ဘုရားရှိသည်ဟုဆို

ယူကရိန်းနိုင်ငံနောက်၌ ဘုရားရှိသည်ဟုဆို

ယူကရိန်းနိုင်ငံနောက်၌ ဘုရားရှိသည်

             ယမန်နေ့က ရုရှားသည်ယူကရိန်းနိုင်ငံအား ကျူးကျော်စစ်ကိုစတင်လိုက်သည့်သတင်းသည် တောမီး‌လောင်သည့်နှယ်ဖြစ်သွားခဲ့ ရသည်။ ဤအခြေအနေသို့မရောက်ရှိစေရေး သံတမန်နည်းလမ်းများဖြင့်အချိန်များစွာယူကာ စေ့စပ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ သို့သော် အရာမရောက်ဘဲ ယခုအခြေအနေ သို့ရောက်လာခဲ့ခြင်းဖြစ်သည်။ ယူကရိန်းသည် အရှေ့ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည်။ နယ်နိမိတ်ခြင်းထိစပ်နေသော ရုရှားပြီးလျှင် ပထမ၀ီအနေအထားအရ ဥရောပနိုင်ငံများအ နက် ဒုတိယအကျယ်ဆုံးနိုင်ငံဖြစ်သည်။ မြို့တော်မှာ Kyiv ဖြစ်ပြီး၊ လူဦးရေမှာ (၂၀၂၀) ၏စစ်တမ်းအရ (၄၄.၁၃) သန်းရှိသောနိုင်ငံတစ်ခုဖြစ်သည်။ ရုရှား၏ယူကရိန်းအားကျူး ကျော်စစ်ကြောင့် စစ်ရေးမဟာမိတ်နိုင်ငံများပါ၀င်လာမည်ဖြစ်၍ တတိယကမ္ဘာစစ်ဖြစ်တော့မည်လောဟုလည်းအချို့ကစိုးရိမ်ရေးသားနေကြသည်။ မြန်မာနိုင်ငံသားအချို့က လည်း ယူကရိန်းအရေးထက် မြန်မာပြည်အရေးကိုပို၍စိတ်၀င်စားကြရန်၊ ယူကရိန်းနောက်၌ ဥရောပ၊ နေတိုးအဖွဲ့များရှိသည်။ မြန်မာနိုင်ငံ၌ မြန်မာပြည်သူများသာရှိသည်ဟု လည်းရေးသားကြသည်။ မှန်ပါသည်။ လက်ခံပါသည်။ သို့သော်စာရေးသူအနေဖြင့် ယူကရိန်းအကြောင်းရေးပါမည်။ ရေးရသည့်အကြောင်းကား ယူကရိန်းနောက်၌ ဥရောပ၊ နေ တိုးတို့ရှိသည်ထက် ‘ဘုရားရှိသည်’ ကို‌ရေးသားလိုခြင်းဖြစ်ပါသည်။

    

ဓမ္မအာဇာနည်ကြီးများ၊ ရဟန္တာများစွာမွေးဖွားရာ

            စစ်စတင်ဖြစ်လိုက်သည်နှင့်စစ်သားများက စစ်တိုက်ရန်ပြင်သူများကပြင်ကြသည်။ ထို့အတူ ဆုတောင်းခြင်းလက်နက်ဖြင့် နောက်တန်းမှတိုက်ပွဲ၀င်ကြရန် လည်း နည်းလမ်းအသွယ်သွယ်ဖြင့် နိုးဆော်သူများကလည်းနိုးဆော်ကြပြီ။ ဤသို့နိုးဆော်ဆုတောင်းရာတွင် အလွန်ထိမိလှသည်မှာ ၄င်းတို့မြေပေါ်မှ ၄င်းတို့၏ သွေးသား၊ ဆွေမျိုးသားချင်း၊ နိုင်ငံသားရဟန္တာသူတော်သူမြတ်တို့၏နာမတော်လိတာနီကိုရွတ်ဆိုဆုတောင်းခံသည်မှာ အလွန်ထိမိလှသောဆုတောင်းမေတ္တာအ ဖြစ် စာရေးသူခံစားရပါသည်။ အဘယ်ကြောင့်ဆိုသော် ဤမြေအကြောင်း၊ ဤလူမျိုးအကြောင်း၊ ဤလူမျိုး၏စိတ်နေသဘောထား၊ ဤလူမျိုး၏အမှန်တရားကို ချစ်မြတ်နိုးတတ်မှု၊ ဘာသာတရားရိုသေကိုင်းရှိုင်မှု၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေအားလုံးကိုသိသူများဖြစ်နေသည်။ ယူကရိန်းသည် ဓမ္မအာဇာနည်နှင့် ရဟန္တာများစွာပေါ်ထွက်ခဲ့သောမြေဖြစ်သည်။ ထို့ကြောင့် စစ်မီးစတင်လောင်ကျွမ်းပြီဖြစ်သော်လည်း မတရားစစ်မီးအရှို့ခံလိုက်ရ၍ ဒေသဖွား ဓမ္မအာဇာနည်များ နှင့်ရဟန္တာသူတော်သူမြတ်တို့နှင့်အတူတစ်စိတ်တစ်၀မ်းတည်းထားပြီး ငြိမ်းချမ်းရေးအရှင်ထံ အရှိန်မြှင့်၍ဆုတောင်းနေပါသည်။ ၄င်းတို့မြေဖွား ဓမ္မအာဇာနည်အ သစ် (၂၇) ရှိသည်။ ထို (၂၇) ပါးနှင့်အတူဆုတောင်းခဲ့ကြသည်။

            မြန်မာနိုင်ငံ၌မှု ဓမ္မအာဇာနည်ပေါ်ပေါက်ရန်မဆိုထားနှင့်။ မျက်လုံးစူးစိုက်ကြည့်ခံရရုံဖြင့်ပင် တုန့်တုန့်မျှမလှုပ်တော့ပေ။  

 

မပါမပြီးသောမယ်တော့ စိတ်ပုတီး

            နိုင်ငံ၏ကံကြံမ္မာကို အမိမယ်တော်၏ကူညီဆု‌တောင်းပေးခြင်းကိုလည်း စိတ်အားထက်သန်စွာ တောင်းခံထားကြသည်။ ဧကရာဇ်မင်း Yaroslav က ယူကရိန်း၏မြို့တော် Kyivan Rus ကိုအမိမယ်တော်ထံ (၁၀၃၇) နှစ်ကပူဇော်အပ်နှံထားခဲ့သည်။ အချို့သောအရင်းအမြစ်အရ Yaroslav ကပင်လျင်ဥရောပ ကိုအမိမယ်တော်အား ပထမဦးဆုံးအပ်နှံခဲ့သူဟုလည်းဆိုပါ။ လာတင်းဘာသာဖြင့် ‘Sub tuum’ အဂ်လိပ်ဘာသာဖြင့် ‘Beneath thy protection’ မြန်မာ လို ‘မယ်တော်ထံချစ်သားသမီးများ’ ဓမ္မသီချင်းသည် အလွန်ရှေးကျလှသော မယ်တော်ထံအပ်နှံပူဇော်သည့်သီချင်းဖြစ်သည်။ ဤသီချင်းသည် (၃) ရာစုကသီချင်း ဖြစ်ကြောင်းပညာရှင်များကခန့်မှန်းကြသည်။ ဤမယ်တော်၏သီချင်းသည် ကက်သလစ်များသာမက၊ ဩသိုဒေါ့စ်တို့လည်း သီဆိုကြသည်။ ကိုးဗစ်ကပ်ဆိုးကြီးအ လွန်၌ ရဟန်းမင်းကြီးက ဤဓမ္မသီချင်းကို မယ်တော်အားသီဆိုချီးမွှမ်းပြီး၊ ကပ်ရောဂါကင်းပျောက်စေရန်ပူဇော်စေခဲ့သည်။ မည်သည့်အခြေအနေ၌ဖြစ်စေ မယ် တော်အားကိုးစားရန် ရှေးယခင်၀ိညာဉ်ရေးဆရာသမားများကအကြံပြုထားခဲ့သည်။ လက်ရှိ၌လည်း ရုရှား၏ကျူးကျော်စစ်ကိုခံနေရသောကြောင့် အမိမယ် တော်၏ကူညီဆုတောင်းခြင်း၊ စောင့်ရှောက်ခြင်းကိုတောင်းခံလျှက်ရှိသည်။         

ယူကရိန်း၏အခြေအနေသည် ရဟန်းမင်းကြီးဖရန်စစ်အားလည်း စိုးရိမ်မှုမြင့်တက်စေခဲ့သည်။

            ရဟန်းမင်းကြီးဖရန်စစ်သည် ယူကရိန်း၌ဖြစ်ပွားသောစစ်အတွက် နိုင်ငံရေးခေါင်းဆောင်များ မိမိတို့၏ဩတ္တပ္ပစိတ်ကိုပြန်လည်ဆန်းစစ်ရန်တိုက်တွန်းခဲ့သည်။ ယူကရိန်းမှစစ်ရေးအခြေအနေသည် ရဟန်းမင်းကြီးဖရန်စစ်အား လွန်စွာစိုးရိမ်စိတ်မြင့်တက်စေခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအမြန်ဆုံးရရှိရန်အတွက် အမိမယ်တော်၏ထပ် ဆင့်ဆုတောင်းပေးခြင်းကိုတောင်းခံပေးလျှက်ရှိသည်။ ယခုနှစ် ဇန္န၀ါရီလ (၂၆) ရက်နေ့ကိုလည်း ယူကရိန်နိုင်ငံ၏ငြိမ်းချမ်းရေးအတွက် ကြေညာကာ ဆုတောင်းစေခဲ့သည်။ ထို့အတူ (၂၀၂၁၊ ဒီဇင်ဘာလ ၁၂) ရက်ကလည်း ‘လက်နက်သည် လမ်းစဉ်မဟုတ်’ ဟုလည်း ပြတ်သားစွာမိန့်ကြားခဲ့သည်။   

ချို့တဲ့နွမ်းပါးသူများ၏ဘ၀

            အဘယ်မျှတိုးတက်သည်ဆိုစေကာမူ နိုင်ငံတိုင်း၌ ဆင်းရဲချို့တဲ့သူများနှင့်မကင်းကြပေ။ ယူကရိန်းနိုင်ငံ၌လည်း ဆင်းရဲနွမ်းပါးသူများရှိကြသည်။ ဘုရားသခင်၏ကူညီ ထောက်မမှုဖြင့် ကက်သလစ်အဖွဲ့အစည်းများသည် အဆိုပါချို့တဲ့နွမ်းပါးသူတို့ကိုကူညီပေးလျှက်ရှိသည်။ နိုင်ငံ၏လူပေါင်းတစ်သန်းခွဲသည် တစ်လလျှင် အမေရိကန်ဒေါ်လာ (၈၀) ထက်နည်းသော၀င်ငွေဖြင့်ရှင်သန်နေကြရသည်။

 

ယခုကျူးကျော်စစ်၏ ပထမပစ်မှတ်ကား စစ်တပ်ဖြစ်ပြီး၊ ဒုတိယပစ်မှတ်ကား သာသနာဖြစ်

            ယခုကျူးကျော်စစ်သည် နိုင်ငံရေးသက်သက်သာမဟုတ်။ ဘာသာရေးစစ်ပွဲလည်းနွယ်ပါသည်။ ယူကရိန်းကက်သလစ်ဘုန်းတော်ကြီးတစ်ပါးက ‘ယခုကျူးကျော်စစ်၏ ပ ထမပစ်မှတ်မှာ ယူကရိန်းစစ်တပ်ဖြစ်ပြီး၊ ဒုတိယပစ်မှတ်မှာ သာသနာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရုရှား၏အနိုင်ကျင့်ဗိုလ်ကျမှုများကို သာသနာအနေဖြင့် လက်သင့်မခံ သောကြောင့်ဖြစ်သည်’ ဟု Volodymyr Malchyn ကဖာသာရ် ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံသည် အရှေ့တိုင်း၀ိနည်းကိုကျင့်သုံးသော်လည်း ရဟန်းမင်းကြီး၏ လက်အောက်၌ရှိသော အရှေ့တိုင်း၀ိနည်းကျင့်သုံးသည့် ကက်သလစ်ဘာသာတူအများဆုံးနေထိုင်သောနိုင်ငံလည်းဖြစ်သည်။ ဤ၀ိနည်းကိုကျင့်သုံးသောကက်သလစ်ဘုန်း တော်ကြီးများသည် တရား၀င်အိမ်ထောင်ပြုခွင့်ရှိသည်။ စစ်မီးသည် လက်ရှိပိုမိုပြင်းထန်လာပါက ဘုန်းတော်ကြီးများလည်း ဘေးလွတ်ရာသို့ပြောင်းရွေ့နေရမည်ဖြစ်သည်။ လက် ရှိအချိန်ထိ Kyiv-Halych ၏ဆရာတော်ကြီး Sviatoslav Shevchuk သည် သူ၏ကျောင်းတော်မှမစွန့်ခွာသေးပေ။ ယူကရိန်အနောက်ဖက်ရှိ ရသေ့ကျောင်းများသည် စစ်ရှောင်တို့ကိုတည်းခိုရေန် ပြင်ဆင်ထားပြီဖြစ်သည်။ စစ်ရေးပိုမိုပြင်းထန်လာပါက သာသနာတော်ကြီးနှင့်ရသေ့ကျောင်းများမှ နေရာထိုင်ခင်းပေးနိုင်သည့်လူဦးရေထက်နေရပ် စွန့်ခွာသူများလာနိုင်သည်။ ထို့ကြောင့် အလှုရှင်များအား လူသားချင်းစာနာသော အကူအညီများပေးကမ်းကြရန် တောင်းခံစာကိုထုတ်‌ေ၀၍ အလှူခံသွားမည်ဖြစ်သည်။ ပြည် တွင်း၏အကူအညီမျှဖြင့်မလုံလောက်နိုင်သောကြောင့် ပြည်ပမှအဖွဲ့အစည်းများ၏အကူအညီကိုလည်းလိုအပ်ကြောင်းပြောကြားခဲ့သည်။  

 

အာဗီအေ ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3skfGm8

Add new comment

2 + 2 =