ယူကရိန်စစ်ကြောင့်ခိုကိုးရာမဲ့ဖြစ်နေသောကလေးများအားသာသနာမှကူညီရန်စတင်

ယူကရိန်စစ်ကြောင့်ခိုကိုးရာမဲ့ဖြစ်နေသောကလေးများအားသာသနာမှကူညီရန်စတင်

ရုရှား၏ယူကရိန်းနိုင်ငံအားကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံသား (၁၄) သန်းခန့်နေရာစွန့်ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထက်၀က်ကျော်မှာနိုင်ငံကိုပင်စွန့်၍ထွက်ပြေးသွားခဲ့ကြသည်။ နိုင်ငံအတွင်းသောင်တင်ကျန်ရစ်နေသောတစ်ချို့တစ်၀က်မှာကလေးများဖြစ်ကြသည်။ ၄င်းတို့သည် လူသားချင်းကူညီပေးသောအသင်းအဖွဲ့တို့၏ပံ့ပိုးပေးမှုဖြင့်ဆက် လက်ရှင်သန်ရပ်တည်နေကြသည်။

အဆိုပါလူသားချင်းအကူအညီပေးသည့်အသင်းအဖွဲ့များအနက် နိုင်ငံတကရွေ့ပြောင်များအားကူညီပေးသော ကက်သ လစ်ကော်မရှင်အဖွဲ့သည်လည်းဒုက္ခသည်များအားကူညီပေးလျှက်ရှိသောအဖွဲ့တစ်ဖွဲ့ဖြစ် သည်။ အဆိုပါကော်မရှင်၏ အထွေထွေအတွင်းရေးမှုးမှာမွန်ဆီညှော် Robert Vitillo ဖြစ်ပြီး စစ်ကြောင့်ကလေးတို့၏ဘ၀ဖယိုမရဲဖြစ်နေသည်ကိုမြင်တွေ့ရသည်မှာလွန်ထိတ်လန့်တုန့်လှုပ်သွားရကြောင်းပြောပါ သည်။

သူ့အနေဖြင့် သာသနာကထောက်ပံ့ပေးထားသောစစ်ဘေးရှောင်နေရာများသို့ကိုယ်တိုင်သွားရောက်ခဲ့ကြောင်း၊ ကလေးများကိုယ်တိုင်၏ရင်နင့်ဖွယ်ကြောက်ရွံ့ထိတ်လန့်ခဲ့ရသည့်အဖြစ်ကိုပြန်လည်ပြောပြ သည်ကိုကြားခဲ့ရကြောင်း၊ ညသန်း ခေါင်ယံ၌လည်း ဗုံးသံ၊ ဗုံးဆံများကြောင့်လန့်နိုးလာပြီးအသက်လွတ်အောင်ထွက် ပြေးခဲ့ကြကြောင်း၊ အချို့သည့်၄င်းတို့၏ မျက်စိအောက်၌ပင် ထိမှန်သေဆုံးသွားခဲ့သည့်ဖြစ်အင်ကိုလည်းမြင်တွေ့ခဲ့ရကြောင်း၊ မည်သို့ပင်ဖြစ်စေ ၄င်းတို့၏ဘ၀
အဆိုးဆုံးကား ၄င်းတို့၏ဇာတိချက်ကြွေမွေးရပ်မြေကိုစွန့်ထားခဲ့ရသည့်ခံစားချက်ဖြစ်ကြောင်း၊ ဌာနေသို့ပြန်ချင်ကြောင်း၊ ထိုသို့ပြန်ချင်သော်လည်း ၄င်းတို့၏အိမ်များသည် စစ်မီးထဲပါသွား၍ ပြန်ရန်အိမ်များလည်းမရှိတော့ကြောင်းပြောပြရှာသည်။

ဤကက်သလစ်လူမှုကူညီရေးအဖွဲ့အစည်းသည် အခြားသောလူသားချင်းကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ကူညီလျှက်ရှိသည်။ ၄င်းတို့၏ရုံးခွဲတစ်ခုကို ယူကရိန်းနိုင်ငံ၊ Chortkiv ၌ဖွင့်လှစ်ထား သည်။ ထိုဗဟိုကို စစ္စတာရ် Josephata ကတာ၀န်ခံထားသည်။ သူသည်စစ်အတွင်းစွန့်ပစ်ခံထားရသောကလေးတစ်အုပ်ကိုစောင့်ရှောက်ထားသည်။ ထိုဂေဟာ၌ မိသားစု၏နွေးထွေးမှုကိုကလေးများခံစားရစေရန်ကြိုးစား၍ဖန်တီပေးထားသည်။

ယူကရိန်းနိုင်ငံသည် ငြိမ်းချမ်းရေးအမြန်ဆုံးပြန်ရရန်လိုအပ်ပါသည်။ သို့မှသာယခုကဲ့သို့မိ‌ေ၀း၊ ဖဝေးသောသားသမီးများပေါ်ပေါက်လာမည်မဟုတ်ပေ။ သို့သော် အခြေအနေကြောင့်ဖြစ်ပေါ်နေသည်ကိုလည်းယခုကဲ့သို့ လူမှုရေးအသိအမြင်များဖြင့်တတ်နိုင်သလောက်ကူညီပံ့ပိုးပေးနေ၍တော်ပါသေးသည်။ လက်ရှိစွန့်ပစ်ကလေးအချို့သည်မိဘများစစ်ပွဲအတွင်းအသက်ဆုံးရှုံးခဲ့ကြသူများရှိသကဲ့သို့ အချို့ကားမိဘများရှိသော်လည်း ကလေးတို့၏အသက်ရှင်သန်ရေးကိုအဘယ်သို့မျှမပံ့ပိုးပေးနိုင်၍ယခုကဲ့သို့သောစောင့်ရှောက်ပေးသောဂေဟာသို့လာရောက်အပ်နှံသွားကြခြင်းဖြစ်သည်။

ယခုကဲ့သို့စောင့်ရှောက်ရေးဂေဟာအခြားတစ်ခုမှာ Tetiana Dubyna တို့ကတာ၀န်ယူထားကြသည်။ ဤနေရာကား ကြပ်မတ်စောင့်ရှောက်မှုအထူးလိုအပ်သောကလေးများအားထားရှိသောနေရာဖြစ်သည်။ စစ် ကြောင့်ရောက်ရှိလာသော စစ်ရှောင်များကိုလည်းမလွှဲမသွေလက်ခံထားပေးရသည်။ စောင့်ရှောက်ရေးဂေဟာသို့ရောက်ရှိလာကြသူများအား တာ၀န်ခံများက အံ့အားသင့်လောက်အောင်နွေးထွေးပျူဌာမှု၊ ဖော်ရွေမှုကိုပေးသောကြောင့် မွန်ဆီညှော် Vitillo အားအံ့အားသင့်သွားစေခဲ့သည်။ အဘယ် ကြောင့်ဆိုသော် သူစောင့်ရှောက်ထားသော‌ဂေဟာမှကလေးမှစ၍လူကြီးများအထိနာမည်နှင့်တကွသိနေသည်။

အမျိုးသမီးငယ် များလည်းလိင်အကြမ်း ဖက်မှုများကြောင့် ကိုယ်၀န်များဖြင့်ရောက်လာပြီး မွေးဖွားကြသူများလည်းရှိသည်။ ထို့ကြောင့် ၄င်းတို့၏ရုပ်ပိုင်းဆိုင်ရာကာကွယ်စောင့်ရှောက်မှုသာမဟုတ်၊ ခံစားခဲ့ရသောရုပ်ပိုင်း၊ စိတ်ပိုင်းဒဏ်ရာများကိုလည်းကုသပေးနေရသည်။

ယူကရိန်းမြေပြင်၌ လူသားချင်းစာနာကူညီရေးအဖွဲ့သည်ထင်မှတ်ထားသည်ထက်အဆပေါင်းများစွာအကျိုးရှိစွာလုပ်ဆောင်နေကြောင်း၊ အထူးသဖြင့်ကလေးများအားစောင့်ရှောက်ရာ၌လွန်စွာထိရောက်လှသည်ဟုမွန်ဆီညှော်ကမှတ်ချက်ပြုခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/RJat

Add new comment

7 + 3 =