ယုံကြည်သူများအား ခရစ္စ မတ်၏ သတင်းကောင်းများဖြင့် မိမိကိုယ်ကိုယ် အံ့ဩစေကြရန်ပုပ်ရဟန်းမင်းကြီး အ ရှင်သူမြတ်တိုက်တွန်း

ယုံကြည်သူများအား ခရစ္စ မတ်၏ သတင်းကောင်းများဖြင့် မိမိကိုယ်ကိုယ် အံ့ဩစေကြရန်ပုပ်ရဟန်းမင်းကြီး အ ရှင်သူမြတ်တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က “ဤနူးညံ့သိမ်မွေ့၍ လှပသောကာလ၊ ဘုရားရှင်ကျွန်ုပ်တို့၏ နှလုံးသား၌တည်ရှိသော ခရစ္စ မတ်ကာလ၌ ဘုရားရှင်အား အံ့ဩခြင်းကျေးဇူးတော်ကို တောင်းခံကြပါစို့။ ဘုရားရှင်သည် ကျွန်ုပ်တို့အား သူနှင့်နီးကပ်‌စေ၍ သူနှင့် တွေ့ဆုံနိုင်ရန် ကျွန်ုပ်တို့အား အံ့ဩခြင်းကျေးဇူးတော်ကို ပေးသနားတော်မူပါစေ။"

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သည် သခင်ခရစ်တော်ဖွားမြင် တော်မူခြင်းသည် လူသားတိုင်းအား ဘုရားရှင်၏ ချစ်ခြင်းမေတ္တာကို ထင်ရှားစေကြောင်း ထောက်ရှုခဲ့သည်။ ထို့ကြောင့် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဘက်သလေဟင်မြို့မှ သူငယ်တော်ကို နူး ညံ့သောအကြည့်ဖြင့် ဖူးမျှော်၍ ခရစ္စမတ်၏ နက်နဲဖွယ်ရာများနှင့်အတူ မိမိကိုယ်ကို အံ့ဩကြစေဖို့ အကြံပြုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သည် သိပ္ပံပညာရှင်များနှင့် စကားပြောစဉ်တွင် စက်ရုပ်များ၏ သဘာဝမဟုတ်သော ဉာဏ်ပညာများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ စက်ရုပ်များ၌ လူတိုင်းအတွက် အရာရာကို အလိုအလျောက်စီမံနိုင်သော အရာများရှိသည်။ သို့သော် သူတို့ကို ကျွန်ုပ်မေးခဲ့သည်..."စက်ရုပ်များ မလုပ်နိုင်သော အရာသည် မည်သည့်အရာဖြစ်မည်နည်း?" သူတို့သည် စဉ်းစားရင်း အကြံပြုချက်များပေးခဲ့သော်လည်း နောက်ဆုံးတွင် "နူးညံ့သိမ်မွေ့ခြင်းဖြစ်ကြောင်း" သူတို့လက် ခံခဲ့ကြသည်။ "နူးညံ့သိမ်မွေ့ခြင်း" သည် စက်ရုပ်များမည်သည့်အခါမျှ လုပ်ဆောင်နိုင်မည့်အရာ မဟုတ်ကြောင်းကို ဘုရားရှင်သည် ယနေ့တွင် နားလည်စေခဲ့သည်။

ယခုနှစ်တွင် ကပ်ရောဂါကြောင့် ဘုရားကျောင်းတက် ရောက်သူ နည်းပါးနိုင်ကြောင်း ကိုလည်း ပုပ်ဖရန်စစ်ကကြိုတင်မိန့်ကြားခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

Photo courtesy of: NPR

https://bit.ly/3nU4MPh

Add new comment

2 + 2 =