ယဉ်ကျေးမှု အရင်းအမြစ်များကို သိမှတ်နိုင်စေရန်အလို့ငှာ ပြည်ပရောက် မြန်မာလူမျိူးအသိုင်းအဝိုင်းက USA နိုင်ငံတွင် ကွန့်ဖရင့် ညီလာခံ ကျင်းပ

ယဉ်ကျေးမှု အရင်းအမြစ်များကို သိမှတ်နိုင်စေရန်အလို့ငှာ ပြည်ပရောက် မြန်မာလူမျိူးအသိုင်းအဝိုင်းက USA နိုင်ငံတွင် ကွန့်ဖရင့် ညီလာခံ ကျင်းပ

ပြည်ပရောက်မြန်မာလူ့အသိုင်းဝိုင်း မှ ကရင်-အမေရိကန် ကက်သလစ်များ သည် မိမိတို့​၏ ဇာစ်မြစ်, ယဉ်ကျေးမှု့နှင့် ဝိသေသလက္ခဏာများကို ဖော်ထုတ်ကျင်းပရန် USA နိုင်ငံ Milwaukee တွင် ညီလာခံတခုကို ကျင်းပခဲ့ကြသည်။

USA နိုင်ငံ Milwaukee သာသနာရှိ ကက်သလစ်ဗဟိုဌာန တွင် ဩဂုတ်လ ၅ ရက်မှ ၈ ရက်နေ့အထိ ကရင်-အမေရိကန် ကက်သလစ်အသိုင်းအဝိုင်း ( KACC) က ကျင်းပခဲ့ခြင်းပင်ဖြစ်သည်။ယခုနှစ်အတွက် ဆောင်ပုဒ်မှာမူ " ကျွန်ုပ်တို့သည် ရဟန္တာများဖြစ်ရန် ခေါ်တော်မူခြင်းခံကြရသည်, မှန်ပါ​၏, သင်ကိုယ်တိုင်အပါဝင်ဖြစ်သည်" ဟု ဖြစ်ပြီး Minnesota, Wisconsin, Texas, Georgia နှင့် Newyourk တို့မှ လူပေါင်း ၂၀၀ ကျော် တို့သည် ညီလာခံတွင် ပါဝင်တက်ရောက်ခဲ့ကြသည်။

ကရင်လူမျိူးများသည် မြန်မာနိုင်ငံအရှေ့ပိုင်းရှိ တောင်တန်းနယ်စပ် ဒေသများဖြစ်သည့် အထူးသဖြင့် ကရင်ပြည်နယ်, ကယား(ကရင်နီ) ပြည်နယ်, နှင့် တောင်ပိုင်းရှမ်းပြည်နယ်တို့တွင် နေထိုင်ကြသည်။ သူတို့သည် အရှေ့တောင်အာရှရှိ လူမျိူးနွယ်စုမှ ခွဲဖျာ ဆင်းသက်လာကြသည်။ ဇစ်မြစ် ကို လေ့လာပါက ဂိုဘီသဲကန္တာရ၊ မွန်ဂိုလီးယား သို့မဟုတ် တိဘက် ဒေသတို့ ဖြစ်နိုင်ပါသည်။ သူတို့တွင် အမျိူးစား စုံလင်သည့် ယဉ်ကျေးမှု့ နှင် ဘာသာစကား နောက်ခံတို့ ရှိကြပါသည်။

ကရင်လူမျိူးများသည် Phoenix, Arizona နှင့် USA နိုင်ငံအခြားဒေသ များသို့ လာရောက်အခြေချနေထိုင်ကြသည့် ချင်းလူမျိူး နှင့် မြန်မာ မွတ်ဆလင် ဒုက္ခသည် များနှင့် အတူတကွ ပင်ဖြစ်သည်။ ၂၀၀၈ ခုကတည်းက Iowa ဒေသတွင် ကြီးမားလှသည့် မြန်မာဒုက္ခသည်အုပ်စု များ လာရောက် အခြေချနေထိုင်ကြသည့် အနက် အများစုသည် ကရင်လူမျိူးစုပင်ဖြစ်သည်။

KACC ညီလာခံကျင်းပရန် ၆ လကျော် ကြိုတင်၍ စီစဉ်ခဲ့ရသည်။ အဓိက အလေးပေးလို သည်မှာ လူငယ်များဖြစ်သော်လည်း မိဘများအတွက်လည်း ပို့ချ ချက်များပါဝင်ခဲ့သည်။ တက်ရောက်လာသူများအတွက် နေထိုင်စရာနှင့် စားသောက်ဖွယ်ရာ များအတွက် Milwaukee ကရင် လူမှု့အသိုင်းအဝိုင်းမှ ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။

"ကျွန်ုပ်​၏ အမြင်တွင် ဤညီလာခံကြီးသည် အောင်မြင်မှု့တခုပင် ဖြစ်ခဲ့သည်။ အာပါတ်ဖြေရန် ၊ မစ္ဆားတရားနာယူရန် နှင့် ချီးမွမ်းကိုးကွယ်ခြင်း အစီစဉ် များလုပ်ဆောင်ရန် အခွင့် အလမ်းများစွာရရှိခဲ့သည်။ ကိုယ်တော်မြတ်စက္ကရင်မန်တူး နှင့်ပါတ်သက်ပြီးလည်းကောင်း, အာပါတ်ဖြေခြင်း, လိင်မှု့ပညာပေးရေး နှင့် အသင်းတော် သမိုင်းတို့နှင့် ပါတ်သက်ပြီး လည်းကောင်း ပို့ချချက်များစွာ ပေးနိုင်ခဲ့ပါသည်ဟု" Minnesota , St.Paul သာသနာအုပ်စုမှ ဖရန်စစ်ကန် ဘုန်းတော်ကြီး Father Seraphim က ပြန်လည် ပြောပြခဲ့သည်။

ကလေးသူငယ်များအစီအစဉ်ကို ဦးဆောင်ရန် အတွက် စိန့် ဖရန်စစ်ဇေးဗီးယား (SFX) အသင်းဂိုဏ်းမှ သီလရှင် ၄ ပါးလည်း အားဖြည့်ကူညီခဲ့သည်။ ဤအသင်းဂိုဏ်းကိုမူ ပြင်သစ်သာသနာပြု (MEP) မှ ဆရာတော်ကြီး Alexander Cardot က မြန်မာနိုင်ငံတွင် ၁၈၉၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ညီလာခံနောက်ဆုံးရက်တွင်မူ Green Bay, Wisconsin နှင့် အသင်းတော်မှ အသိ အမှတ်ပြုထားသည့် USA နိုင်ငံတွင် မယ်တော်ထင်ရှားပြရာ တခုတည်းသော နေရာ များသို့ တက်ရောက်လာသူများ သွားရောက်လည်ပါတ်ခဲ့ကြသည်။

မစ္ဆားတရားတော်မြတ်ကို father Seraphim က ပူဇော်ပေးခဲ့ပြီး စိတ်ပုတီးစိတ်ခြင်း လည်း ပြုလုပ်ခဲ့သည်။ နောက်နှစ်တွင်လည်း ညီလာခံကျင်းပရန် စီစဉ်ထားသော် လည်း နေရာဒေသကိုမူ မရွေးချယ်ရသေးပေ။

ပထမဆုံး စုဝေးတွေ့ဆုံခြင်းကို ၂၀၁၆ ခုနှစ်တွင် ပြု လုပ်ခဲ့သည်။ COVID-19 ကပ်ဘေး ကြောင့် ၂၀၁၉ခု, ၂၀၂၀ခုနှင့် ၂၀၂၁ ခုနှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ပါ။

The KACC အသင်းကြီးကို USA နိုင်ငံတွင်နေထိုင်နေကြသည့် မြန်မာစကားမပြောသည့် ကရင်ကက်သလစ်များ​၏ ဝိဉာဏ်ရေးရာနှင့် ယဉ်ကျေးမှု့ဆိုင်ရာ အထောက်အပံ့များပေးနိုင် ရန်အတွက် ၂၀၁၆ ခု တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဤအဖွဲ့ကို ပထမဦးဆုံးအကြိမ် KACC ညီလာခံကို ကျင်းပခဲ့သည့် Minnesota ရှိ St.Paul တွင် အခြေစိုက်ထားသည်။

Minnesota နှင့် အခြားပြည်နယ်များရှိ ကရင်လူမျိူးများ​ကို Father Seraphim က တာဝန်ယူ လမ်းညွှန်ပေးလျက်ရှိသည်။ Father သည် KACC ​၏ ဝိဉာဏ်လမ်းညွှန် ဘုန်းတော်ကြီး လည်း ဖြစ်ပြီး ထူထောင်သူများအနက် တဦး အပါအဝင်လည်း ဖြစ်ပါသည်။ The KACC အဖွဲ့ ကော်မတီကို ၂၀၁၈ တွင် ထူထောင်ခဲ့သည်။

"KACC ​၏ မျှော်မှန်းချက်မှာ လူငယ်များဘဝတွင် ဘုရားရှင်ကို ချစ်ခြင်း တိုးပွားစေရန် , အသိပညာဗဟုသုတတိုးပွားရန် အထူးသဖြင့် ယုံကြည်ခြင်း ၌ မှန်ကန်သော ယုံကြည်ခြင်း ရှိစေရန်တို့ဖြစ်သည် ဟု" ရဟန်းတော် မှ ပြောပြခဲ့သည်။

ရည်ရွယ်ချက်မှာမူ ဆုတောင်းမေတ္တာနှင့်ပြည့်ဝသည့် စံပြ ကရင်လူမှု့အသိုင်းအဝိုင်း ဖြစ်လာပြီး ရဟန္တာများ ​၏ ဘဝတွေကို တန်ဖိုးထားလာစေရန်ပင်ဖြစ်သည်။ တဦးနှင့်တဦး မေတ္တာတရားနှင့် အားဖြည့်ထားသည့် အသိုင်းအဝိုင်း ဖြစ်လာစေရန်ကိုလည်း ရည်ရွယ်သည်။

USA နိုင်ငံ တဝှမ်း ပြန့်ကျဲ နေထိုင်ကြသည့် ကရင် ကက်သလစ် အသင်းသားများကို စုစည်း နိုင်ရန် ရည်ရွယ်၍ နှစ်စဉ်ညီလာ ခံ ကျင်းပနိုင်ရန် KACC က စီစဉ်ထားသည်။ သို့မှသာ သူတို့သည် ယေဇူးရှင်​၏ ခေါ်တော်မူခြင်း နှင့် အညီ နေထိုင်နိုင်ကြပါလိမ့်မည်။ ထို့အပြင် ပြည်ပရောက် ကရင်များ အကြားတွင် ကရင်ရိုးရာ နှင့်ယဉ်ကျေးမှု့တို့ကို ထိန်းသိမ်းထားနိုင်ရန်လည်း ရည်ရွယ်ပါသည်။

"KACC အနေနှင့် ဒုက္ခသည်များ အထူးသဖြင့် ထိုင်း မြန်မာ နယ်စပ်ရှိ ကရင်ဒုက္ခသည်များ ရှင်သန်နိုင်ရန် အတွက် ကူညီရန် နှင့် ထောက်ပံ့ရန် လုပ်ဆောင်နေပါကြောင်း" KACC ညီလာခံ ဒု-ဥက္ကဋ္ဌ Emelda Thein က ရှင်းပြခဲ့သည်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း
https://bit.ly/3bW8Gql

Add new comment

4 + 2 =