Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ယခုနှစ် နှစ်ကူးအတွက် ဗီ ယက်နမ်ဆရာတော်များ၏ ဂရုဏာရေးအစီအစဉ်ပြင်ဆင်
ယခုနှစ် နှစ်ကူးအတွက် ဗီ ယက်နမ်ဆရာတော်များ၏ ဂရုဏာရေးအစီအစဉ်ပြင်ဆင်
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ကမ္ဘာ့ငြိမ်း ချမ်းရေးနေ့၏ အမှာစကားကို လေးစားလိုက်နာသောအားဖြင့် ယခုနှစ် နှစ်ကူးတွင် အကူ အညီလိုအပ်နေသော သူများအား ကူညီရန်အတွက် ပိုမိုလုပ်ဆောင်ကြရန် ဗီယက်နမ်ဆရာတော်များမှ ကက်သလစ်ဘာသာ၀င်များအား တိုက် တွန်းခဲ့သည်။
ဗီယက်နမ်တောင်ပိုင်းရှိ Can Tho သာသနာမှ ဆရာတော်ဘုရား Stephanus Tri Buu Theinမှ ၎င်း၏သာသနာနယ်မှ ဘာသာ၀င်သားသမီးများအား ဆင်းရဲနွမ်းပါးသူများအ ပေါ် လူသားချင်းစာနာစွာဖြင့် ရိုင်းပင်းကြရန်နှင့် ဆုတောင်းမေတ္တာပို့သကြပါရန် တောင်းခံခဲ့ပြီး ကက်သလစ်ဘာသာ၀င်များသည် ကမ္ဘာ့ကပ်ရောဂါကြောင့် ငွေရေး ကြေးရေးတွင် များစွာရုန်းကန်နေရပြီး ထိုသို့သော ဆင်းရဲနွမ်းပါးသူများအား ကောင်းသောဆမာရီတန်ကဲ့သို့ ကူညီပေးကြရန် အား ပေးခဲ့သည်။
ပြီးခဲ့သော ဒီဇင်ဘာ(၁၇)ရက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် “လူသားအားလုံး၏ ဂုဏ် သိက္ခာကို ကာကွယ်ခြင်းနှင့် မြှင့်တင်ခြင်း၊ ကိုယ်ချင်းစာနာမှုနှင့် ဂရုစိုက်မှုပြသခြင်း၊ ပြန် လည်ကျေအေးသင့်မြတ်ခြင်း
နှင့် ကုသခြင်း၊ အပြန်အလှန်လေးစားမှုနှင့် လက်ခံခြင်း စ သည်တို့သည် ငြိမ်းချမ်းရေးအတွက် အထူးအခွင့်အရေးများဖြစ်ပြီး ရှေးဦးအသင်းတော်ကဲ့သို့ လူသားတို့၏ လို အပ်မှုများအတွက် ပါ၀င်လုပ် ဆောင်ပြီး အလိုအပ်ဆုံးသူ များအား ကူညီဘို့ အသင့်ရှိနေရန်” မိန့်ကြားခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ မိန့်မှာစကားကြောင့် ဆရာတော်ဘုရားသည် ခွန် အားရခဲ့ပြီး သူ၏ဘာ သာ ၀င်များအားလည်း ယခုနှစ်တွင် နှစ်သစ်ကူးပွဲ ကျင်းပသော အ ခါ အကျဉ်းရုံးကျင်းပပြီး လို အပ်နေသောသူများကို ကူ ညီကြရန် အားပေးခဲ့သည်။
ဘာသာ၀င်များမှလည်း ဆရာ တော် မမိန့်ကြားမှီကတည်းက ဆင်းရဲနွမ်း ပါးသူများအတွက် အစား အစာ၊ အ၀တ်အစားနှင့် အခြားသော အခြေခံလိုအပ် ချက်များ အဆင်ပြေစေရန်အတွက် ဆိုင်ဖွင့်ကာ အထူးလျှော့စျေးဖြင့် ရောင်းချခြင်းများ ပြုလုပ်ခဲ့ပြီး သူတို့အား အစားအစာပေးခြင်း၊ ဆံပင်ညှပ်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်
Photo courtesy of: Saigoneer / Shutterstock.
Add new comment