ယခုနှစ်ခရစ္စမတ်ကာလ၌ ဘာသာတူတို့၏ဝိညာဉ်ရေးအ ကျိုးမျှော်၍ဗာတီ ကန်၏ ထူး ခြား သောခွင့်ပြုချက်

ယခုနှစ်ခရစ္စမတ်ကာလ၌ ဘာသာတူတို့၏ဝိညာဉ်ရေးအ ကျိုးမျှော်၍ဗာတီ ကန်၏ ထူး ခြား သောခွင့်ပြုချက်

အမိသာသနာတော်ကြီး ၏ ကာနွန်ဥပဒေ (၉၀၅ - ၁) အရ ထူးခြားသော ခွင့်ပြုချက်မရှိဘဲကက်သလစ်ဘုန်းတော်ကြီးတစ်ပါးသည်မစ္ဆားတရားကိုတစ်ပါးတည်းဖြစ်စေ၊ အများနှင့်ဖြစ်စေ တစ်ကြိမ်ထက်ပို၍ပူဇော်ရန်ခွင့်ပြုမထား ပါ။ သို့သော်ခြွင်းချက်အခြေအနေမျိုး၌မိမိ၏သာသနာပိုင်ဆရာ တော်ထံမှခွင့် ပြုချက တောင်း ခံ ကာဘာသာတူများ၏၀ိညာဉ်ရေးကောင်းကျိုးအတွက်တစ်ကြိမ်တည်းမကပူဇော်နိုင်ပါသည်။

ယခုနှစ်သည် ကိုဗစ် (၁၉) ၏တိုက်ခိုက်ခြင်းကိုကမ္ဘာတစ်၀န်လုံးကအ လူးအလဲခံနေရသည်။ လူမူရေး၊ စီးပွား ရေး၊ ကလေးပညာရေးအပြင်၊ ဘာသာ ရေးအစီအစဉ်များအားလုံးလည်းရပ်တံ့ထားခဲ့ရသည်။ သို့သော်အချို့သောနိုင်ငံ များ၌ ရောဂါကူးစက်ပျံ့နှံ့မူအနည်းငယ်တည်ငြိမ်လာ၍လူမူရေး၊ စီးပွားရေး၊ ဘာသာရေးများကိုအားကစားနှင့်ကျန်းမာရေး၀န်ကြီးဌာ န ၏လမ်းညွှန်ချက်စံ နှုန်းအ တိုင်းမစ္ဆားတရားပူဇော်နေကြသည်။ သို့သော်လူဦးရေအကန့် အသတ်ရှိ သည်။

ယခုနှစ်ခရစ္စမတ်နေ့၌အမိသာသနာတော်ကြီး၏၀တ်ပြုခြင်းဆိုင်ရာရုံး တော်မှထုတ်ပြန်ကြေငြာချက်အရဘုန်းတော်ကြီးတစ်ပါးသည် မစ္ဆားတရား (၄) ပွဲအထိပူဇော်ခွင့်ပြုကြောင်းထုတ်ပြန်ကြေငြာထားပါသည်။ အဘယ်ကြောင့်ဆို သော်ဘာသာတူများမစ္ဆားတရာပူဇော်ရန်လူဦးရေအကန့် အသတ်ဖြင့်ဖြစ်သော ကြောင့်ခါတိုင်းကဲ့သို့သာပူဇော်မည်ဆိုလျှင်မစ္ဆားတရားပါ၀င်ပူဇော်နိုင်မည်မ ဟုတ်သောကြောင့်ခြွင်းချက်အဖြစ်

၁) 'ခရစ်မတ်နေ့၊

၂) ဇန္နာ၀ါရီလ (၁) ရက်နေ့၊ မာရိယာ၊ ဘုရား၏မယ်တော်ပွဲနေ့၊ (နှစ်သစ်တစ်ရက်နေ့)၊

၃) 'မင်းပညာရှိသုံးပါးပွဲနေ့' စသောဤ (၃) ရက်၌လည်းထိုကြေငြာချက်အကျုံး ၀င်မည်ဖြစ်ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of; AFP or Licensors

https://bit.ly/3p7zLrr

Add new comment

3 + 10 =