ယခင် အင်္ဂလီကန် ဆရာတော်ကြီး ကက်သလစ်ဘုန်းတော်ကြီးအဖြစ် ရဟန်းသိက္ခာခံယူ

ယခင် အင်္ဂလီကန် ဆရာတော်ကြီး ကက်သလစ်ဘုန်းတော်ကြီးအဖြစ် ရဟန်းသိက္ခာခံယူ

ယခင် အင်္ဂလီကန် ဆရာတော်ကြီး ကက်သလစ်ဘုန်းတော်ကြီးအဖြစ် ရဟန်းသိက္ခာခံယူ

 

 အင်္ဂလီကန်  အသင်းတော် Rochester ဆရာတော်ကြီး ဖြစ်ခဲ့သူ Michael Nazir-Ali ဟာ  အောက်တိုဘာ ၃၀ ရက်နေ့က ကက်သလစ်ဘုန်းတော်ကြီးအဖြစ် ရဟန်းသိက္ခာ ခံယူခဲ့ပါတယ်။

သူဟာ ယခင် အင်္ဂလီကန်  အသင်းတော်မှာ Canterbury ရဲ့ ဂိုဏ်းချုပ်ဆရာတော်နေရာမှာ ရာထားခံရသူလည်းဖြစ်ကြောင်း၊ Westminster ရဲ့ Cardinal Vincent Nichols က ၎င်းအား လန်ဒန်မှ Our Lady of the Assumption ဘုရားကျောင်းမှာ သိက္ခာတင်ပေးခဲ့တာပါ။

အစောပိုင်း ၁ လ ကမှ ဆရာတော် Nazir-Ali ၊ သက်တော် ၇၂ နှစ် ဟာ  Personal Ordinariate of Our Lady of Walsingham ကိုဝင်ခဲ့ပြီး  ကက်သလစ်ဘာသာ ဝင်ဖြစ်လာတာလည်းဖြစ်ပါတယ်။

၎င်းရဲ့ ဩဝါဒမှာ သိက္ခာတင်ပေးသော ကာဒီနယ်ကြီးက ဒီသိက္ခာတင်အခမ်းအနားဟာ ဝမ်းမြောက်ပျော်ရွှင်ဖွယ်ရာ အတိ ဖြစ်ပါကြောင်းနဲ့ ဖာသာရ်အာလီ ရဲ့ အတွေးအခေါ်၊ အမျှော်အမြင် နဲ့ ဝိညာဉ်ရေးနှိုးစော်ချက်များဟာ ကက်သလစ်သာသနာတော်ကြီးရဲ့ သာသနာပြုလုပ်ငန်းအတွက် များစွာ အထောက်အကူဖြစ်လိမ့်မည်ဖြစ်ကြောင်းဆိုရင်း Personal Ordinariate of Our Lady of Walsingham နဲ့အတူ ကျွုန်ပ်တို့ ကိုယ်တော်ကို နွေးထွေးစွာကြိုဆိုပါကြောင်းဖြင့် ကာဒီနယ်က ဆိုပါတယ်။

 

Personal Ordinariate of Our Lady of Walsingham ဟာဆိုရင် အနားယူသွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဘယ်နဒစ် (၁၆) က ၂၀၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အင်္ဂလီကန် မှ တစ်ဉီးတစ်ယောက်ချင်းစီမဟုတ်ပဲ  ကက်သလစ်ဘာသာသို့ အဖွဲ့လိုက်  ကူးပြောင်းလာသူများအတွက် ရည်ရွယ်တည်ထောင်ထားတဲ့ အဖွဲ့အစည်းဖြစ်ကာ ၊ အင်္ဂလီကန် ရဲ့ ရှေးမူမပျက် အစဉ်အလာများကိုလည်း ထိန်းသိမ်းထားပေးနိုင်ရန်ဖြစ်တယ်လို့လည်းဆိုပါတယ်။

 

“ ဒီ Ordinariate ဟာ ကက်သလစ်အသင်းတော်ကြီးတစ်ခုလုံးနဲ့ ချိပ်ဆက် ဆက်နွယ်နိုင်သလို အင်္ဂလီကန် ပုံစံနဲ့ သင်ကြားသင်ယူတာ၊ ဆုတောင်းတာ တွေကိုလည်း ဆက်လက်လုပ်ဆောင်နိုင်ဘို့ ခွင့်ပြုထားတယ်” လို့ ဖာသာရ်နာဇီက ဘီဘီစီ သတင်းဌာနကိုပြောကြားခဲ့ကြောင်း

ဖာသာရ်နာဇီဟာ သာသနာပြုများကို မွေးထုတ်ပေးတဲ့ အောက်စ်စဖို့ ဗဟိုသင်တန်းကျောင်းကြီးရဲ့ ဉက္ကဌလည်းဖြစ်ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3EMfLCn

Add new comment

2 + 6 =