ယခင်လုပ်ငန်းရှင် ယခုလော့စ်အိန်ဂျလ်စ်ဂိုဏ်းချုပ်သာသနာ၏အကူဆရာတော်အဖြစ်ရဟန်းမင်းကြီးရွေးချယ်ခန့်အပ်

ယခင်လုပ်ငန်းရှင် ယခုလော့စ်အိန်ဂျလ်စ်ဂိုဏ်းချုပ်သာသနာ၏အကူဆရာတော်အဖြစ်ရဟန်းမင်းကြီးရွေးချယ်ခန့်အပ်

လော့စ်အိန်ဂျယ်လ်စ် ဂိုဏ်းချုပ်သာသနာ ၏လက်ထောက်ဆရာအဖြစ်ရွေးချယ်ခံရသောဆရာတော်လောင်းသည် ဓာတုအင်ဂျင်နီယာဘာသာရပ်၌ ပါရဂူဘွဲ့ရထားသူဖြစ်သည်။ သူသည်တစ်ချိန်က မြေအောက်ရထားပိုင်ရှင်တစ်ဦးဖြစ်ခဲ့သည်။ ယခုအခါ ဆရာတော်သည် သက်တော် (၆၆) နှစ်ရှိပြီဖြစ်သည်။ သူ၏အမည်ကား မွန်ဆီညှော် Albert Bahhuth ဟုခေါ်သည်။

လက်ထောက်ဆရာတော်အဖြစ်ရွေးချယ်ခံရချိန်၌သူသည် ဂိုဏ်းချုပ်သာသနာပိုင် Pasadena ၏တောင်ဖက်ရှိ ‘သန့်ရှင်းသောအိမ်ထောင်စု’ သာသနာအုပ်စု၏ ကျောင်းထိုင်အဖြစ်အမှုတော်ထမ်းလျှက်ရှိသည်။ ဤသို့အမှုတော်ထမ်းနေသောရဟန်းတော်အား ရဟန်းမင်းကြီးဖရန်စစ်မှ ဂိုဏ်းချုပ်ဆရာတော် Jose Gomez အားကူညီရန်အတွက်ဇူလိုင် (၁၈) ရက်နေ့က အကူဆရာတော် (၄) ပါးကိုရွေးချယ်ရာတွင် မွန်ဆီညှော် Albert Bahhuth လည်းတစ်ပါးပါလာပါသည်။

သူသည်လက်ဘနွန်နိုင်ငံသားဖြစ်ပြီး Beirut မြို့၌ကျင်းပြင်းခဲ့သည်။ အသက် (၂၀) ၌မိသားစုနှင့်အမေရိကန်ပြည်ထောင်စုသို့ပြောင်းရွေ့လာခဲ့သည်။ ဓာတုအင်ဂျင်နီယာဘာသာရပ်ဖြင့် Missouri တက္ကသိုလ်၌ ဘွဲ့ရခဲ့သည်။ သူသည်အဆိုပါဘာသာရပ်၌ပါရဂူဘွဲ့ကိုလည်းရအောင်ဆွတ်ခူးခဲ့ပြီးနောက် Wyoming တက္က သိုလ်တွင်ပို့ချပေးခဲ့သည်။ (၁၉၈၄) ၌လောစ့်အိန်းဂျယ်လစ်သို့ပြောင်းရွေ့ခဲ့ပြီးအသင့်စားအစားအစာနှင့်ဆိုင်သောလုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်။ ထိုအချိန်၌သူ၏အသင့်စားစားသောက်ကုန်လုပ်ငန်းသည်လူသိများလာခဲ့သည်။ ထိုလုပ်ငန်းကိုလုပ်ကိုင်နေရင်း (၇) နှစ်အကြာတွင် သူ၏ရဟန်းဘ၀သို့တက်လှမ်းလိုသောခေါ်တော်မူခြင်းကိုစတင်ရန် Camarillo ရှိ စိန့်ဂျွန်ရဟန်းဖြစ်သင်ကျောင်းသို့၀င်ရောက်သွားခဲ့သည်။

သူသည် (၁၉၉၆) ခုနှစ်၌ရဟန်းသိက္ခာထပ်ခဲ့သည်။ ကျောင်းထိုင်အဖြစ် Burbank မှ St Finbar၊ Santa Clarita မှ St Kateri Tekakwitha သာသနာနယ်တို့၌တာ၀န်ပေးအပ်ခံခဲ့သည်။ (၂၀၁၅) ၌မူ သူ၏ သာသနာပိုင်ဂိုဏ်းချုပ်ဆရာ တော်ကသူ့အား ဆရာတော်၏ရုံးတော်၌တာ၀န်ခံအဖြစ် (၂၀၂၀) အထိလည်းကောင်း၊ (၂၀၂၁) မှသည် ယခုဂိုဏ်းချုပ်ဆရာတော်အားကူညီပေးရသောအကူဆရာတော်အဖြစ် ရွေးချယ်ခံရသည့်အချိန်ထိ ‘Holy Family’ ၏ကျောင်းထိုင်အဖြစ်အမှုတော်ထမ်းနေခဲ့သည်။

မွန်ဆီညှော်အနေဖြင့် သူ၏မိသားစု၊ ရဟန်းမင်းကြီး၊ သူ၏သာသနာပိုင်ဂိုဏ်းချုပ်ဆရာတော်၊ သူ၏ ဘာသာတူများ၊ ယခုနှစ်ပိုင်း၌ထိတွေ့ပတ်သက်ရသော သာသနာပိုင်ရဟန်းတော်များအား ကျေးဇူးတင်ကြောင်းသာသနာပိုင်ဂျာနယ်တစ်စောင်၌ရေးသားဖော်ပြထားသည်။ ‘ယခုကဲ့သို့ သာသနာ၏အပြောင်းအလဲ ကာလ၌ဆရာတော်တစ်ပါးအဖြစ် ရွေး ကောက်ခံရခြင်းအတွက်မဂ်လာရှိလှကြောင်း၊ ဘုရားသခင်၏လူမျိုးတော်ကိုဂရုစိုက်စောင့်ရှောက်ရန်ရဟန်းမင်းကြီးကအားပေးတိုက်တွန်းနေ၊ လူသူအရောက်အပေါက်နည်း သောဆင်ခြေဖုံးများသို့သွား၍ လူ့ဘ၀၏တန်ဖိုးဖြစ်သော အမှန်တရားကိုရှာဖွေနေသောကျွန်ုပ်တို့၏ညီအစ် ကိုမောင်နှမများအားအိမ်သို့ပြန်လည်ဦးဆောင်ခေါ်လာရန်တိုက်တွန်းသည့် ဆီးနော့မှာလည်းနီးသထက်နီးလာနေချိန်လည်းဖြစ်ကြောင်းထုတ်ဖော်ပြောပြထားသည်။

သူနှင့်အတူ ဖာသာရ် Matthew Elshoff OFM Cap၊ ဖာသာရ် Brian Nunes၊ ဖာသာရ် Slawomir Szkredka တို့ကိုလည်းအကူဆရာတော်များအဖြစ်ရွေးကောက်ခဲ့သည်။ သက်တော် (၆၇) ရှိပြီဖြစ်သော ဖာသာရ်သည် Watts area ရှိ St Lawrence of Brindisi သာသနာအုပ်စု၌လည်းကောင်း၊ သက်တော် (၅၈) ရှိ ဖာသာရ် Nunes သည် ဆရာတော်ရုံး၏တာ၀န်ခံအဖြစ်လည်းကောင်း၊ သက်တော် (၄၉) ရှိ ဖာသာရ် Szkredka သည် စိန့်ဂျွန်ရဟန်းဖြစ်သင်ကျောင်း၌သမ္မာကျမ်းစာဘာသာရပ်ကိုသင်ကြားပေးလျှက်ရှိသော စာချဘုန်းတော်ကြီးအဖြစ်လည်းကောင်း အသီးသီးအမှုတော်ထမ်းနေကြသည်။

ဂိုဏ်းချုပ်ဆရာတော်က ပြီးခဲ့သော ဇူလိုင် (၁၈) ရက်နေ့က အသိပေးကြေညာချက်ထဲ၌ ယခုကဲ့သို့ အကူအညီပေးမည့်ဆရာ တော်ကြီးများရရှိခြင်းသည် ဘုရား သခင်၏ဂိုဏ်းချုပ်မိသားစုအတွက်၀မ်းသာစရာဖြစ်ကြောင်း၊ ဤကောင်းချီးကိုပေးသနားတော ဘုရားသခင်ကိုကျေးဇူး တင်ပါကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်ကိုလည်းကျေးဇူးတင်ကြောင်း၊ ယခုရွေးချယ်ပေးသောဆရာတော်လောင်းများသည် ဆုတောင်းခြင်းဖြင့်အသက်ရှင်နေကြသော ယေဇူးသခင်ကိုအမှန်တကယ်ချစ်သော၊ ဘုရားသခင်၏ချစ်မေတ္တာကို‌ေ၀မျှရန် ပြင်းထန်လှသောဆန္ဒရှိသူများ၊ ဘုရား သခင်၏လူမျိုးတော်ကိုအစေခံလိုသူများဖြစ်ကြောင်းပြောကြားထား သည်။ ဂိုဏ်းချုပ်ဆရာတော်သည် ဆရာတော်လောင်းများအား အမိမယ်တော်၏ကြား၀င်ဆုတောင်းပေးသည့်မိခင်၏အကူအညီများရရှိရန်လည်းဆုတောင်းပေးကြောင်းပြောကြားထားပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/TF89

Add new comment

11 + 0 =