ယခင်ရေဒီယိုအစီအစဉ်ကြေညာသူသည်ကက်သလစ်ရဟန်းဖြစ်လာ

ယခင်ရေဒီယိုအစီအစဉ်ကြေညာသူသည်ကက်သလစ်ရဟန်းဖြစ်လာ

သူ၏အမည်ကား Shaun Doherty ဖြစ်သည်။ သူသည် ယခင်က Highland ရေဒီယိုအသံ လွှင့်ဌာန၌အစီအစဉ်ထုတ်လွှင့်သူအဖြစ်လုပ်ကိုင်ခဲ့ပြီး ကက်သလစ်ရဟန်းအဖြစ် မြောက်အိုင်ယာလန်၊ Derry ဂိုဏ်း အုပ်သာသနာပိုင်ရဟန်းအဖြစ်သိက္ခာထပ်ခဲ့ပါသည်။

သူသည်ရေဒီယိုဌာန၌ (၂၈) ကြာလုပ် ကိုင်ခဲ့သည်။ သူ၏ရဟန်းသိက္ခာထပ်သည့်မစ္ဆားကို စိန့်ယူဂျင်း ကက်သီဒရယ်၌ (ဇူလိုင် ၂၊ ၂၀၂၃) ခုနှစ်တွင် ဆရာတော် Donal McKeown လက်တော်မှခံယူခဲ့သည်။ မစ္ဆားတရားအတွင်း လူဦးရေ (၁၀၀၀) ခန့် ပါ၀င်ပူဇော်ဆုတောင်းခဲ့ကြသည်။

ရဟန်းသစ်အား ဦးပဉ္ဇင်းသိက္ခာကို ယခင်နှစ်ရောမမြို့ရှိ စိန့်ပေါလ်ဘာစီးလီကာ၌ခံယူခဲ့သည်။ သူသည် ဇူလိုင်လ (၃) ရက်နေ့၌ သက်တော် (၅၈) နှစ်ပြည့်ပြီဖြစ်သည်။ သူ၏ (၅၈) နှစ်မွေးနေ့၌ပင် သူ၏ပထမဦးဆုံးမစ္ဆားဦးအား Derry ရှိ
စိန့်ကိုလံဘန်ဘုရားကျောင်း၌ပူဇော်မည်ဖြစ်သည်။

‘ကျွန်တော့်အနေနဲ့ဒီလိုအခွင့်အရေးရလိုက်တဲ့အတွက်အတိုင်းထက်အလွန်ကျေးဇူး တင်ပါတယ်။ ဘုရားသခင်ဟာကျွန်တော်ကိုပြန်ခေါ်သုံးဖို့ ဘယ်တော့မှလက်မလျော့ဘူးဆိုတာပြတယ်။ ဘုရားသခင်ဟာ လူတွေကိုပုံစံအမျိုးမျိုးနဲ့ခေါ် တယ်။ ဘုရားအမှုတော်ကိုဆောင်ဖို့အတွက်ဆိုရင် ဘုန်းကြီးဖြစ်မှရယ်မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ကျွန်တော့်ကိုဒီဘ၀မှာလျှောက်နိုင်ဖို့အတွက်အားပေးလမ်းပြပေးကြတဲ့သာသနာပိုင်ဆရာတော်၊ သာသနာနဲ့အားပေးတဲ့ဘုန်းတော်ကြီးတွေနဲ့သူတော်စင်တွေ၊ ဓမ္မမိတ်ဆွေတွေအားလုံကိုလည်း အားပေးအားမြောက်ပြုပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ ဒီလမ်းကိုလျှောက်တယ်ဆိုတာလွယ်ကူရိုးရှင်းလှတာတော့မဟုတ်ဘူး။ ဒါပေမယ့် ဘုရားခေါ်သံကိုကိုယ်ပြန်ထူးရင်တော့ ဘုရားကလိုအပ်တဲ့ကောင်းချီးခွန် အားကိုပေးကိုပေးတယ်ဆိုတာပါဘဲ’ ဟု လစဉ်ထုတ်သာသနာ၏သတင်းဂျာနယ်၏မေး မြန်းချက်ကိုပြန် လည်ဖြေကြားခဲ့သည်။

Derry သာသနာသည် သက်တမ်းအလွန်ရင့်သောသာသနာတစ်ခုဖြစ်သည်။ သာသနာအား (၁၁၅၈) တွင်တည်ထောင်ခဲ့သည်။ လက်ရှိ၌ ကက်သလစ်ဘာသာ၀င်ဦးရေ (၂၅၂၀၀၀) ဦးရှိသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/44suksf

Add new comment

6 + 10 =