ယခင်က အစ္စလာမ်မစ် တို့ ထိန်းချုပ်နယ်မြေ Qaraqosh တွင် ကက်သလစ်ကလေးငယ် ၁၇၂ ဦး ပထမကိုယ်တော်မြတ် ခံယူ

ယခင်က အစ္စလာမ်မစ် တို့ ထိန်းချုပ်နယ်မြေ Qaraqosh တွင် ကက်သလစ်ကလေးငယ် ၁၇၂ ဦး ပထမကိုယ်တော်မြတ် ခံယူ

ယခင်က အစ္စလာမ်မစ် တို့ ထိန်းချုပ်နယ်မြေ Qaraqosh တွင် ကက်သလစ်ကလေးငယ် ၁၇၂ ဦး ပထမကိုယ်တော်မြတ် ခံယူ

ယခင်က ISIS တို့​၏ထိန်ချုပ်နယ်မြေဖြစ်သည့် Qaraqosh တွင် ကလေးငယ်၁၇၂ ဉီး ပထမကိုယ်တော်မြတ်ခံယူခြင်း အခမ်းအနားကို အီရတ်အမိအသင်းတော်မှ ဝမ်းမြောက်စွာဖြင့် ဇွန်လ ၃ ရက် သောကြာနေ့က ကျင်းပခဲ့ပါတယ်။

ဤသတင်းကို Chaldean ကိုယ်တော်တပါးဖြစ်သည့် ဖာသာ Karam Shamasha က သူ​၏ တွစ်တာ စာမျက်နှာတွင် ဝေမျှထားခဲ့တာပါ။

ယောက်ျားလေး ၉၉ ယောက်နှင့် မိန်းကလေးငယ် ၇၃ ယောက်တို့ ပါဝင်ခဲ့ပြီး ၊ ဤဒေသသည် ခရစ်ယာန်များပပျောက်သွားစေရန် ရည်ရွယ်လျက် ISIS တို့​၏ အပြင်းအထန် တိုက်ခိုက်မှု ကို လွန်ခဲ့သောနှစ်အနည်းငယ်က အသည်းအထန် ခံစားခဲ့ရသော်ငြားလည်း ယခုတွင်မူ " ကျွန်ုပ်တို့​၏ ယုံကြည်မှု့ နှင့် ဒုက္ခ လက်ဝါးကပ်တိုင်တို့ သည် အောင်နိုင်ပြီဟု " ယနေ့ကြွေးကြော် နိုင်ကြပါပြီ လို့ ရဟန်းတော်က တွစ်တာတွင် ရေးသားထားပါတယ်။

ဤမြို့ကြီးသည် ၂၀၁၄ ခုနှစ်ဩဂုတ်လ မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလအထိ ISIS တို့​၏ လက်အောက်သို့ ကျရောက်ခဲ့ရကြောင်း ၊ ထိုအချိန်ကာလအတွင်း တွင် များစွာသော ခရစ်ယာန်တို့မှာ မြို့ကို စွန့်ခွာထွက်ပြေး ခဲ့ရသော်လည်း အကြမ်းဖက်သမားများအဖွဲ့ ကျဆုံးပြီးနောက်တွင်မူ အချို့သောမိသားစုများ ပြန်လည် လာရောက်နေထိုင်ကြကြောင်း၊

ကမ္ဘာ့အသိုင်းအဝိုင်းကြီး​၏ ကူညီမှုဖြင့် Qaraqosh မြို့၌ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အားစိုက် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လက အရှေ့ အလယ်ပိုင်းဒေသသို့ သိုးထိန်းခရီးစဉ် လာရောက်နေစဉ် အတွင်း ဤဒေသရှိ ဘာသာဝင်များ အားတွေ့ဆုံ အားပေးရန် ပါပါး ဖရန်စစ်က အလည်အပတ်ကြွရောက်ခဲ့ပါတယ်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

Photo courtesy of Fr. KARAM SHAMASHA Facebook Account
https://bit.ly/3tuFHzg

Add new comment

1 + 14 =