ယခင်ကိုလံဘန် သာသနာပြု အသင်း၏အကြီးအကဲဖြစ်ခဲ့သူဟောင်ကောင်၌ပျံလွန်

ယခင်ကိုလံဘန် သာသနာပြု အသင်း၏အကြီးအကဲဖြစ်ခဲ့သူဟောင်ကောင်၌ပျံလွန်

သူသည် အိုင်ယာလန်လူမျိုးဖြစ်ပြီး အာရှနိုင်ငံများဖြစ်သော တရုတ်၊ တောင်ကိုးရီးယား၊ ထိုင်၀မ်၊ ဟောင်ကောင်နိုင်ငံများ၌အမှုတော်ထမ်းခဲ့ဖူးသူသည် ဇန္န၀ါရီလ (၆) ရက်နေ့ဟောင်ကောင်ရှိ ကိုလန်ဘန်အသင်း၏ကျောင်းတွင်ပျံလွန်ခဲ့သည်။ သူသည်နေထိုင်မကောင်းဖြစ်နေသည်မှာကြာပြီဖြစ်သည်။ သူ၏အ မည်ကား ဖာသာရ် Tommy Murphy ဖြစ်သည်။

သူ့အားအိုင်ယာလန်နိုင်ငံ၊ Castlebar ၌မွေးဖွားခဲ့သည်။ ရဟန်းသိက္ခာကို (၁၉၇၄) နှစ်၌ထပ်ခဲ့သည်။ သူ၏ပထမဦးဆုံးသာသနာနယ်မှာ ကိုးရီးယားနိုင်ငံဖြစ်သည်။ (၁၉၇၉) ခုနှစ် ထိုင်၀မ်၌သာသနာနယ်အသစ်ဖွင့်လှစ်သောအခါ သူ့အားထိုသာသနာနယ်အသစ်သို့စေလွှတ်အမှုထမ်းစေခဲ့သည်။ အိုင်ယာလန်နိုင်ငံ၌လည်းအမှုတော်ထမ်းခဲ့သည်။ (၂၀၀၆ – ၂၀၁၂) တွင် ဟောင်ကောင်သို့ပြောင်းရွေ့အမှုတော်ထမ်းခဲ့ရပြန်သည်။ သူ၏အမှုတော်ထမ်းဆောင်ပြီး သက်တမ်းကုန်ဆုံးသွားခဲ့သော်လည်း သာသနာအမှုတော်ကို သူပျံလွန်ချိန်အထိဟောင်ကောင်၌အမှုတော်ထမ်းနေခဲ့သည်။

သူသက်ရှိထင်ရှားရှိနေစဉ်က အမှုတော်များစွာကိုထမ်းဆောင်ခဲ့သည်။ အာရှကက်သလစ်ဆရာတော်ကြီးများဆိုင်ရာအဖွဲ့ချုပ်လည်း ဘာသာတူများဆိုင်ရာကော်မရှင်တွင် အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ တောင်ကိုးရီးယားနှင့်ထိုင်၀မ်၌အမှုထမ်းစဉ်ကလည်း အာရုံ ကြောပိုင်းဆိုင်ရာမသန်စွမ်း သောကလေးများအားပြုစုစောင့်ရှောက်သောဂေဟာကိုလည်းကောင်း၊ Taoyuan ရှိစိန့်မိုက်ကယ်ဘုရားကျောင်း၏ကျောင်းထိုင်အဖြစ်လည်း ကောင်း၊ တရုတ်သာသနာပြုနယ်၌ ခေါ်တော်မူခြင်းရရှိရေးအဖွဲ့၏တွဲဖက်အဖြစ်လည်းကောင်း၊ ဟောင်ကောင်မှဆုတောင်းအဖွဲ့များ၊ ခရစ်ယာန်တရားထိုင်အဖွဲ့အားလည်းကောင်း၊ ပီကင်းမှတရုတ်တစ်နိုင်ငံလုံးဆိုင်ရာ ရဟန်းဖြစ်တက္ကသိုလ် ၌လည်းကောင်း ၀ိညာဉ်ရေးလမ်းညွှန်းဘုန်းကြီးအဖြစ်အမှုတော်ထမ်းခဲ့သည်။

သူသည် ဟောင်ကောင်ကယ်သီဒရယ်၌ လက်ထောက်ကျောင်းထိုင်အဖြစ်အမှုထမ်းနေစဉ် အင်္ဂလိပ်စကားပြော ကက်သလစ်ဘာသာတူများအတွက်လည်းအမှုတော်ထမ်းခဲ့သည်။ သူ၏အဆုံးတိုင် အောင်ဆက်ကပ်တည်ကြည်မှုအတွက်အလွန်ကျေးဇူးတင်ကြောင်း၊ သူ၏ပျံလွန်ခြင်းသည် ကမ္ဘာတစ်၀ှမ်းမှသူနှင့်သိသူများအတွက်ကြီးမားသောဆုံးရှုံးမှုဟုခံစားရမည်ဖြစ်ကြောင်း၊ သူ၏အသက်၀ိညာဉ်သည် အသနားတော်မြတ်ခံရ၍ ငြိမ်းချမ်းသာယာခြင်းရပါစေ။ သူ၏မိသားစု၊ သူ၏သက်ရှိထင်ရှားရှိနေသော သူ၏ညီ၊ ညီ၏မိန်းမ၊ တူ၊ တူမများ၊ ဆွေးမျိုးသားချင်းများနှင့်မိတ်ဆွေသူတော်စင်အသင်းမိသားစု၊ သူ၏မိတ်ဆွေးများအားလုံးတို့သည်လည်း ဘုရားသခင်၏ နှစ်သိမ့်ခြင်းကိုခံစားရပါစေကြောင်းကိုလန်ဘန်အသင်းမှဆုတောင်းပေးထားသည်။

သူသက်ရှိထင်ရှားရှိနေစဉ်က ဆက်ကပ်အပ်နှံခဲ့သမျှသည် သူရှင်သန် လှုပ်ရှားသွားလာခဲ့သောအသိုင်းအဝိုင်းအားလုံးအတွက်အကျိုးရှိစေခဲ့သည်။ သူသည်အလွန်ချစ်စရာကောင်းသည်။ သူသည်အလွန်ကြင်နာတတ်သည်။ နားလည်ပေးတတ်သူဖြစ်သည်။ ပျော်တတ်သည်။ ဘ၀အခြေအနေအမျိုးမျိုးတွေ့ကြုံနေရသူများနှင့်တွေ့ဆုံရန်အမြဲအသင့်ရှိသူဖြစ်သည်။ သူနှင့်သိရခြင်း သည်ဂုဏ်တစ်ခုဖြစ်သည်။ သူ၏စျာပနမစ္ဆားကို ဇန္န၀ါရီလ (၁၄) ဟောင်ကောင်စံတော်ချိန် မွန်းတည့် (၁၂) နာရီတွင်ကျင်းပခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3CZ0TCg
 

Add new comment

10 + 5 =