မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး မာကုတင်ဝင်းနှင့် မန္တလေးသာသနာ အတွင်းရှိ လူငယ်များတွေ့ဆုံခြင်း

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး မာကုတင်ဝင်းနှင့် မန္တလေးသာသနာ အတွင်းရှိ လူငယ်များတွေ့ဆုံခြင်း

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး မာကုတင်ဝင်းနှင့် မန္တလေးသာသနာ အတွင်းရှိ လူငယ်များတွေ့ဆုံခြင်း။

၎.၈.၂၀၁၉

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်းသည် (4.8.2019) ရက်နေ့ နံနက်ပိုင်းက မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ လူငယ်မောင်မယ်များနှင့် တွေ့ဆုံမှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။
ထိုတွေ့ဆုံမှု၌ ဆရာတော်ကြီးမှ သြဝါဒ စကားမြွတ်ကြားရာ၌ '' ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ လူငယ်များ ကို အနာဂတ်ရဲ့ ခေါင်းဆောင်လို့ ပြောကြတယ်။ သို့သော်လည်းပဲ ပုပ်ရဟန်းမင်းကြီးကတော့ " You are the ''Now'' of God '' လို့ ပြောကြားထားပါတယ်။ ဒါကြောင့် လူငယ်ဆိုတာ လက်ရှိမှာလဲ အရေးကြီးတဲ့ သူတွေဖြစ်တယ်။  ကျွန်ုပ်တို့ သာသနာမှာ လူငယ်တွေကို ဦးစားပေးရမယ်။ ဆရာတော်အနေနဲ့လည်း လူငယ်များအတွက် ပညာရေးပိုင်းဆိုင်ရာ ဝိညာဉ်ရေးပိုင်းဆိုင်ရာတွေမှာ မြင့်တင်ပေးဖို့ရန် အစီအစဉ်တွေများစွာရှိကြောင်းကိုလည်းပြောကြားခဲ့ပါတယ်။ ''
ဆရာတော်သည် လူငယ်များနှင့် တစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။
ဆရာတော်ကြီးသည် လူငယ်များ၏ အသံကိုလည်းနားထောင်ခဲ့ပါသည်။ လူငယ်များအား ၎င်းတို့ဆွေးနွေးတင်ပြလိုသည်များကို ပြောကြားခိုင်းရာ၌ လူငယ်များက မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင်၌ လက်ရှိလှုပ်ရှားဆောင်ရွက်လျှက်ရှိသောအရာများနှင့်တကွ ရှေ့ဆက်လုက်ဆောင်မည့် လုပ်ငန်းဆောင်တာများအတွက် လူငယ်စင်တာ တစ်ခု ထားရှိပေးပါရန်တောင်းဆိုခဲ့ပြီး လူငယ်များအတွက် ပညာတော်သင်ခြင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများလည်း သာသနာတော်ကြီးမှ တဘက်တလမ်းမှနေ၍ ကူညီထောက်ပံ့ပိုးပေးပါရန်တောင်းဆိုခဲ့ကပါသည်။
ဆရာတော်ကြီးသည် လူငယ်များ၏ တင်ပြချက်များကို အကောင်းမွန်ဆုံးစဉ်စား၍ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များတောင်းဆိုတဲ့ တချို့သောအရာများသည် ချက်ခြင်းလုပ်ဆောင်ပေးရန်အခက်အခဲရှိကြောင်း၊ ၎င်းအနေနဲ့ လူငယ်များကို ဦးစားပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များကလည်း ယခုထက်ပိုမို ကြိုးစားအားထုတ်ပြီး သာသနာအတွက် အကောင်းဆုံးပါဂင်ဆက်ကပ်ပေးဖို့ရန် မြွတ်ကြားတော်မူခဲ့ပါသည်။
မန္တလေးသာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင် ဒါရိုက်တာ ဘုန်းကြီး အဖြစ် Rev.Fr. Nay Kyaw Lwin နှင့် Rev. Fr. Bosco Bo Bo (SDB) တို့အားလည်း လူငယ်ဒါရိုက်တာ ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ပေးလိုက်ကြောင်း ကို ယခု တွေ့ဆုံခြင်း၌ ကြေညာခဲ့ပါသည်။
ယခုလို မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး မာကုတင်ဝင်းနှင့် မန္တလေးသာသနာ အတွင်းရှိ လူငယ်များတွေ့ဆုံခြင်းသည် ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပါသည်။

News by - Pinky ( MDY-OSC / RVA- Myanmar Service)

 

Add new comment

3 + 0 =