မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် မုံလှဇာတိဖွား ဆရာတော်ကြီး မာကုတင်ဝင်းအား မုံလှရွာမှ ဘာသာတူများက ဂုဏ်ပြုဆိုကြိုနှုတ်ဆက်ခြင်းနှင့် ကျေးဇူးတင်မစ္ဆားတရားပြုလုပ်ပေးခြင်း

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် မုံလှဇာတိဖွား ဆရာတော်ကြီး မာကုတင်ဝင်းအား မုံလှရွာမှ ဘာသာတူများက ဂုဏ်ပြုဆိုကြိုနှုတ်ဆက်ခြင်းနှင့် ကျေးဇူးတင်မစ္ဆားတရားပြုလုပ်ပေးခြင်း

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်းသည် မုံလှ ဇာတိ ဖွား ဖြစ်ပါသည်။ မုံလှဇာတိဖွားဖြစ်သော ဆရာတော်ကြီးအား မုံလှရွာမှ ဘာသာတူများက ဂုဏ်ပြုပွဲနှင့် ကျေးဇူးတင်မစ္ဆားတရားကို (၂၉-၃၀.၆.၂၀၁၉) ရက်နေ့များက ပြုလုပ်ပေးခဲ့ကြပါသည်။

၂၉ ရက်နေ့ ညနေက မုံလှရွာမှ ဘာသာတူများက ဆရာတော်ကြီးအား နွေးထွေးပျူငှာစွာ ကြိုဆိုခဲ့ကြပါသည်။

ညပိုင်းတွင်  ဆရာတော်ကြီးအတွက် ဂုဏ်ပြုဖျော်ဖြေပွဲတော်ကို လုပ်ဆောင်ခဲ့ပါသည်။

မုံလှရွာဘာသာတူများအားလုံးကိုယ်စား ဘာသာတူတစ်ဦးမှ ဆရာတော်ကြီးအတွက် ဂုဏ်ပြု သြဘာ စာကိုဖတ်ကြားခဲ့ပါသည်။

ဆရာတော်ကြီး မာကုတင်ဝင်းမှလည်း ကျေးဇူးတင်စကားနှင့်အတူ ယခုလို ဆရာတော်ဖြစ်ရခြင်းဟာ မုံလှရွာမှ ဘိုးဘွားများ၊ ဆရာသမားများနှင့် ရှေးခေတ်သာသနာပြုဘုန်းတော်ကြီးများ ကြောင့်ဖြစ် ကြောင်း၊ မုံလှရွာမှာ ငယ်စဉ်ကလေးဘ၀က တစ်အိမ်နှင့်တစ်အိမ် ရန်ဖြစ်သည်ဟူ၍ မကြားဘူး ကြောင်း၊ ညစဉ်ညတိုင်း အိမ်တိုင်း၌ စိပ်ပုတီးစိပ်သံများသာ ကြားခဲ့ရဖူးကြောင်း၊ ထိုကဲ့သို့ ဘိုးဘွားများက ဘုရားတရားကိုင်းရှိုင်းခဲ့ကြတဲ့အတွက် ယနေ့လို သူတော်စင်များ များစွာဖြစ်ပေါ် လာခဲ့ရပြီး ထိုကဲ့သို့  ကောင်းမွန်တဲ့အမွေကို ယနေ့လူငယ်များအား  လက်ဆင့်ကမ်းနိုင်ဖို့ရန်အတွက် လိုအပ်ကြောင်းများ ကိုလည်း ပြောကြားခဲ့ပါသည်။

ဆရာတော်ကြီးအား ဂုဏ်ပြုဖျော်ဖြေရာ၌ ကျောင်းထိုင်ဘုန်းတော်ကြီး နီကောလားစ် ပြုံးချို အပါအ၀င် သက်ထွေး၊လူငယ်၊မိခင် စသည့်အဖွဲ့အသီးသီးက အဆို၊အက များဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ပါသည်။

(၃၀.၆.၂၀၁၉ )ရက်နေ့ နံနက် (၇း၀၀)နာရီက ကျေးဇူးတင်မစ္ဆားတရားနှင့်အတူ ယေဇူးရွှေနှလုံးတော် ပွဲတော်ကို မန္တလေးကက်သလစ် ဂိုဏ်းချုပသာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်းဦးဆောင်ကာ ပူဇော်၍ သြ၀ါဒ တရားရေအေးကိုလည်း တိုက်ကျွေးခဲ့ပါသည်။

မစ္ဆားတရားအတွင်း ကာဒီနယ်ကြီးချားလ်စ်ဘိုမှလည်း မုံလှရွာမှ ဘာသာတူများအား ဆုံးမသြ၀ါဒ စကားအနည်းငယ်ကို မြွက်ကြားရာ အရာရာကိုလှပစေသည့်အရာမှာ ဘုရားသခင်သာ ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားများအပေါ် သနားကြင်နာသည့်အတိုင်း ကျွန်ုပ်တို့ လူသားများအချင်းချင်း ၊ ရွာသူရွာသားများအချင်းချင်း ဘယ်နေရာ ဘယ်ဒေသရောက်ရောက် တစ်ဦးအပေါ်တစ်ဦး သနားကြင် နာကြပြီးကူညီရိုင်းပင်းကြရန်လိုအပ်ကြောင်း၊သနားခြင်းဟာမွန်မြတ်သည့်အရာဖြစ်ကြောင်းကို မြွက်ကြား ခဲ့ပါသည်။

 

ဆရာတော်ကြီး၏မယ်တော်ဖရန်စ္စကားဒေါ်သန်းတင်ကလည်း “ ဘုရားသခင်က ဆရာတော်အားချစ်လို့ ဆရာတော်အဖြစ် ရွေးချယ်လိုက်တော့ ပျော်ပြီး ၀မ်းသာပါတယ်။ ဆရာတော် ငယ်စဉ်က ဘယ်နေ ရာမှာမှ မဆုံးမ မသွန်ခဲ့ရဘူး ။ ဘုရားကျောင်းသွား ၊ စာသင်ကျောင်း သွားဆိုပြီး ဆုံးမ ပြောဆို ခဲ့ရ တာမျိုးမရှိခဲ့ဘူး။သူ့အသိနဲ့သူအကုန်လုပ်သွားတာ။ဘုန်းကြီးလုပ်ကျောင်းသွားမယ်ဆိုတော့လည်းအမေတို့တောင်မသိရဘူးသူ့ဘာသာသူကျောင်းထိုင်ဘုန်းကြီးကိုပြောလာခဲ့ပြီးအဖေကျုပ်တော့ဘုန်းကြီးလုပ်ကျောင်းသွားမယ်ဘုန်းဘုန်းကိုလည်းပြောထားပြီးပြီဆိုပြီးဆရာတော်၏ဖခင်ကိုထိုကဲ့သို့သာပြောပြခဲ့ခြင်းဖြစ်ကြောင်း၊ သားဖြစ်သူ ဘုန်းကြီးကျောင်းသွားချိန် မိခင်ဖြစ်သူတစ်ယောက်အနေနဲ့ လွမ်းလို့ ငိုခဲ့ရကြောင်း၊ ဘုန်းကြီးကျောင်းသွားသည့်အချိန်မှ ယနေ့ချိန်ထိ ဘုရားရှင်ထံ ဆုတောင်းခြင်းများဖြင့် ပါဝင်ခဲ့ကြောင်းများကို ပြောပြခဲ့ပါသည်။

မုံလှရွာသားတစ်ဦးဖြစ်သူဦးဌေးအောင်မှလည်းဆရာတော်ကြီးမာကုတင်ဝင်းသည် ငယ်စဉ် ကလေး ဘ၀ကတည်းက အေးအေးလူလူ နေတတ်သည့် သူတစ်ယောက်ဖြစ်ကြောင်း၊ ယခုလို မုံလှရွာကနေ ကာဒီနယ်တစ်ပါး ၊ ဂိုဏ်းချုပ်ဆရာတော်တစ်ပါး ပေါ်ထွက်ခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာကြောင်း၊ မုံလှရွာ ဆရာတော်ဂုဏ်ပြုပွဲအတွက် ကုန်ကျစရိတ်များကိုလည်း ရှိလွန်းလို့လှူတာမဟုတ်ပဲ အလိုလို လှူချင် သည့် စိတ်ပေါက်သည့်အတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ယခုပွဲသာမဟုတ် မုံလှရွာ ဆေးခန်း ကိုလည်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းကိုပြောပြခဲ့ပါသည်။

ထိုဂုဏ်ပြုပွဲတော်သို့ မုံလှရွာ ဇာတိဖွား ရန်ကုန် ဂိုဏ်းချုပ်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့်အတူရန်ကုန်ဂိုဏ်းချုပ်သာသနာလက်ထောက်ဆရာတော် ဂျွန်စောယောဟန် လည်း ပါဝင်တက်ရောက်ခဲ့သည့်အပြင် မုံလှရွာဇာတိဖွား ရဟန်းတော်များ ၊ သီလရှင်များ (၁၉)ပါးနှင့် မုံလှရွာ၌ တာဝန်ကျခဲ့သော ရဟန်းတော်များ ၊ သီလရှင်များ အားလုံးအပါအ၀င် အပါး (၃၀) ကျော်ပါဝင် ခဲ့ကြပါသည်။ရဟန်းသီလရှင်များအပြင် တနယ်တကျေး၌ သွားရောက်ကာ အလုပ်လုပ်နေကြသော သူများလည်း မိမိတို့ အရပ်ဒေသသို့ပြန်လာ၍ ဆရာတော်ကြီးအား ဂုဏ်ပြုနှုတ်ဆက်ခြင်း၌ ပါဝင်ခဲ့ကြပါသည်။

Pinky (  RVA Myanmar Service )

 

 

 

Add new comment

16 + 4 =