မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ အဆင့်မြင့်ပညာသင်ကြားရေးကျောင်း ( HEC ) ၌ စာပေဟောပြောပွဲလုပ်ဆောင်ခဲ့ခြင်းသတင်း ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ အဆင့်မြင့်ပညာသင်ကြားရေးကျောင်း ( HEC ) ၌ စာပေဟောပြောပွဲလုပ်ဆောင်ခဲ့ခြင်းသတင်း ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ အဆင့်မြင့်ပညာသင်ကြားရေးကျောင်း ( HEC ) ၌ စာပေဟောပြောပွဲလုပ်ဆောင်ခဲ့ခြင်းသတင်း ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ  စိန်ကိုလန်ဘမ်အသင်းဂိုဏ်းမှ ဖွင့်လှစ်ထားသော အဆင့်မြင့်ပညာသင်ကြားရေးကျောင်း ( HEC ) ၌ ကျောင်းသားများ အသိအမြင် ဗဟုသုတ တိုးပွားစေရန်အတွက် စာပေဟောပြောပွဲတစ်ခုကို ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ (၁၂) ရက်နေ့ ၊ နံနက် (၉း၀၀ - ၂း ၀၀) နာရီထိ လုပ်ဆောင်ခဲ့ပါသည်။

ဟောပြောပွဲ၌ စာရေးဆရာ ဦးဘုန်းဓာတု ၊ စာရေးဆရာ ဦးနေ၀င်းမြင့် ၊ ကဗျာဆရာ ဦးထွန်းသွေးအိမ် တို့မှ ဟောပြောခဲ့ကြပါသည် ။

ဆရာဦးဘုန်းဓာတုမှ ဟောပြောရာ၌ နှလုံးသားလှတဲ့လူငယ်များဖြစ်ဖို့ ၊ အရည်အချင်းရှိသော လူငယ်များဖြစ်ဖို့ ၊ လောကကြီး၌ မတူညီခြင်း ၊ ကွဲပြားခြင်းများသည်သာလျှင်  အလှတရား များဖြစ်ကြောင်း ၊ လူငယ်များ အမြင်မကျဉ်းမြောင်းဘဲ အမြင်ကျယ်ဖို့ရန်အတွက် အဖဘုရားသခင်ရဲ့ စကားကို နားထောင်ဖို့ရန်လိုအပ်ကြောင်းများကို “ ခွန်အားဖြစ်သောနေ့ ” ဆိုသည့် ခေါင်းစဉ်ဖြင့် အကျယ်တ၀င့်ဟောပြောဝေငှခဲ့ပါသည်။

ကဗျာဆရာ ဦးထွန်းသွေးအိမ်မှလည်း မေတ္တာတရားဟာ မရှိမဖြစ်လိုအပ်ကြောင်း ၊နှလုံးသားလှဖို့အရေးကြီးကြောင်း၊ စိတ်ထားကောင်းဖို့ရန်လိုအပ်ကြောင်း ၊ စိတ်ကောင်းလေးတစ်ခုရှိရန်အရေးကြီးကြောင်း ၊ စိတ်ကောင်းတစ်ခုရှိခြင်းက မိမိရဲ့ မကောင်းတဲ့အကျင့်ဆိုးများကို ထိုစိတ်ကောင်းတစ်ခုက ခံတပ်တစ်ခုလို ၊ တံတိုင်းတစ်ခုလို ခုခံကာကွယ်ပေးနိုင်ကြောင်းများကို ၎င်း၏ ကဗျာများဖြင့် ဟောပြောဝေမျှသွားခဲ့ပါသည်။

ဆရာဦးနေ၀င်းမြင့်မှလည်း ယနေ့ခေတ်အချိန်အခါသည် ယဉ်ကျေးမှုတွေ နှေးရာမှ မြန်လာနေပြီဖြစ်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့ လူငယ်များ  နောက်ကျမကျန်ခဲ့ရလေအောင် စာများများဖတ်ကြရန်လိုအပ်ကြောင်း၊ စာဖတ်ပြီး သည့်အချိန်၌လည်း  ဆက်လက် တွေးတောတတ် ရန်လိုအပ်ကြောင်း၊ များကို “ မေတ္တာ ” ဆိုသည့် ခေါင်းစဉ်ဖြင့် အကျယ်တ၀င့် ဟောပြောဝေမျှသွားခဲ့ပါသည် ။

ထို စာပေဟောပြောပွဲသို့ ( HEC ) မှကျောင်းသားကျောင်းသူများနှင့်အတူ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ အငြိမ်းစားယူသွားပြီဖြစ်သော ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်လည်း လာရောက်ပါဝင်နားထောင်ခဲ့ပါသည်။

Photos News – Pinky

 

Add new comment

11 + 7 =