မွတ်စလင်တို့၏ ‘၀ါတွင်းကာလ’ နှင့်စပ်လျင်း၍ဗာတီကန်ကြေညာချက်ထုတ်ပြန်

မွတ်စလင်တို့၏ ‘၀ါတွင်းကာလ’ နှင့်စပ်လျင်း၍ဗာတီကန်ကြေညာချက်ထုတ်ပြန်

ခရစ်ယာန်များနှင့်မွတ်စလင်များသည် မျှော်လင့်ခြင်းကိုသယ်‌ဆောင်သူများအဖြစ်ခေါ်တော်မူခြင်းခံရသည်’ ဟု မွတ်စလင်တို့၏ ‘၀ါတွင်းကာလ’ နှင့်စပ်လျင်း၍ဗာတီကန်ကြေညာချက်ထုတ်ပြန်

သက်၀င်ယုံကြည်မူမတူသော ဘာသာအချင်းချင်း တွေ့ဆုံနှီးနှောသည့် ဗာတီကန်ရုံးတော်မှ ပြီးခဲ့သည့် သောကြာ နေ့က ကြေညာချက်တစ်ဆောင်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်သည် မွတ်စလင်ဘာသာ၀င်တို့၏ ၀ါတွင်းကာလအ တွက် ညီတစ်ကိုရင်းစိတ်ထားပဖြင့် ဆန္ဒပြုဆုတောင်းပေးထားခြင်းဖြစ်သည်။

ထိုနုတ်ဆက်ဆုတောင်းသတင်းစကား၌ ‘ကျွန်ုပ်တို့ ခရစ်ယာန်နှင့်မွတ်စလင် ညီအစ်ကိုတို့သည် လက်ရှိမျက်မောက် ဘ၀နှင့်သေခြင်း၏အခြားဖက်၌ကြုံလာမည့်အသက်တာ၏ မျှော်လင့်ခြင်းကို သယ်ဆောင်ရန် ခေါ်တော်မူခြင်းခံရ ခြင်းဖြစ်ကြောင်း၊ အခက်အခဲများနှင့်သွေးပျက်စရာကို ကြုံတွေ့ဖြတ်သန်းခဲ့ဖူးသူများအနေဖြင့် ငြိမ်းချမ်းရေးကို ပို၍တည်ဆောက်ရန် အားထုတ်ရမည်’ ဟု သက်၀င်ယုံကြည်မူမတူသော ဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေးရေးကောင်စီ၏ ဧပြီလ (၁၆) ရက်နေ့ ထုတ်ပြန်ချက်ထဲ၌ ပါရှိပါသည်။

ဤကောင်စီအတွက် ဗာတီကန်ရုံးတော်၏ တာ၀န်ခံအကြီးအကဲဖြစ်သော ကာဒီနယ် Miguel Ángel Ayuso Guixot နှင့်ကောင်စီ၏အတွင်းရေးမှူးဖြစ်သော မွန်ဆီညှော် Indunil Janakaratne Kodithuwakku Kankanamalage တို့က ‘ခရစ်ယာန်နှင့်မွတ်စလင်တို့သည် ‘မျှော်လင့်ချက်ကိုသက်သေခံရမည်’ ဟူသော ထုတ်ပြန် ကြေညာချက်ကို မတ်လ (၂၉) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

‘ရာမဒမ်’ ကာလသည် အီစလာမ်ပြက္ဒဒိန်၌ ၀ါရှောင်၊ ဆုတောင်းခြင်းနှင့်ကုသိုလ်ပြုရသည့်လတစ်လဖြစ်သည်။ ဤ လသည် ယခုနှစ်၌ ဧပြီလ (၁၃) ရက်နေ့၌အစပြုခဲ့ပြီး၊ မေလ (၁၂) ရက်နေ့မှ ပြီးဆုံးမည်ဖြစ်သည်။ ဗာတီကန်၏ထုတ်ပြန်ကြေ ညာချက်၌ ယခင်နှစ်များ၌မူ နာကျင်စရာ၊ ၀မ်းနည်းစရာ၊ ‌ဝေဒနာများဖြင့်ခံစားကျော်ဖြတ်ခဲ့ကြရကြောင်း အထူးသဖြင့် ကိုဗစ်ကြောင့် သွားလာလှုပ်ရှားမူများအားလုံး ကန့်သတ်ခံရသည့်ကာလအတွင်း၌ ကမ္ဘာ့နိုင်ငံများစွာကြုံတွေ့ဖြတ်သန်းခဲ့ရ ကြောင်း၊ ထိုအခြေအနေ၌ ကျွန်ုပ်တို့ကိုကယ်တင်ကူညီရန် ဘုရားသခင်၏အကူအညီကို တောင်းခံရန်ရန်သာရှိကြောင်း၊ အထူးသဖြင့် လက်ရှိကြုံတွေ့နေရသော ကပ်ကာလမျိုး၌ ဘုရားသခင်၏ သနားခြင်း၊ ခွင့်လွှတ်ခြင်း၊ အမြှော်အမြင်၊ အခြား သော၀ိညာဉ်ရေးနှင့်ကာယဆိုင်ရာ ကောင်းကြီးများကို အသနားခံ တောင်းခံရန်လိုအပ်ကြောင်း၊ လက်ရှိအချိန်ကာလ၌ ကျွန်ုပ်တို့အတွက် အလိုအပ်ဆုံးမှာ မျှော်လင့်ခြင်းဖြစ်ကြောင်း၊

ထို့ကြောင့် ဤအချိန်အခါသမယ၌ သင်တို့နှင့်အတူ ပါရမီနှင့် စပ်လျင်းသောထောက်ရူချက်အချို့ကို ‌ဝေမျှသင့်သည်ဟုတွေးမိကြောင်း၊ မျှော်လင့်ခြင်းသည် အကောင်းမြင်ခြင်းထက်တာ သွားသည်။ မျှော်လင့်ခြင်းသည် အမှန်တရား ကိုအခြေခံသည်။ ထိုအမှန်တရားကား ‘ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်သည်။ ထို့ကြောင့် သူ၏မြှော်မြင်တတ်မူဖြင့် ကျွန်ုပ်တို့ကို ဂရုစိုက်သည်။ မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့၏ ဘာသာရေးယုံကြည်ချက်များမှာရှင်သန်လာသည်။ ထိုယုံကြည် ချက်ကား ကျွန်ုပ်တို့တွေ့ကြုံနေရသောပြဿနာတိုင်း၊ စုံစမ်းမှုတိုင်းသည် အဘယ်မျှခက်ခဲ၍ ဖြစ်နိုင်ချေမရှိဟူ ထင်မှတ်ရစေကာမူ အချည်းနှီးမဖြစ်။ တန်ဖိုးရှိသည်။ ဦးတည်ချက်ရှိသည်။ အဘယ်ကြောင့် ကြုံတွေ့ခံစားနေရသနည်း၊ သို့မဟုတ် ဤအ ကြပ်အတည်းမှရုန်းထွက်ရန် တရားတော်နှင့် ကိုက်ညီသော နည်းလမ်းကောင်းများကို မြင်တွေ့လာစေသည်။

ညီအစ်ကိုရင်း စိတ်ဓာတ်ရှိခြင်းသည် မျှော်လင့်ခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်း၊ အထူးသဖြင့် သက်၀င်ယုံကြည်မူမတူသော ဘာသာ၀င် များ အချင်းချင်း သဘာ၀ဘေးဒဏ်၊ လူဖန်တီးသောဘေးရန်များနှင့်ကြုံတွေ့ရသည့်အချိန်များ၌ မိမိတို့နှင့်မဆိုင်သကဲ့သို့ ဘေးထွက်ရပ်နေခြင်းမပြုဘဲ မိမိနှင့်ဆိုင်သည်ဟုခံယူလျှက် တစ်စိတ်၊ တစ်သဘေားတည်းထားကာ ရက်ရောစွာဖြင့်ကူညီ ယှိုင်းပင်းခြင်း၌တည်မှီနေကြောင်း၊ မျှော်လင့်ခြင်းနှင့်အတူ လူတိုင်းအားကောင်းမူပြုခြင်းမြင့် မိမိတို့၏ဘာသာရေးယုံကြည် ချက်ကိုလည်းတစ်ပါတည်းပြသရာရောက်ကြောင်း၊ ခက်ခဲ၍စိတ်ပျက်စရာအခြေအနေများ၌ အကူအညီနှင့်မျှော်လင့်ချက် များသည် ကျွန်ုပ်တို့လုံး၀ မမျှော်လင့်ထားသောသူများထံမှ အခါအားလျှော်စွာရောက်လာတတ်သည်။

ရဟန်းမင်းကြီးဖရန်စစ်၏ ‘Fratelli tutti’ ဟာချွန်တော်မှ ၀ါကျတစ်ကြောင်းကိုကိုးကား၍ ‘မျှောက်လင့်ခြင်းကို ပြန်လည်ဆန်းသစ်ရန် သင်တို့ကိုတိုက်တွန်ဆော်ဩပါသည်။ အဘယ်ကြောင့်ဆိုသော် မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့လူသား တစ်ဦးစီ၏ စိတ်နှလုံးထဲ၌ အမြစ်တွယ်နေသော အကြောင်းအရာတစ်ခုကို ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ ထိုအကြောင်းအ ရာကား ကျွန်ုပ်တို့၏အခြေအနေနှင့်လုံး၀ မသက်ဆိုင်ဘဲ သမိုင်း၀င်သောဖြစ်စဉ်များနှင့်သာသက်ဆိုင်သော အကြောင်းအရာ များဖြစ်သည်။ မျှော်လင့်ခြင်းသည် ဆာလောင်မှုတစ်ခု၊ အလင်းတန်းတစ်ခု၊ မျှော်လင့်ထားသည့် ဘ၀တစ်ခု ပြီးပြည့်စုံလာစေ ရန်ဆန္ဒတစ်ခု၊ ကြီးမားသော စွမ်းဆောင်ချက်ကို ရရှိပိုင်ဆိုင်လိုစိတ်၊ ကျွန်ုပ်တို့၏စိတ်ကို ကျေကျေနပ်နပ်ဖြစ်စေမည့်အရာများ၊ အမှန်တရား၊ ကောင်းမြတ်ခြင်း၊ လှပခြင်း၊ တရားမျှတခြင်းနှင့်ချစ်ခြင်း ကဲ့သို့သော် မြင့်မားလေးနက်သည့်အကြောင်း အရာများဆီသို့ အာရုံရောက်ရှိစေနိုင်သည်။

ဘ၀ကို ပို၍လှပအောင် တန်ဆာဆင်ပေးနိုင်သည့် အလွန်ကြီးကျယ်ခမ်းနားပြီး၊ တန်ဖိုးထားအပ်သော အတွေးအခေါ်များကို လမ်းဖွင့်ပေးနိုင်သည်’ ဟုထည့်သွင်းထားသည်။ (Gaudium et spes, 1) ထို့ ကြောင့် မျှော်လင့်ခြင်းလမ်းကြောင်းပေါ်၌ ဆက်လက်၍လျှောက်လှမ်းကြပါစို့ဟူ၍ဖြစ်ပါသည်။ 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3xhXppS

Add new comment

7 + 1 =