မြောက်အိုင်ယာလန်နိုင်ငံ Derry မြို့၌သူတော်မြတ်ကာရ်လိုအာကူးတစ်၏ဆင်းတုတော်ကိုကောင်းချီးပေးဖွင့်လှစ်ခဲ့

မြောက်အိုင်ယာလန်နိုင်ငံ Derry မြို့၌သူတော်မြတ်ကာရ်လိုအာကူးတစ်၏ဆင်းတုတော်ကိုကောင်းချီးပေးဖွင့်လှစ်ခဲ့

မေလ (၃) ရက်နေ့က အိုင်ယာလန်နိုင်ငံမြောက်ပိုင်း Derry မြို့ရှိ စိန့်ယူဂျင်းကယ်သီဒရယ်ဘုရားကျောင်း၌ အီတလီမျိုးဆယ်ကျော်သက် သူတော်မြတ်ကာရ်လိုအာကူးစ်၏ဆင်းတုတော်ကိုကောင်းချီး ပေးဖွင့်လှစ်ခဲ့သည်။

ဆယ်ကျော်သက်သူတော်မြတ်သည် သက်တော် (၁၅) နှစ်၌ လူကီးမီးယားရောဂါဖြင့်ပျံလွန်သွားခဲ့သည်။ အဆိုပါဆင်းတုတော်ကို Derry သာသနာပိုင်ဆရာတော် Donal McKeown မှကောင်းချီးပေးဖွင့်လှစ်ခြင်းဖြစ်သည်။

ကယ်သီဒရယ်ဘုရားကျောင်းကြီးကို (၁၈၇၃၊ မေလ ၄) ၌ဖွင့်လှစ်ခဲ့သည့်ဖြစ်ရာယခုနှစ် (၁၅၀) ပြည့်ပြီဖြစ်သည်။ ထိုနှစ်ပတ်လည်နေ့ကိုဂုဏ်ပြုသောအားဖြင့် ဤဆင်းတုတော်ကိုထုဆစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဤဆင်းတုတော်ကို အီတလီမှမှာယူခဲ့ခြင်းဖြစ်သည်။

ဆယ်ကျော်သက်သူတော်မြတ်လေးသည် (၁၉၉၁) အင်္ဂလန်နိင်ငံ၌မွေးဖွားသန့်စင်ခဲ့သည်။ သူ၏မိဘများသည် သူ့အားဘုရားတရားအလွန်ကြည်ညိုသောကလေးတစ်ဦးအဖြစ်ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီး သက်တော် (၇) တွင် ပထမကိုယ်တော်မြတ်ကိုပင့်ယူခဲ့သည်။

သူတော်မြတ်သည် သက်တော်ငယ်ရွယ်နုနယ်လှသော်လည်း ယေဇူးသခင်ကိုသူ့ဘ၀၏ဗဟိုချက်မအဖြစ်ထားရှိရှင်သန်သည်။ မစ္ဆားတရားကိုလည်းနေ့စဉ်ပါ၀င်ပူဇော်ခဲ့သည်။

သူတော်မြတ်လေးသည် ကွန်ပျူတာပညာ၌ထူးချွန်လွန်းသူဖြစ်သည်။ သို့သော် အပျော်အပါးအတွက်သာအသုံးပြုခဲ့ခြင်းမဟုတ်ဘဲ ကမ္ဘာပေါ်၌ဖြစ်ပွားခဲ့သော ကိုယ်တော်မြတ်၏တန်ခိုးလက္ခဏာများအားလုံးကို နှစ်အလိုက်မှတ်တမ်းပြုစုထားသည်။ သူ၏ရည်ရွယ်ချက်ကား ယေဇူးခရစ္စတူးသခင်သည် ကိုယ်တော်မြတ်အဆင်း၌အမှန်စင်စစ်ကိန်း၀ပ်နေကြောင်းကိုလူတိုင်းအားသိရှိယုံကြည်စေလိုသည်။ ထို့ကြောင့်‌ေ၀မျှသွားမည်ဖြစ်သည်။

သူတော်မြတ်၌လူကီးမီးယားရောဂါရှိသည်ကို (၂၀၀၆) ခုနှစ်၌စစ်ဆေးတွေ့ရှိခဲ့သည်။ ရောဂါရှိသည်ကိုသိရှိလိုက်သောအခါ သူသည်စိတ်ဓာတ်မကျ။ မပြိုလဲခဲ့ပေ။ သူ၏‌ေ၀ဒနာများအားလုံးအား ထိုစဉ်ကသာသနာကိုဦးစီးဦးဆောင်ပေးနေသော ရဟန်းမင်းကြီးဘေနေဒစ် (၁၆) နှင့်အမိသာသနာတော်ကြီးအတွက် တင်လှူပူဇော်ခံထမ်းခဲ့သည်။ သူသည် (အောက်တိုဘာ ၁၂၊ ၂၀၀၆) ခုနှစ်တွင်ထာ၀ရအဖအိမ်တော်သို့၀င်စားရသောကောင်းချီးတော်ကိုခံယူသွားခဲ့ရှာသည်။

သူတော်မြတ်အား (အောက်တိုဘာ ၁၀၊ ၂၀၂၀) ၌သူတော်မြတ်အဆင့်သို့တင်မြှောက်ခံခဲ့ရပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3plOMLt

Add new comment

7 + 6 =