မြောက်အိုင်ယာလန်တွင် ကိုယ်ဝန်ဖျက်ချခြင်းကိုတရားဝင်ပြုလုပ်ရန်ကြိုးပမ်းမှုအပေါ်ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များမှဆန့်ကျင်လှုံ့ဆော်ကြခြင်း
မြောက်အိုင်ယာလန်တွင် ကိုယ်ဝန်ဖျက်ချခြင်းကိုတရားဝင်ပြုလုပ်ရန်ကြိုးပမ်းမှုအပေါ်ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များမှဆန့်ကျင်လှုံ့ဆော်ကြခြင်း
မြောက်အိုင်ယာလန်တွင် ကိုယ်ဝန်ဖျက်ချခြင်းကိုတရားဝင်ပြုလုပ်ရန်ကြိုးပမ်းမှုအပေါ်ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များမှဆန့်ကျင်လှုံ့ဆော်ကြခြင်း
အောက်တိုဘာလ ၂ ရက် ၂၀၁၉
မိခင်၏အသက်ကိုထိခိုက်နိုင်သောအခြေအနေများအတွက်လတ်တလောအခြေအနေတွင် မြောက်အိုင်ယာလန်၌ကိုယ်ဝန်ဖျက်ချခြင်းကိုခွင့်ပြုထားပါသည်။ သို့သော်လည်း မြောက်ပိုင်းအတွက်စီရင်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိသော အစိုးရတစ်ရပ်ကို အောက်တိုဘာလ ၂၁ ရက်နောက်ဆုံးထားပြီး မတ်ရွေးချယ်နိုင်လျှင်။ မြောက်အိုင်ယာလန်၌။ ကိုယ်ဝန်ဖျတ်ချခြင်းကိုတရားဝင်ပြုလုပ်ရန်။ဗြိတိသျှ နိုင်ငံရေးသမားများမှ လန်ဒန်မြို့တွင် လွန်ခဲ့သောဇူလိုင်လက ဥပဒေမူကြမ်းတစ်ရပ်ကိုတင်သွင်းခဲ့ပါသည်။။
မြောက်အိုင်ယာလန်တွင် ၂၀၁၇ ခုနှစ်ကတည်းက စီရင်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိသောအစိုးရမရှိခဲ့ပါ။ စီရင်ဆုံးဖြတ်ပိုင်ခွင့်အားလုံးသည်ဗဟိုချုပ်ကိုင်မှုအောက်၌သာရှိနေရပါသည်။ ထို့အတွက်ကြောင့်မြောက်ပိုင်းအတွက်စီးရင်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိသောအစိုးရတစ်ရပ်ကို အောက်တိုဘာလ 21 ရက်နောက်ဆုံးထားပြီးရွေးချယ်နိုင်ရန် ကက်သလစ်သာသနာ၊ အိုင်ယာလန်အသင်းတော်၊ မတ်သဒစ် အသင်းတော်၊ အိုင်ယာလန် ပရက်စ်ပီတေးရီးယာန်အသင်းတော် အိုင်းရစ်ရှ် အသင်းတော်များကောင်စီတို့မှာ စုစည်းပြီးနိုင်ငံရေးသမားများကိုတိုက်တွန်းခဲ့ပါသည်။
မြောက်အိုင်ယာလန်အတွက် စီရင်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိသော အစိုးရတစ်ရပ်ကိုရွေးချယ်နိုင်ခဲ့လျှင် မည်သည့်ဥပဒေသစ်ကိုမဆို ပြင်ဆင်နိုင်ခြင်းဖျက်သိမ်းနိုင်ခြင်းအာဏာများရှိမည်ဖြစ်သည်။ ။ ယခုကဲ့သို့ကိုဝန်ဖျက်ချခြင်းဥပဒေကို လူထုဆန္ဒကောက်ယူခဲ့မှုမရှိဘဲပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း နှင့်ဘာသာရေးခေါင်းဆောင်များမှ ယခုကဲ့သို့ပြောင်းလဲခြင်းများအပေါ်ဆုတောင်းပေးကြဖို့ ရွေးကောက်ခံကိုယ်စားလှယ်များကိုလည်းတိုက်တွန်းကြဖို့ ဘာသာရေးခေါင်းဆောင်များမှပြောကြားခဲ့ပါသည်။
မြောက်အိုင်ယာလန်၏ဆုံးဖြတ်ပိုင်ခွင့်သည် မြောက်အိုင်ယာလန်တို့၏လက်တွင်း၌သာရှိသင့်ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားပါသည်။ ယင်းထုတ်ပြန်ချက်တွင် မြောက်အိုင်ယာလန်ပြည်သားများအား နှစ်ရက်တာအထူးဆုတောင်းပေးကြဖို့ကိုလည်းဖေါ်ပြထားပြီး၊ မိသားစုဝင်များကိုယ်ဝန်ဆောင်သည်များ၊ ဒုက္ခအခက်အခဲကြုံနေရသောအမျိုးသမီးများ၊ လူ့အဖွဲ့အစည်းတွင်မမွေးဖွားသေးသောကလေးသူငယ်များ ကိုအထူးကာကွယ်ပေးဖို့ ဆုတောင်းရန်ရည်ရွယ်ချက်အဖြစ်ထားရှိဖော်ပြထားပါသည်။
By Peter Kyi Making
Credit to Vatican News
https://bit.ly/2oVvo8T
Zawgyi
အောက်တိုဘာလ ၂ ရက် ၂၀၁၉
By Peter Kyi Making
Credit to Vatican News
https://bit.ly/2oVvo8T
Add new comment
12 + 5 =