မြေထဲပင်လယ်အရှေ့ပိုင်း၏ တင်းမာမှုများနှင့်ပတ်သက်ပြီး ရဟန်းမင်းကြီးအရှင်သူမြတ် မိန့်ကြား

မြေထဲပင်လယ်အရှေ့ပိုင်း၏ တင်းမာမှုများနှင့်ပတ်သက်ပြီး ရဟန်းမင်းကြီးအရှင်သူမြတ် မိန့်ကြား

မြေထဲပင်လယ်အရှေ့ပိုင်း၏ တင်းမာမှုများနှင့်ပတ်သက်ပြီး ရဟန်းမင်းကြီးအရှင်သူမြတ် မိန့်ကြား

အန်ဂျေလူးမေတ္တာရွတ်ဆိုနေစဉ် ဂုဏ်ကျေးဇူးတော်မေတ္တာပြီးနောက် ရဟန်းမင်းကြီးအရှင်သူမြတ်မှ မြေထဲပင်လယ်၏ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသော ဂရိနှင့်တူရကီကြား ရေနံ၊ဓာတ်ငွေ့နှင့် ပတ်သက်ပြီး ဖြစ်ပွားနေသည့် ပဋိပက္ခများအတွက် ဆွေးနွေးတိုင်ပင်အဖြေရှာရန် ဆုတောင်းပေးတော်မူခဲ့သည်။

ထို့အပြင် “ထိုနေရာတွင် နေထိုင်ကြသောာ လူများ၏ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လျှက်ရှိသော အငြင်းပွားမှုများကို ဖြေရှင်းရန် အကောင်းဖက်ကိုဦးတည်သော ဆွေးနွေးခြင်းနှင့် နိုင်ငံတကာတရားဥပဒေကို လေးစားလိုက်နာခြင်းတို့”အတွက်လည်း မေတ္တာရပ်ခံကြောင်း မိန့်ကြားခဲ့သည်။

ဂရိနှင့်တူရကီ နှစ်နိုင်ငံသည် သူတို့၏ ရေပိုင်နက်သတ်မှတ်ကာ စွမ်းအင်အရင်းအမြစ်များ ထုတ်ယူအသုံးပြုခြင်းတို့နှင့် ပတ်သက်ပြီး တင်းမာလျှက်ရှိကြသည်။ ထိုတင်းမာမှု ပိုမိုကြီးထွားမလာစေရေးအတွက် ဥရောပသမဂ္ဂနိုင်ငံများမှ သူတို့တတ်နိုင်သည့်ဖက်မှ ကြိုးစားလျှက်ရှိကြသည်။

 

 

ဘာသာပြန် - Bro.Patrick Aye Shine Aung

https://bit.ly/2YVziOt

Add new comment

5 + 1 =