Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မြန်မာအမျိုးသမီးငယ်အချိူ့ သက်မွေးဝမ်းကြောင်းပညာများသင်ယူရန်စိတ်အားထက်သန်နေဟုဆို
မြန်မာအမျိုးသမီးငယ်အချိူ့ သက်မွေးဝမ်းကြောင်းပညာများသင်ယူရန်စိတ်အားထက်သန်နေဟုဆို
မြန်မာအမျိုးသမီးငယ်များသည် ယခုကဲ့သို့ ကပ်ရောဂါဆိုးကြီးနှင့် နိုင်ငံရေးအရှုပ်တော်ပုံကြီး ဖြစ်ပွားနေချိန်၌ အချိန်လည်းဖြုန်းရာမရောက်စေရန် အချုပ်အလုပ်အတတ်ကိုသင်ယူလျက်ရှိပြီး စိန့်အလွိုင်ရှက်စစ္စတာရ်များမှ ကြီးမှူး၍ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဤသင်တန်းသို့တက်ရောက်မည့်သူများများစားစားရှိမည်ဟုပင်မထင်ခဲ့ကြောင်း၊ သင်တန်းဖွင့်ခါစ ၌ သင်တန်းသူ (၆) ဦးသာရှိကြောင်း ၊ သင်တန်းကို စိန့်အဲလစ်ဇဘက်သီလရှင်ကျောင်း၊ ကလေးသာသနာ၊ ကလေးမြိ့၌ (၂၀၂၁၊ စက်တင်ဘာ) လမှစတင်ခဲ့သည်ဟုဆိုသည်။ သင်တန်းကာလမှာ (၃) လဖြစ်ပြီး၊ သင်တန်းနေ့မှာ တနလ်ာနေ့မှသောကြာ နေ့အထိ တစ်ပတ်လျင် (၅) ရက်ဖြစ်သည်။ ယခုအခါ သင်တန်းသူ (၂၄) ဦးရှိပြီဖြစ်ကာ နောက်တန်းခွဲသစ်အတွက် စာရင်း ပေးသွင်းထားသူ (၁၃) ဦးပင်ရှိနေပြီဖြစ်သည်။ သင်တန်းသူများအား မိမိတို့၏သင်ကြားမှုများ၌ စိတ်အားထက်သန်စွာ အာရုံစူးနစ်၍သင်ကြားစေလိုကြောင်း ၊ စစ္စတာရ်များအနေဖြင့် သင်တန်းသူများအား သင်ပေးရုံသက်သက်မဟုတ်ပဲ တတ်သလောက် မှတ်သလောက်အစွမ်းအစများကို အိတ်သွန်ဖာမှောက်သင်ကြားပေးလေ့ရှိသည်ဟုဆိုသည်။
သင်တန်းသူများထဲ၌ ကျောင်းတက်လက်စကျောင်းသူများ၊ ဆရာမများ၊ အိမ်ထောင် သည်အမျိုးသမီးများပါ သည်။ သင်တန်းတက်ရောက်လိုသောဆန္ဒရှိပါက အသက်အရွယ်မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေးလက်ခံပေးကြောင်း၊ သင်တန်းကြေးဟူ၍လည်းသတ်မှတ်မထားကြောင်း, သင်တန်းကာလအတွင်း သီလရှင်ကျောင်း၌နေထိုင်သောသူများအား နေရာထိုင်ခင်းနှင့်ထမင်းလည်းကျွေးကြောင်း၊ ဤသို့သင်တန်းများကိုအခမဲ့သင်ကြားပေးခြင်းမှာ သာသနာလုပ်ငန်း၊ ကရုဏာရေးလုပ်ငန်းတစ်ခု အဖြစ်ခံယူလုပ်ဆောင်လျှက်ရှိကြောင်း အဘယ်ကြောင့်ဆိုသော် ဤသို့သောအသက် မွေး ၀မ်းကျောင်း အတတ်ကိုတတ်ထားခြင်းဖြင့် ရွာမှအမျိုးသမီးငယ်များ၏ ဘ၀ကိုမြင့်တင်ပေးလိုကာ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျကျန်နေကြရှာသူများရှိကြောင်း၊ ဤအသက်မွေး၀မ်းကျောင်းပညာကို သင်ကြားတတ် မြောက်ထားခြင်းဖြင့် ၄င်းတို့ဘ၀ ပိုမိုကောင်းမွန်လာမည် ဟုမျှော်လင့်ရပါကြောင်း
မြန်မာနိုင်ငံသားအတော်များများသည် ကိုးဗစ်ကပ်ရောဂါဆိုးကြောင့်တစ်ကြောင်း၊ နိုင်ငံရေးမတည်မ ငြိမ်မှုကြောင့်လည်းကောင်း အလုပ်လက်မဲ့ဖြစ်သွားကြရ သည်။ ယခုကဲ့သို့ခက်ခဲသောအချိန်ကာလ၌ လူငယ်များလမ်းမှားသွားမည်၊ စိတ်လေသွားမည်ကိုမလိုလားသည့်အတွက် ၄င်းတို့ အား ဆွဲခေါ်ထားနိုင်သည့်နည်းလမ်းများကိုရှာကြရခြင်းဖြစ်သည်။
သီလရှင်များအနေဖြင့် ၄င်းတို့၌လည်းအ ခက်အခဲရှိသည့်ကြားက ဖွင့်လစ်ပေးခြင်းဖြစ်ကြောင်း၊ သီလရှင်ကျောင်း၌ သင်ထောက်ကူပစ္စည်းများမရှိခြင်း၊ သာသနာအုပ်စု၏ တမန်တော်လုပ်ငန်းများ၌ လည်းပါ၀င်လုပ်ဆောင်နေခြင်းကဲ့သို့သော တစ်နေ့တာမအားလပ်သည့်အတွင်းမှ အချိန်ယူ၍ သင်ကြားပေးနေရခြင်းဖြစ်ကြောင်း၊ ယခုအခါ အမျိုးသမီးအချင်းချင်း အတတ်ပညာများကိုပြန် လည်လက်ဆင်ကမ်းသင်ကြားနေကြပြီဖြစ်ကာ စက်ချုပ် ရင်းဘ၀ကိုအသက်မွေးနေသော မအားနာ ဆိုသူသည် သူ၏သင်တန်း၌အသုံးပြုသော သင်ထောက်ကူပစ္စည်းများကို သီလရှင် တို့အားယူသုံးခွင့်ပြုထားသလို သူကိုယ်တိုင်လည်း အခကြေးငွေမယူဘဲ သင်တန်းဆက်လက် ပို့ချရာ၌ကူညီပေးလျှက်ရှိသည်။
သာသနာပိုင်ဆရာတော်ကြီး Bishop Felix Lian Khen Thang က သာသနာအုပ်စုများ၌ သာသနာပြုသည့်နည်း လမ်းသစ်များကိုထွင်လျှောက်ရန်အားပေးထားသည်ဟုဆိုသည်။ သီလရှင်အသင်းအနေဖြင့်လည်း ဒေသန္တရအသင်းမှလည်းကောင်း၊ အသင်း၏အကြီးဆုံးအကြီးအကဲထံမှလည်းကောင်း အကူအညီများရသောကြောင့်အလွန်ခံသာနေကြောင်း သီလရှင်များ အနေဖြင့် အခြေခံလူတန်းစားများအား ရေရှည်ရပ်တည်လုပ်ကိုင်စားသောက်နိုင်သော အသက်မွေးပညာများကိုသင်ကြားပေးလိုခြင်းဖြစ်ကာ ယခုဤသင်တန်းကိုလည်း အဘယ်မျှကြာအောင် ဖွင့်လှစ်နိုင်မည်ကို တိကျစွာမပြောနိုင်ကြောင်း သို့သော် လုပ် နိုင်သည့်အချိန်၊ လုပ်ခွင့်ရှိသည့်အချိန်ထိ ကိုးဗစ်နှင့်နိုင်ငံရေးကြောင့် အတားအဆီးများကြားဆက်လက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း
သင်တန်းသားများလည်း သင်တန်းပြီးဆုံးသွားသောအခါ တတ်ကျွမ်းသည့်ပညာဖြင့် ၀င်ငွေများရှာဖွေ၍ မိသားစု၏စား၀တ်နေရေးကြပ်တည်းမှုကို တစ်ဖက်တစ်လှမ်းမှကူညီနိုင်မည်ဟုလည်းမျှော်လင့်နေကြကာ ဤမျှော် လင့်ချက်သည် ၄င်းတို့၏စက်ချုပ်သင်တန်းတက်ရခြင်း၏အဓိက ရည်ရွယ်ချက်ဖြစ်လာသည်။ ဤစက်ချုပ်သင်တန်းသည် ပင်လျှင် အမှန်တကယ် သင်ကြားတတ်ကျွမ်းလိုသူများအတွက် သတင်းကောင်းဖြစ်ပါစေဟုလည်း မျှော်လင့်ပါကြောင်း တာ၀န်ခံဖွင့်လှစ်ထားသော စစ္စတာရ်က RVA အားရှင်းပြခဲ့သည်။
ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment