မြန်မာပြည်၌ဆွေးနွေးခြင်းရှိကြရန်နှင့် ပါရာဂွေး အကြမ်းဖက်မှုများအဆုံးသတ်ရန် ပုပ်ဖရန်စစ်တောင်းဆို

မြန်မာပြည်၌ဆွေးနွေးခြင်းရှိကြရန်နှင့် ပါရာဂွေး အကြမ်းဖက်မှုများအဆုံးသတ်ရန် ပုပ်ဖရန်စစ်တောင်းဆို

မြန်မာပြည်၌ဆွေးနွေးခြင်းရှိကြရန်နှင့် ပါရာဂွေး အကြမ်းဖက်မှုများအဆုံးသတ်ရန် ပုပ်ဖရန်စစ်တောင်းဆို

ဗုဒ္ဓဟူးနေ့ ဘုရားဖူးများနှင့် ပုံမှန် တွေ့ဆုံခြင်းအစီအစဉ်မှာပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က ဖေဖော်ဝါရီတွင်စစ်တပ်မှအာဏာသိမ်းယူခဲ့သော မြန်မာပြည်၌အကြမ်းဖက် ဖိနှိပ်မှုများ အဆုံးသတ်ရန်တောင်းဆိုပြီး သီလရှင်တပါး၏အပြုအမူ နှင့်ပါဝင်မှုအခန်းကဏ္ဍအား ပြန်လည်​​​ မြွက်ဆိုခဲ့ပါတယ်။

၎င်းတို့ တိုင်းပြည်အတွက် အထူးသဖြင့်လူငယ်များစွာဟာ အသက်ပေးနေကြတယ်။ ကျွန်ုပ်လည်းမြန်မာ့မြေပေါ်က လမ်းမထက်မှာဒူးထောက်ပြီး​ " အကြမ်းဖက်မှုတွေရပ်တန့်ပေးပါ" နောက်ပြီးကျွန်ုပ်လက်ကို ဆန့်တန်းပြီး "ဆွေးနွေးအဖြေရှာနိုင်ပါစေ" လို့ ပြောလိုပါတယ်။ သွေးမြေခခြင်းတွေဟာ ဘာကိုမှမဖြေရှင်းနိုင်ပါဘူး။ လို့အရှင်သူမြတ်ပုပ်ဖရန်စစ်က မြွက်ကြားခဲ့တာပါ။

ကာဒီနယ်ချားစ်ဘိုကလည်း မြန်မာ့စစ်တပ်ကို ပြည်သူများရဲ့ အသံကိုနားထောင်ဘို့ Youtube က ၎င်းရဲ့ Video သတင်းစကား မှာမြွက်ကြားတောင်းဆိုခဲ့ပါတယ်လို့ ဗာတီကန် သတင်းက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ပါရာဂွေး နိုင်ငံငြိမ်းချမ်းရေးနဲ့ ဆွေးနွေးညှိနှိုင်းရေးအတွက်ကိုလည်း အရှင်သူမြတ်က တောင်းဆိုခဲ့ပြီး ဆုတောင်းကောင်းကြီးပေးခဲ့ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of: WRIC

http://bit.ly/3qWp7Ez

Add new comment

9 + 2 =