မြန်မာပြည်အတွက် အီတလီ ကက်သလစ်သီလရှင်များဆုတောင်းပေး

မြန်မာပြည်အတွက် အီတလီ ကက်သလစ်သီလရှင်များဆုတောင်းပေး

မြန်မာပြည်အတွက် အီတလီ ကက်သလစ်သီလရှင်များဆုတောင်းပေး

မြန်မာ့အရေးဟာ အခုချိန်မှာနိုင်ငံတကာရဲ့အာရုံစိုက်မှုကိုခံရပြီး အဓမ္မ ကိုရှုံ့ချပြီး၊ ဓမ္မ ကိုသာ လိုလားသူများက မိမိတို့ နည်းဟန်များဖြင့် မြန်မာပြည် သူပြည်သားများနှင့် ရပ်တည်ကြောင်း အတူရှိနေကြောင်းများကို ပြသလျှက်ရှိနေကြသတာကို မကြာခဏဆိုသလို လူမှုကွန်ယက်မှာ မြင်တွေ့ကြပါတယ်။

ယခုအခါမှာတော့ အီတလီနိုင် ငံက ကက်သလစ်သီရှင်များရဲ့ ရပ်တည်ပေးမှုကို အီတလီရောက်မြန်မာ ကက်သလစ်မိသားစု MCII ရဲ့ ဖေ့စ်ဘုခ် ပိုစ့် တခု မှာအခုလိုရေးတင်ထားတာကို တွေ့ရပါတယ်။

မြန်မာပြည်ကြီးနဲ့ မြန်မာပြည်သူပြည်သားတွေကို အီတလီလူမျိုးတွေက အရမ်းချစ်ကြကြောင်း၊ မီလန်မြို့ကြီးမှာရှိတဲ့ ကက်သလစ်သီလရှင်တွေကလဲ မြန်မာပြည်သူပြည်သားများနှင့်အတူရှိကာ ၎င်းတို့အ တွက် ညနေတိုင်းဆုတောင်းမေတ္တာပြုခြင်း ၊ ပုတီးစိပ်ကာပူဇော်ပေးခြင်း၊ ဆည်းကပ်ဝတ်ပြုခြင်းတွေ၊ ပရိတ်မေတ္တာရွတ်ဖတ်ပူဇော်ခြင်းတွေအား

ဖြင့် စဉ်ဆက်မပြတ်ဆုတောင်း ပဌနာပြုပေးနေကြကာ မိမိတို့တတ်နိုင်တဲ့ ဘက်မှ ဝိုင်း၀န်းကူညီပံ့ပိုးပေးနေကြတယ်လို့ဆိုပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးနဲ့စစ်မှန်သောတရားမျှတမှုရရှိစေဘို့အတွက် ကိုလည်း မြန်မာပြည်ရှိ ကက်သလစ်သာသနာ အသီးသီးမှ သာသနာအလိုက်သော်၎င်း၊ အဖွဲ့ငယ်လေးများအလိုက်သော်၎င်း၊ သစ္စာသုံးပါးခံ သူတော်အသင်းအဖွဲ့ အလိုက်သော်၎င်း၊ စီရင်စုငယ်လေးများအားဖြင့်၎င်း အထူးဆုတောင်းခြင်းများပြုလုပ်ပေးနေကြကာ အထက်ပါဆုတောင်းပွဲတွင်မြန်မာ့မြေပုံ နှင့် RIP စာလုံးပေါ်တွင် ဖယောင်း တိုင်ထွန်း ၍တဖုံ၊ ကျဆုံးသွားသော အာဇာနည်များအတွက် လွမ်းသူပန်းခွေများ၊ ပန်းခြင်းများတို့ဖြင့် အသိအမှတ်ပြု အလေး ပြုခြင်းပုံစံတို့ဖြင့်၎င်း ပါဝင်ဆုတောင်းပေးလျှက်ရှိနေကြတာပါ။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကထဲက စစ်တပ်မှအာဏာ သိမ်းမှုအပြီး ယခုအချိန်ထိတိုင် ပြည်သူ ၇၀၀ ကျော် အ သက်ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Add new comment

9 + 5 =