မြန်မာပြည်အတွက် ရောမရှိမြန်မာကက်သလစ် မိသားစု နှင့်အတူ ပုပ်ဖရန်စစ်အထူးမစ္ဆားပူဇော်မည်

မြန်မာပြည်အတွက် ရောမရှိမြန်မာကက်သလစ် မိသားစု နှင့်အတူ ပုပ်ဖရန်စစ်အထူးမစ္ဆားပူဇော်မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ လာမယ့် မေလ ၁၆ ရက်နေ့မှာ ရောမမြို့တော်မှာရှိတဲ့ မြန်မာကက်သလစ် မိသားစု နဲ့အတူ အထူးမစ္ဆားပူဇော်ခြင်းကို ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

အရှင်သူမြတ်နဲ့အတူ မစ္ဆားပူဇော်ခွင့်ရရှိရန်အတွက် ယေဇူးအသင်းဂိုဏ်းမှ မြန်မာ ဘရာသာရ်တပါးဖြစ်ပြီး ရောမ ရောက် မြန်မာကက်သလစ် ရဟန်း၊ သီလရှင် များအဖွဲ့၏ ဒုဉက္ကဌ ဖြစ်သူ ဘရာသာရ် P. V. Joseph Buan Sing SJ မှ မြန်မာမိသားစု ကိုယ်စား စာရေးလျှောက်ထားခဲ့ရာမှ ယခု ကဲ့သို့ အခွင့်ထူး ကို ရရှိခဲ့တာဖြစ်ပါတယ်။

ဘရာသာရ်မှ လျှောက်ထားအပြီး ဒီနေ့ ဧပြီလ ၂၈ ရက်နေ့နံနက်မှာတော့ ဗာတီကန်မှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး သခင်ယေဇူး မိုးကောင်ကင်တက်သော ပွဲတော်နေ့ကြီး ဖြစ်တဲ့ မေလ ၁၆ ရက်နေ့ တနင်္ဂနွေ​နေ့ နံနက် ရောမစံတော်ချိန် ၁၀:၀၀ နာရီ မြန်မာစံတော်ချိန် နေ့လည် ၂:၃၀ နာရီ ၌ ဗာတီကန် အတွင်းရှိ စိန့်ပီတာ ဘာဆီးလီးကား ကျောင်းတော်ကြီးမှာ အရှင်သူမြတ်နဲ့ မစ္ဆားပူဇော်ခွင့် ရရှိပါကြောင်း သတင်းကောင်းကြားသိခဲ့တယ်လို့ဆိုပါတယ်။

"ဝမ်းနည်းကြေကွဲဖွယ် အခြေ အနေ နဲ့ ရင်ဆိုင်နေရတဲ့ မြန် မာပြည် အတွက် အရှင်သူမြတ်နဲ့ အတူ ဘုရားရှင်ရှေ့တော်မှောက် ဒူးထောက်လျှက် ဆုတောင်းလိုကြပါကြောင်း၊ ရောမမြို့တော်တွင် ပညာသင်ယူနေကြသော မြန်မာကက်သ လစ် ရဟန်းသီလရှင် အပါး ၅၀ နှင့် ဗုဒ္ဓဘာသာ အပါအဝင် ရောမမှာ အလုပ်လုပ်နေကြ

သည့် မြန်မာများ စသဖြင့် စုစုပေါင်း အယောက် ၁၀၀ လောက်ရှိနေသည့်အတွက် ယခုကဲ့သို့ အရှင်သူမြတ်နှင့်အတူ တကွ မစ္ဆားပူဇော်ရရှိနိုင်မည်ဆိုပါလျှင် ၀မ်းနည်းမှုများကြားက နှစ်သိမ့်ခြင်းကိုခံစားနိုင်ကြမှာဖြစ်ပါကြောင်း၊ အ ကယ်၍ အခွင့်ရရှိပါက မစ္ဆားပူဇော်ခြင်းအတွင်း ပြုရမည့် ကဏ္ဍ အသီးသီးကိုလည်း တာဝန်ယူပါကြောင်း နှင့် အရှင်သူမြတ် ပေးသနားလာ မည့် မည်သည့်နေ့ရက် မှာမဆို သားသမီးတို့ အသင့်ရှိကြပါကြောင်း စသဖြင့် ရေးသားကာ လျှောက်ထားခဲ့တာဖြစ်တယ်" လို့ လျှောက်ထားသူ ဘရာသာရ် မှ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၂၅ ရက်၊ တနင်္ဂနွေနေ့မှာလည်း ရောမမြို့ စိန့်ပီတာရင်ပြင်တော်မှာ ပုပ်ဖရန်စစ်နှင့် အန်ဂျေလူမေတ္တာ အတူ ရွတ်ဆိုရန် လာရောက်ကြတဲ့ ဘုရားဖူး လူထုပရိတ်သတ်ကြားမှာ မြန်မာ ကက်သလစ် ဘုန်းတော်ကြီးများ၊ သီလရှင်များဟာ "Pray For Myanmar, Grazie" "မြန်မာပြည်အတွက်ဆုတောင်းပေးပါ။ ကျေးဇူး တင်ပါတယ်" ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ပြီး တက်ရောက်ခဲ့ကြပါသေးတယ်ရှင်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: MCII FB page

Add new comment

7 + 3 =