မြန်မာပြည်အတွက်ဆုတောင်းအားပေးနေသူများ

မြန်မာပြည်အတွက်ဆုတောင်းအားပေးနေသူများ

မြန်မာနိုင်ငံ ပြည်သူတွေအတွက် ကမ္ဘာ့နိုင်ငံပေါင်းစုံက ဘာသာတရား အမျိုးမျိုးကိုးကွယ် ယုံကြည်သူများ၊ ဒီမိုကရေစီနဲ့ တရားမျှတမှုကို ချစ်မြတ်နိုးသူများ ကနေ ဝိုင်းဝန်းဆုတောင်း ပေးနေ ကြပါတယ်။

 

အခုတော့ အာရှနိုင်ငံတွေ ဖြစ်တဲ့ တောင်ကိုရီးယား၊ သီရိလင်္ကာနဲ့ ဖိလိပိုင်နိုင်ငံတွေက မြန်မာပြည်အတွက်ဆုတောင်း နေကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ၊ ရဟန်းတော်တွေ ဆုတောင်းတဲ့ သတင်းထဲမှာ...

တောင်ကိုရီးယားနိုင်ငံမှာ ဂျိုဂဲဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေပါ မြန်မာနိုင်ငံ ပြည်သူတွေနဲ့ အတူရှိကြောင်း ပြသပြီး မြန်မာပြည်အတွက် ဝိုင်းဝန်းဆုတောင်း ပေးနေကြပါတယ်။ မြန်မာပြည်အတွက် ထိခြင်းငါးပါးဘုရားရှိခိုးနည်းနဲ့ တောင်ကိုရီးယားရဲ့ မြန်မာသံရုံးရှေ့

ကနေ UN ရုံးရှေ့အထိကို သွားပြီး မြန်မာပြည်အတွက် ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

 

သီရိလင်္ကာနိုင်ငံသား ရဟန်းတော်တွေနဲ့ ပြည်သူတချို့စုပေါင်းကာ မြန်မာစစ်အာဏာ သိမ်းအုပ်စုကို ဆန့်ကျင်ဆန္ဒပြပြီး ဖမ်းဆီးးထားသူတွေကို အမြန်ပြန်လွှတ်ပေးဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို သတ်ဖြတ်တာ ချက်ချင်းရပ်ဖို့ မေတ္တာရပ်ခံ ခဲ့ကြတယ်လို့ သိရပါတယ်။

 

ဖိလိပိုင်နိုင်ငံမှာလည်း ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား တချို့နဲ့ မနီလာမြို့ International Baptist Church of Manila မှာ ခရစ်ယာန်ပေါင်းစုံ စုရုံးပြီး မြန်မာနိုင်ငံအတွက် (Worship and Prayer for Myanmar) အထူးဆုတောင်း ပေးခဲ့ကြပါတယ်။

 

တောင်ကိုရီးယားနိုင်ငံမှာ ခရစ်ယာန် အဖွဲ့အစည်းတွေ အကုန်လုံး စုပေါင်းပြီး မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် နေ့တိုင်းသီးသန့် ဆုတောင်းပေးဖို့ စီစဥ်နေကြ​တယ်လို့ သိရပါတယ်။

*ဆုတောင်းအားနဲ့ မကောင်းမှုကို အောင်နိုင်ကြပါစို့။

*God Bless Myanmar

#PrayForMyanmar

#SaveMyanmarDemocracy

Photos Credit,

 

 

တောင်ကိုရီးယားနိုင်ငံမှာ ဂျိုဂဲဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေပါ မြန်မာနိုင်ငံ ပြည်သူတွေနဲ့ အတူရှိကြောင်း ပြသပြီး မြန်မာပြည်အတွက် ဝိုင်းဝန်းဆုတောင်း ပေးနေကြပါတယ်။ မြန်မာပြည်အတွက် ထိခြင်းငါးပါးဘုရားရှိခိုးနည်းနဲ့ တောင်ကိုရီးယားရဲ့ မြန်မာသံရုံးရှေ့

ကနေ UN ရုံးရှေ့အထိကို သွားပြီး မြန်မာပြည်အတွက် ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

သီရိလင်္ကာနိုင်ငံသား ရဟန်းတော်တွေနဲ့ ပြည်သူတချို့စုပေါင်းကာ မြန်မာစစ်အာဏာ သိမ်းအုပ်စုကို ဆန့်ကျင်ဆန္ဒပြပြီး ဖမ်းဆီးးထားသူတွေကို အမြန်ပြန်လွှတ်ပေးဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို သတ်ဖြတ်တာ ချက်ချင်းရပ်ဖို့ မေတ္တာရပ်ခံ ခဲ့ကြတယ်လို့ သိရပါတယ်။

ဖိလိပိုင်နိုင်ငံမှာလည်း ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား တချို့နဲ့ မနီလာမြို့ International Baptist Church of Manila မှာ ခရစ်ယာန်ပေါင်းစုံ စုရုံးပြီး မြန်မာနိုင်ငံအတွက် (Worship and Prayer for Myanmar) အထူးဆုတောင်း ပေးခဲ့ကြပါတယ်။

Add new comment

1 + 0 =