မြန်မာပြည်အတွက်ဆုတောင်းပေးကြရန် ဗာတီကန်ရင်ပြင်တော်၌ပုပ်ဖရန်စစ်တောင်းဆို

မြန်မာပြည်အတွက်ဆုတောင်းပေးကြရန် ဗာတီကန်ရင်ပြင်တော်၌ပုပ်ဖရန်စစ်တောင်းဆို

မြန်မာပြည်အတွက်ဆုတောင်းပေးကြရန် ဗာတီကန်ရင်ပြင်တော်၌ပုပ်ဖရန်စစ်တောင်းဆို

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ အပတ်စဉ်တနင်္ဂနွေနေ့ ဗာတီကန်အ တွင်းက စိန့်ပီတာရင်ပြင်တော်မှာ ဘုရားဖူးလူထုပရိတ်သတ်နဲ့ အတူနေ့လည် အန်ဂျေလူးမေတ္တာရွတ်ဆိုဆုတောင်းလေ့ရှိပြီး ဒီနေ့ နေ့လည်ဆုတောင်းခြင်းမှာတော့ အရှင်သူမြတ်က မြန်မာပြည်အတွက်အထူးဆုတောင်းပေးဘို့ ရင်ပြင်တော်အထက် ပြတင်းဝကနေ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မယ်တော့်ကို သဒ္ဒါကြည်ညိုခြင်းပြုသည့် မေလကို စတင်ပြီဖြစ်ကာ မာရသွန် အထူးဆုတောင်းခြင်း ရည်ရွယ်ထားတဲ့ ဒီလကို မြန်မာပြည်ငြိမ်းချမ်းခြင်းနဲ့ ပြည်လည်ကျေအေးခြင်းရှိရန်အတွက်ဆုတောင်းပေးကြဘို့ ဘုရားဖူးများနဲ့ ကမ္ဘာတဝှမ်းကိုတောင်းဆိုလိုက်တာပါ။

ကိုဗစ်ပပျောက်ရေးအတွက်လည်းဆုတောင်းရင်း အထူးသဖြင့် ၎င်း၏နှလုံးသားထဲ၌ နီးကပ်လျှက်ရှိသော မြန်မာအတွက် နေ့စဉ်စိတ်ပုတီးစိတ်ဆုတောင်းရာမှာ သတိယဆု တောင်းပေကြဘို့ဘာသာဝင်များကို နှိုးဆော်ထားတာဖြစ်ပါတယ်။

အရှင်သူမြတ်ဟာ ယခုလို ပရိတ်သတ်ကြားမှာ အထူးကြေငြာပြီး မြန်မာပြည်အ တွက်ဆုတောင်းပေးတာဟာ ဆိုရင် ကျနော် သိသလောက် ၆ ကြိမ်ရှိနေပြီလို့လည်း ရောမ ရောက် ယေဇူးအသင်းဂိုဏ်းမှ ဘရာသာရ် ဂျိုးဇက် မှပြောကြားခဲ့ပါတယ်။ အရှင်သူမြတ်ဟာ လာမယ့် မေလ ၁၆ ရက်နေ့မှာလည်း ရောမရောက် မြန်မာများနဲ့ မြန်မာပြည်အတွက် အထူးဆုတောင်းခြင်း မစ္ဆားပူဇော်ပေးဘို့ အစီအစဉ် တခု ကြိုတင်အချိန်ပေးထားပါသေးတယ်ရှင်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: BBC / Google images

https://bit.ly/3nDDM7x

Add new comment

13 + 0 =