မြန်မာပြည်သူများနှင့်စစ်ရှောင်ပြည်သူများအားအပြောကျယ်သောနှလုံးလွယ်၍ကူညီပေးကြပါရန် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများနှင့်အတူရဟန်းမင်းကြီး ဖရန်စစ်အလေးထားပန်ကြား
မြန်မာပြည်သူများနှင့်စစ်ရှောင်ပြည်သူများအားအပြောကျယ်သောနှလုံးလွယ်၍ကူညီပေးကြပါရန် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများနှင့်အတူရဟန်းမင်းကြီး ဖရန်စစ်အလေးထားပန်ကြား
ရဟန်းမင်းကြီးသည် ယမန်နေ့ ‘အန်ဂျေလူး’ မွန်းတည့်ဆုတောင်းခြင်းအပြီး၌ ‘မြန်မာပြည်သူများနှင့်စစ်ရှောင် ပြည်သူများအားအပြောကျယ်သောနှလုံးလွယ်၍ကူညီပေးကြရန်’ မြန်မာကက်သလစ်ဆရာတော်ကြီးများနှင့်အတူ အလေးထားပန်ကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထောင်နှင့်ချီသောစစ်ရှောင်ပြည်သူများ နေရပ်စွန့်၍ထွက် ပြေးနေရပြီး၊ အခြေခံစားသောက်ကုန်များလည်းပြတ်လတ်သောကြောင့်ငတ်ပြတ်နေမှုများနှင့်ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကလည်း နှစ်စဉ်ပုံမှန်အစည်းအဝေးအပြီး၌ စစ်ဒဏ်သင့်ပြည်သူ များ၊ စစ်ရှောင်ပြည်သူများအတွက် လူသားချင်းစာနာသောအကူအညီများရရှိရန် ပန်ကြားထားသည်။ ဘာသာရေးအ ဆောက်အဦးများဖြစ်သော ဘုရားကျောင်းများ၊ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဗလီများ၊ စာသင်ကျောင်း၊ ဆေး ရုံများကို ‘စစ်ရှောင်ပြည်သူများ ခိုလုံနေရသောကြောင့် ငြိမ်းချမ်းရေးဇုံ (အဖြူရောင်နယ်မြေ)’ အဖြစ်လေးစားပေးကြရန် လည်းတောင်းဆိုထားသည်။
ရဟန်းမင်းကြီးက ‘ယေဇူးရွှေနှလုံးတော်သည် လူတိုင်း၏စိတ်နှလုံးကိုတို့ထိ၍ မြန်မာနိုင်ငံအားငြိမ်းချမ်းရေးအ မြန်ဆုံးယူဆောင်ပေးပါစေ။ ယနေ့သည် အပြည်ပြည်ဆိုင်ရာဒုက္ခသည်များနှင့်ရွေ့ပြောင်းများ၏နေ့ဖြစ်ကြောင်း၊ ဤနေ့ အတွက် ယခုနှစ်၏ဆောင်ပုဒ်မှာ ‘အတူတကွကုသစို့။ သင်ယူစို့။ ထွန်းလင်းစို့’ ဖြစ်ကြောင်း၊ ဒုက္ခသည်များအား အပြော ကျယ်သောနှလုံးသားလွယ်၍ ၄င်းတို့၏ပျော်ရွှင်ခြင်း၊ ထိခိုက်နာကျင်ခံစားရခြင်းများကိုဝေမျှကြရန်၊ ထိုသို့သောအခက် အခဲများကြား၌သတ္တိရှိရှိဖြင့်အချင်းချင်းကိုလေးစားတတ်သော လူမှူမိသားစုကြီးတစ်ခုကိုတည်ဆောက်ရန် မျှော်လင့်သည့်စိတ်ဓာတ်ကိုသင်ယူကြစို့’ ဟုတိုက်တွန်းနိုးဆော်ခဲ့သည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of the original owner
Add new comment