မြန်မာပြည်ရှိစစ်ဘေးဒုက္ခသည်များအတွက် ကူညီးထောက်ပံ့ကြရန် ပုပ်ဖရန်စစ် မေတ္တာရပ်ခံတိုက်တွန်း

မြန်မာပြည်ရှိစစ်ဘေးဒုက္ခသည်များအတွက် ကူညီးထောက်ပံ့ကြရန် ပုပ်ဖရန်စစ် မေတ္တာရပ်ခံတိုက်တွန်း

မြန်မာပြည်ရှိစစ်ဘေးဒုက္ခသည်များအတွက် ကူညီးထောက်ပံ့ကြရန် ပုပ်ဖရန်စစ် မေတ္တာရပ်ခံတိုက်တွန်း

                      တနင်္ဂနွေနေ့အန်ဂျေလူးမေတ္တာဆိုအပြီး သြဝါဒတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်  မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များအတွက် အထောက်အပံ့များကို လမ်းဖွင့်ပေးရန်နှင့် ဘာသာရေးဝတ်ပြုရာနေရာများကိုလေးစားကြရန် မေတ္တာရပ်ခံတော်မူခဲ့သည်။အရှင်သူမြတ်သည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သော မေတ္တာရပ်ခံစာကို ရည်ညွှန်း၍ထပ်လောင်းမိန့်ကြားခဲ့ခြင်းဖြစ်သည်။

                မြန်မာစစ်တပ်က တရားဝင်အစိုးရထံမှ အာဏာကိုသိမ်းယူပြီးနောက် မြန်မာနိုင်ငံသားတို့ အာဏာသိမ်းမှုအောက်တွင် နေထိုင်ရသည်မှာ လေးလကြာမြင့်ခဲ့ပြီဖြစ်သည်။ "သခင်ယေဇူး၏ရွှေနှလုံးတော်သည် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသောသူများကို ထိတွေ့နေသည်"ဟုလည်း မိန့်ကြားခဲ့သည်။

               ပြီးခဲ့သည့် မေလအတွင်းတွင် ပုပ်ရဟန်းမကြီးသည် မြန်မာပြည်အတွက် မစ္ဆားတရားပူဇော်ခဲ့ပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းပြသခဲ့သည့်အပြင် စိတ်ဝမ်းမကွဲပဲ သွေးစည်းညီညွှတ်ကြရန် မိန့်မှာခဲ့သည်။
             ထို့အပြင် အရှင်သူမြတ်က "နိုင်ငံရေးပြဿနာများသည် ကြီးမားလွန်းလှသော်လည်း ငြိမ်းချမ်းရေးသည် အငယ်ဆုံးသော ကျွန်ုပ်တို့တစ်ဦးချင်းစီမှလာကြောင်း၊လူတိုင်းသည် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နိုင်ကြောင်း"မီးမောင်းထိုးပြတော်မူခဲ့သည်။
          ထိုနေ့သည် ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်ရာ ပုပ်ဖရန်စစ်က "နှလုံးသားများကို ဖွင့်ထားပြီး ဒုက္ခသည်များအား စာနာပေးကြရန်"တိုက်တွန်းခဲ့သည်။ ထို့နောက် ဘုရားဖူးရန်အတွက် ပိုလန်၊ပီရူးနိုင်ငံများမှပင် လာရောက်ကြသော ဘုရားဖူးပရိသတ်များကို နှုတ်ဆက်တော်မူခဲ့သည်။

 

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of Jakarta Globe/Google images

https://bit.ly/3qhuq2n

Add new comment

5 + 0 =