မြန်မာပြည်မှ ပထမဆုံး ဇိုမီး ဂျေဆွဇ် ကိုရင်၂ပါး ဉီးပဉ္ဇင်းကြီး သိက္ခာခံယူတော့မည်

မြန်မာပြည်မှ ပထမဆုံး ဇိုမီး ဂျေဆွဇ် ကိုရင်၂ပါး ဉီးပဉ္ဇင်းကြီး သိက္ခာခံယူတော့မည်

မြန်မာပြည်မှ ပထမဆုံး ဇိုမီး ဂျေဆွဇ် ကိုရင်၂ပါး ဉီးပဉ္ဇင်းကြီး သိက္ခာခံယူတော့မည်

ကလေးဂိုဏ်းအုပ်သာသနာ မှ ဖြစ်ပြီး ပထမဆုံး ဇိုမီး ဂျေဆွဇ် ကိုရင် ၂ ပါးဖြစ်ကြတဲ့ ကိုရင် ဂျွန်ဘော့စကို ဒိမ်ခေါလ်ထန် နဲ့ ကိုရင် ဆီမွန် ခမ်ရှမ်းမွမ် တို့ဟာ မကြာမှီ မှာ ဉီးပဉ္ဇင်းကြီးသိက္ခာတော် ကို ဖိလစ်ပိုင်နိုင်ငံမှာခံယူကြတော့မှာဖြစ်ပါတယ်။

၎င်းတို့နဲ့အတူ ကိုရီးယားမှ ၄ ပါး၊ ဗီယက်နမ်မှ ၃ ပါး၊ အာဖရိကတိုက် မှ ၃ ပါး၊ ထိုင်းနိုင်ငံမှ ၁ ပါး၊ အရှေ့တီမော မှ ၁ ပါး၊ ဖိလစ်ပိုင်မှ ၃ ပါး၊ စုစုပေါင်း ၁၈ ပါး ဟာ အတူတကွ ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီး ဂျေဆွဇ် တက္ကသိုလ် ကျောင်းတော်ကြီးဖြစ်တဲ့ Ateneo De Manila University ကျောင်းပရဝုဏ် အတွင်းက Gesu ဘုရားကျောင်းတော်ကြီးမှာ အောက်တိုဘာ ၁၆ ရက် လာမယ့် စနေနေ့ ၊ မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ၊ ဖိလစ်ပိုင် စံတော်ချိန် နံနက် ၈:၃၀ နာရီမှာ သိက္ခာခံယူကြမှာပါ။

ရဟန်းဘဝနဲ့ ဘုရားရှင်နဲ့သာသနာတော်ကြီး အားဆက်ကပ်ရန်အတွက် နှစ်ပေါင်း (၁၀-၁၅) နှစ် အားထုတ်ကြိုးစားပြင်ဆင်လာခဲ့ကြပြီးသိက္ခာခံယူကြတော့မည့် နိုင်ငံအသီးသီးမှ ဂျေဆွဇ် ဉီးပဉ္ဇင်းလောင်းများအတွက်ဆုတောင်းပေးကြရင်း အယောက်စီတိုင်းရဲ့ ခေါ်တော်မူခြင်းအတွက် ဘုရားရှင်အားကျေးဇူးတင်ကြပါစို့။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
 

Add new comment

2 + 2 =