Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မြန်မာပြည်ကက်သလစ်သာသနာတော်ကြီးသည်လည်း ကိုးဗစ်ကူးစက်မူလျော့နည်းပပျောက်စေရန်ကြိုးစား
မြန်မာပြည်ကက်သလစ်သာသနာတော်ကြီးသည်လည်း ကိုးဗစ်ကူးစက်မူလျော့နည်းပပျောက်စေရန်ကြိုးစား
ဖေဖော်၀ါရီ (၁) ရက်နေ့မှစ၍ မြန်မာနိုင်ငံသည် လက်နက်ကိုင်၍အာဏာလုသွားသောစစ်တပ်နှင့်ပြည်သူများ ကြားရာသက်မအေးစရာအခြေအနေများနှင့်ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းနေရသည်။ ကက်သလစ်သာသနာတော်သည် အ ဆိုပါအခြေအနေ၌ နိုင်ငံအတွင်းဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ပြည်သူတို့၏ အသက်ပင်ဆုံးရှုံးနေရသော ဆိုး၀ါး ပြင်းထန်စွာဖြစ်ပွားနေသောကိုးဗစ်ကပ်ရောဂါဆိုးကြီးအားထိန်းချုပ်နိုင်ရန်လုပ်ဆောင်လျှက်ရှိသည်။
‘အားကြီးသော မုန်တိုင်းတစ်ခု’
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကုလမှမြန်မာနိုင်ငံ၏ဆိုး၀ါးလှသောကိုးဗစ်ကူးစက်ပျံ့နှံ့နေမူနှင့်ပတ်သက်၍ ‘မုန်တိုင်း’ တစ်ခုအဖြစ်တင်စားပြီး၊ နိုင်ငံတကာ၏၀င်ရောက်ကူညီမူအရေးတကြီးလိုအပ်နေသည့်အကြောင်း၊ မြန်မာနိုင်ငံ၏လက်ရှိ အခြေအနေကိုအချိန်မှီထိန်းချုပ်နိုင်မူမရှိပါက အရှေ့တောင်အာရှ၌ ကိုးဗစ်ကူးစက်ပျံ့ပွားမူ ယခုထက်ဆိုး၀ါးသွားနိုင် ကြောင်းပန်ကြားခဲ့သည်။ ကိုးဗစ်ကပ်ရောဂါ၏ပေါက်ကွဲမူအရှိန်သည် မြန်မာနိုင်ငံ၏ကျန်းမာရေးကဏ္ဍကိုပျိုလဲသွားစေ ခဲ့သည်။ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီနှင့်ပတ်သက်သော မည်သည့်လုပ်ဆောင်မူကိုမျှအယုံအကြည်မရှိတော့ ပေ။ ဤအခြေအနေများသည် အမှန်တကယ်စိန်ခေါ်ချက်ဖြစ်ပြီး၊ နိုင်ငံတကာ၏ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မူ ကိုမပေးနိုင်ပါက မြန်မာပြည်သူများ၏အသက်ပေါင်းများစွာကိုဆုံးရှုံးသွားစေနိုင်သည်ဟုကုလတာ၀န်ရှိသူတစ်ဦးက ပြောခဲ့သည်။ သူကဆက်လက်၍ စစ်ကောင်စီ၌ လူသားအရင်းအမြစ်များ၊ တတ်ကျွမ်းပညာရှင်များနှင့်လက်ရှိအခြေအ နေကိုတရား၀င်အောင်ကိုင်တွယ်ထိန်းချုပ်နိုင်ရန်လိုအပ်နေသည်။ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကိုးဗစ်ကပ်ဆိုး ကြီးကိုကိုင်တွယ်ရန်မှာ စစ်ဖက်၊ နိုင်ငံရေးနှင့်မနွယ်သော အရပ်ဖက်အဖွဲ့အစည်းနှင့်ချိပ်ဆက်ကိုင်တွယ်ဖြေရှင်းရန်လိုအပ် ကြောင်း၊ ကိုင်တွယ်ဖြေရှင်းရာ၌ မြန်မာပြည်သူများယုံကြည်စိတ်ချသော ကာကွယ်ဆေးများထိုးနှံမူအစီအစဉ်လည်းပါ ၀င်သင့်ကြောင်း၊ ထည့်သွင်းပြောကြားထားသည်။
ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာ
ကလေးကက်သလစ် ဂိုဏ်းအုပ်သာသနာအနေဖြင့် လတ်တလော၌ အရေးပေါ်ကျန်းမာရေးအခြေအနေကိုကိုင် တွယ်ရန် ကော်မတီကိုဖွဲ့စည်းထားသည်။ ထိုကော်မတီသည် အောက်စီဂျင်ဗူးများ၊ ဆေး၀ါးအကူအညီများ၊ ကာကွယ် နိုင်သည့်နည်းလမ်းများအတတ်နိုင်ဆုံးကူညီပေးလျှက်ရှိသည်။ ဆေးခန်းတစ်ခုကိုလည်းဖွင့်လှစ်ထားပြီး ကိုးဗစ်ပိုးစစ် ဆေးခြင်းနှင့်အခြားရောဂါများကိုစစ်ဆေးပေးခြင်းကိုလည်းပြုလုပ်ပေးလျှက်ရှိသည်။ ကလေးသာသနာအတွင်း၌ စစ် ကိုင်းတိုင်းအချို့နှင့်ချင်းပြည်နယ်မြောက်ပိုင်းအထိကျယ်၀န်းပြီး၊ အိန္ဒိယနှင့်လည်းနယ်နိမိတ်ချင်းထိစပ်နေသည်။ ကိုးဗစ် တတိယလှိုင်းသည် မြန်မာနိုင်ငံ၏ လမ်းပမ်းဆက်သွယ်ရေးအလွန်ခက်ခဲသောဒေသ၌ မေလမှစတင်ဖြစ်ပွားနေခဲ့သည်။
အောက်စီဂျင်ပြတ်လပ်မူဒုက္ခ
ကလေးသာသနာ၊ စိန့်မေရီ၊ ကလေးသာသနာအုပ်စု၏ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် Dominic Savio Thang Suan Langh က လက်ရှိအခြေအနေသည် အလွန်စိုးရိမ်ရသောအခြေအနေဖြစ်ပြီး၊ ကိုးဗစ်ပိုးကူးလူနာများအတွက် အောက်စီဂျင်လိုအပ်မူမှာလည်းအလွန်မြင့်တက်နေကြောင်း၊ ထို့အတူ လုံလောက်သောကျန်းမာရေးစောင့်ရှောက်မူစနစ် လည်းမရှိဖြစ်နေကြောင်း၊ အောက်စီဂျင်ရရန် လူနာ၏မိသားစု၀င်များသည် နံနက်စောစောစီးစီးစွာလာရောက်တန်းစီ စောင့်ဆိုင်းနေရကြောင်း၊ စေတနာရှင်များ၏လှူဒါန်းပေးမူများရှိနေသော်လည်းမလောက်ဌကြောင်း၊ ထို့အတူ ပြည်သူတို့ သည် ရောဂါကိုလည်းကြောက်ရ၊ ရောဂါကူးစက်ခံနေရသောမိသားရှိက ၄င်းတို့ကိုလည်းပြုစုစောင့်ရှောက်ရသကဲ့သို့ မိ သားစု၏စား၀တ်နေရေးကိုလည်းပူပန်ရကြောင်း၊ အောက်စီဂျင်လိုအပ်ချက်ကို ငွေကြေးမတတ်နိုင်သူများရှိသကဲ့သို့ ငွေကြေးအတန်အသင့်တတ်နိုင်သူများလည်း ၀ယ်မရ၍ဘာမျှမတတ်နိုင်ကြဘဲ အသက်ဆုံးရှုံးနေကြရသည်ဟု UCA သ တင်းဌာနသို့ဖြေကြားခဲ့သည်။ သာသနာ၏လူငယ်ကော်မရှင်က ရန်ကုန်မှမှာယူ၍ အောက်စီဂျင်အလိုအပ်သူများကိုဌားပေးလျှက်ရှိသည်။ သို့သော်ရန်ကုန်နှင့်မန္တလေးတို့၌လည်း စျေးကွက်လိုအပ်မူမြင့်မားလာသောအခါ မလောက်မဌဖြစ်လာ ပြန်သည်။ ကက်သလစ်လူငယ်များလည်း ကိုးဗစ်ကြောင့်အသက်ဆုံးရှုံးသွားသောသူတို့၏နာရေးကိစ္စများ၌လည်း ပါ၀င် လုပ်အားပေးနေကြရသည်။
ရောဂါကြောင့်သေဆုံးသွားသူများအစာရင်း
ကလေးသာသနာအတွင်း ကက်သလစ်ဘုန်းတော်ကြီး (၃) ပါးသည် ကိုးဗစ်ကြောင့်ပျံလွန်သွားခဲ့ပြီး၊ (၆) ပါးမှာပိုး ကူးစက်ခံစားနေရသည်။ ဘုန်းတော်ကြီးတစ်ပါးနှင့်သီလရှင်တစ်ပါးသည် လက်ရှိ၌အောက်စီဂျင်နှင့်နေနေရသည်။ ဇန္န ၀ါရီလမှဇူလိုင်ပထမပတ်အထိ ကလေးမြို့နယ်အတွင်း ကိုးဗစ်ဖြင့်ကွယ်လွန်သွားခဲ့ကြသော ခရစ်ယာန်ပေါင်းစုံမှ ဓမ္မ အမူတော် (၆၀) ဦးရှိပြီး၊ ၄င်းတို့အနက်အဆိုပါ ဘုန်းတော်ကြီး (၃) လည်းပါးပါသည်။ ကိုးဗစ်ဖြင့်ကွယ်လွန်ခဲ့သော ခရစ် ယာန်ပေါင်းစုံမှဦးရေမှာ (၃၀၀) ခန့်ရှိပြီး၊ ကက်သလစ်ဘာသာ၀င် (၁၄) ဦးခန့်ရှိကြောင်းကက်သလစ်အရင်းအမြစ်မှသိရ ပါသည်။
လက်ရှိ၌ စစ်ကောင်စီတပ်များလည်း ၄င်းတို့၏အာဏာသိမ်းမူနှင့်လူမဆန်သောခြိမ်းခြောက်၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မူကိုလက်မခံသောပြည်သူများက ရရာလက်နက်ဖြင့်ကာကွယ်သည်ကို လက်တုန့်ပြန်သည့်အနေဖြင့် ကချင်၊ ချင်း၊ ကရင်နှင့်ကယားပြည်နယ်တို့တွင်ပြည်တွင်းစစ်မီးများတောက်လောင်လျှက်ရှိသည်။ ထိုဖော်ပြပါဒေသများ၌မှီသင်း နေထိုင်ကြသူအများစုသည် ခရစ်ယာန်များဖြစ်ကြသည်။ ဘုရားကျောင်းများ၊ ဘာသာရေးအဆောက်အဦးများ၌ ထောင် နှင့်သောင်းနှင့်ချီသောစစ်ရှောင်များသည် ခိုနေကြသောနေရာသို့ စစ်ကောင်စီတပ်များသည် လူမဆန်စွာဖြင့်လက် နက် ကြီးများဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့၊ ဖျက်ဆီးခဲ့ကြသည်။
ကျန်းမာရေးစနစ်ကြီးပျိုလဲခြင်း
စစ်ကောင်စီကအာဏာမသိမ်းမီကပင် ကိုးဗစ်ကပ်ရောဧါဆိုးနှင့်စပ်လျင်း၍ မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် သည် ယှက်ကန်ယှက်ကန်သွားနေခဲ့ရသည်။ ထိုသို့ဖြစ်နေချိန်၌ စစ်တပ်မှအာဏာသိမ်းလိုက်ရာ ကျန်းမာရေးစောင့် ရှောက်မူစနစ်ကြီးသည် ငါးပါးမှောက်သွားခဲ့ရပြီ။ အဘယ်ကြောင့်ဆိုသော် ပြည်သူများအပေါ် စစ်အာဏာရှင်တို့၏ လူမ ဆန်သောဖိနှိပ်သတ်ဖြတ်မူနှင့်အစွန်းရောက်လုပ်ရပ်များကြောင့်ဖြစ်သည်။ ထောင်ချီသောဆရာ၀န်များ၊ စေတနာ့၀န် ထမ်းများ၊ ပြည်သူ့၀န်ထမ်းများသည် မတရားအကြမ်းဖက်၍ အာဏာသိမ်းလိုက်သော စစ်ကောင်စီကိုလက်မခံလိုသော ကြောင့် CDM လှုပ်ရှားမူ၌ပါ၀င်ခဲ့ကြသည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၏အပြောရေးဆိုခွင့်ရှိသူ သူကိုယ်တိုင်လည်း ဆေးဒေါက်တာတစ်ဦးဖြစ်သော ဒေါက်တာဆာဆာကပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသားများဆိုင်ရာအဖွဲ့အစည်း ၊ ထိုင်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးကာကွယ် မြှင့်တင်သောအဖွဲ့အစည်းများမှကောက်ယူမှတ်တမ်းပြုစုထားသည့်စာရင်းအရ ပြည်သူ (၉၁၁) ဦးရက်စက်ယုတ်မာစွာ နှိပ်စက်သတ်ဖြတ်ခံထားရပြီး၊ (၅၂၅၇) ဦးသည် ထိန်းသိမ်းခံထားရဆဲရှိကြောင်း ဗုဒ္ဓဟူးနေ့ကသတင်းပေးပို့ထားသည်။ ထိုနေ့၌ပင် စစ်ကောင်စီ၏ကြပ်မတ်မူအောက်၌ ရှိသော ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ကိုးဗစ်လူနာနှင့်အသေ အပျောက်စာရင်အရ ကိုးဗစ်ပိုးတွေ့လူနာ (၄၀၄၇) ဦး၌ပိုးတွေ့ပြီး၊ ပိုးဖြင့် (၁၀၉) ဦးသေဆုံးခဲ့ကြောင်း၊ ထို့ကြောင့် လက် ရှိ၌ ပိုးကူးစက်လူနာပေါင်း (၂၀၁၂၇၄) ဦးရှိပြီး၊ သေဆုံးလူနာ (၄၀၃၆) ဟုသတင်းထုတ်ပြန်ခဲ့သည်။
ကုလ၏အထူးသတင်းပေးပို့သူက ကုလနှင့်အခြားသောနိုင်ငံတကာအဖွဲ့အစည်းများသည် မြန်မာ့အခက်အခဲ အကြပ်အတည်းနှင့်ပတ်သက်၍ကူညီရန်အသင့်ရှိနေကြောင်း၊ သို့သော် စစ်ကောင်စီအပေါ်ဩဇာလွှမ်းမိုးမူရှိသော မြန် မာ့အိမ်နီးချင်းများက အိမ်နီးချင်းကောင်းပီသစွာဖြင့် လက်ရှိအရေးအပေါ်အခြေအနေကို အချိန်မဖြုန်းဘဲ၀င်ရောက်ကူ ညီပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
(Sources: UCA News, UN)
Add new comment