မြန်မာနိုင်ငံ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာသို့ ဂျပန်နိုင်ငံ တိုကျိုဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး Isao Kikuchi နှင့်အဖွဲ့ အလည်အပတ်ကြွရောက်လာခဲ့ခြင်း။
မြန်မာနိုင်ငံ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာသို့ ဂျပန်နိုင်ငံ တိုကျိုဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး Isao Kikuchi နှင့်အဖွဲ့ အလည်အပတ်ကြွရောက်လာခဲ့ခြင်း။
မြန်မာနိုင်ငံ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာသို့ ဂျပန်နိုင်ငံ တိုကျိုဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး Isao Kikuchi နှင့်အဖွဲ့ အလည်အပတ်ကြွရောက်လာခဲ့ခြင်း။
(3_4.2.2020)
မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာသို့ ဂျပန်နိုင်ငံ တိုကျို ဂိုဏ်းချုပ်သာသနာမှ ကြွရောက်လာသော ဂိုဏ်းချုပ်ဆရာတော်ကြီး Isao Kikuchi နှင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ (၃) ရက်နေ့က မြန်မာနိုင်ငံ  မန္တလေးကက်သစ် ဂိုဏ်းချုပ်သာသနာသို့ အလည်အပတ်ကြွရောက်ခဲ့ကြပါသည်။
အလည်အပတ်ကြွရောက်လာသော ဂိုဏ်းချုပ်ဆရာတော်ကြီးနှင့်အဖွဲ့ဝင်များအား မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်းနှင့်အတူ ဘုန်းတော်ကြီးများ၊သီလရှင်များ၊ ကိုရင်ကြီးများနှင့် ကက်သီဒြယ် ကျောင်းဝင်းအတွင်းရှိ ဆက်ကပ်ဝန်ထမ်းများမှ လှိုက်လှဲပျူငှာစွာဖြင့် ကြိုဆိုခဲ့ကြပါသည်။
ဂျပန်နိုင်ငံတိုကျိုဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီးသည်  ဆရာတော်ကြီး မာကုတင်ဝင်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ကြွရောက်လာခဲ့ခြင်းဖြစ်တယ်လို့လည်းသိရှိရပါသည်။တိုကျိုဂိုဏ်းချုပ်ဆရာတော်ကြီးသည် ပြင်ဦးလွင်မြိ့ (၂၂) ချယ်ရီလမ်းရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းဖြစ်တက္ကသိုလ် ဒဿနိကဗေဒကျောင်းဝင်းအတွင်းရှိ (၃)ထပ်တိုက် အဆောက်အဦးအသစ် (၂) လုံးအား လှူဒါန်းပေးခဲ့သည်အလှူရှင်လည်းဖြစ်ပါသည်။
ယခုထပ်မံဆောက်လုပ်မည့် တတိယမြောက်အဆောက်အဦးအသစ်အားလည်း တိုကျိုဂိုဏ်းချုပ်ဆရာတော်ကြီးမှ လှူဒါန်းခြင်းဖြစ်ဖြစ်ပြီး ဖေဖော်ဝါရီလ(၄) ရက်နေ့က  ၎င်းအဆောက်အဦးအသစ်ဆောက်လုပ်မည့် မြေအုတ်မြစ်ချခြင်းအား ကောင်းချီးပေးခြင်းကို တိုကျိုဂိုဏ်းချုပ်ဆရာတော်ကြီး ကိုယ်တိုင်ဦးဆောင်၍ ကောင်းချီးပေးခဲ့ခြင်းဖြစ်ပါသည်။
ကောင်းချီးပေးပြီးနောက် မေဂျာကျောင်းဝင်းအတွင်း အမှတ်တရအဖြစ် ချယ်ရီပင်တစ်ပင်ကို စိိုက်ပျိုးခဲ့ကြပါသည်။ အဲ့ဒီနောက် မေဂျာမှ ကိုရင်များ၊ ပြင်ဦးလွင် စိန်အာလွိုင့်ရှက်(စ်)မှ သီလရှင်လောင်းများနှင့် ကလေးငယ်များမှ တေးသရုပ်ဖော်အကများ ၊တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဆရာတော်ကြီးနှင့်အဖွဲ့ဝင်များအာ ရိုးရာယဉ်ကျေးမှုလက်ဆောင်များကို ပေးအပ်ခဲ့ကြပါသည်။
အဲ့ဒီနောက် ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် (၆း၃၀) တွင် တိုကျိုဂိုဏ်းချုပ်ဆရာတော်ကြီး Isao Kikuchi မှ မစ္ဆားတရားတော်မြတ်ကိုဦးဆောင်ပူဇော်၍ St.Paul Miki ပွဲနေ့ကို ကျင်းပခဲ့ကြပါသည်။
Pinky (MDY-OSC / RVA Myanmar Service)
(3_4.2.2020)
Add new comment
2 + 18 =