မြန်မာနိုင်ငံ တွင် ပထမဦးဆုံးအကြိမ်အဖြစ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ နားလည်သင့်မြတ်မှုနေ့ အခမ်းအနား။

မြန်မာနိုင်ငံ တွင် ပထမဦးဆုံးအကြိမ်အဖြစ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ နားလည်သင့်မြတ်မှုနေ့ အခမ်းအနား။
16 November,2019 (HILTON HOTEL MANDALAY, MYANMAR)
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ( ငြိမ်းချမ်းမေတ္တာအဖွဲ့)နှင့် မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ နားလည်သင့်မြတ်မှုနေ့ အခမ်းအနားအား နို၀င်ဘာလ (၁၆) ရက်နေ့ နံနက် (၉းဝဝ-၁၂းဝဝ) နာရီထိ မန္တလေးမြို့ ဟီလ်တန်ဟိုတယ် ( HILTON Hotel) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖိတ်ကြားထားသော တာဝန်ရှိလူကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကြည်မင်း ၊ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး မာကုတင်ဝင်း၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမေတ္တာအဖွဲ့၏ ဂုဏ်ထူးဆောင်ဥက္ကဌ Bishop Gunner Stalsett ၊ ဘာသာကြီးငါးဘာသာမှ ဘာသာရေးခေါင်းဆောင်များ ၊ ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့မှ တာဝန်ရှိသူများ၊ ပါ၀င်တက်ရောက်ခဲ့ကြပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ နားလည်သင့်မြတ်မှုနေ့ကို ၁၉၉၅ ခုနှစ် တွင် ကုလသမဂ္ဂ အ ထွေထွေ ညီလာခံကြီးက သတ်မှတ်ခဲ့ပြီး နှစ်စဉ် နို်ဝင်ဘာလ (၁၆) ရက်နေ့တွင် ကျင်းပပါသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ နားလည်သင့်မြတ်မှုနေ့ကျင်းပခြင်း ရည်ရွယ်ချက်သည် လူသားတို့အား လူ့အဖွဲ့အစည်းတွင် မတူကွဲပြားမှုများကို သဘောထားကြီးစွာ နားလည်ပေးရန်လိုအပ်ကြောင်းနှင့် ဤသို့ မိမိတို့နှင့် မတူသော “ အခြား သူ ” တို့အား နားလည်သည်းခံမှု မပြုနိုင်ပါလျှင် ဆိုးကျိုးများ သက်ရောက်နိုင်ကြောင်းကို ပညာပေးရန် ” အတွက် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်တယ်လို့ သိရှိရပါသည်။

Add new comment

1 + 0 =