မြန်မာနိုင်ငံ၏အခြေအနေနှင့်စပ်လျင်း၍အပြည်ပြည်ဆိုင်ရာကက်သလစ်လူထုဆက်သွယ်ရေး Pax Christi နှင့် Focolare အသင်းတို့၏ပူးတွဲကြေညာချက်

မြန်မာနိုင်ငံ၏အခြေအနေနှင့်စပ်လျင်း၍အပြည်ပြည်ဆိုင်ရာကက်သလစ်လူထုဆက်သွယ်ရေး Pax Christi နှင့် Focolare အသင်းတို့၏ပူးတွဲကြေညာချက်

မြန်မာနိုင်ငံ၏အခြေအနေနှင့်စပ်လျင်း၍အပြည်ပြည်ဆိုင်ရာကက်သလစ်လူထုဆက်သွယ်ရေး Pax Christi နှင့် Focolare အသင်းတို့၏ပူးတွဲကြေညာချက်

          စစ်တပ်မှမတရားအာဏာသိမ်းခြင်းကိုဆန့်ကျင်သောအားဖြင့် မြန်မာပြည်သူများသည်အကြမ်းမဖက်ဘဲ ငြိမ်းချမ်း စွာဖြင့်မိမိတို့၏ဆန္ဒကိုရဲ၀ံ့စွာထုတ်ဖော်နေသည့်တောင်းဆိုသံကိုကြားနေရကြောင်း၊ ယခုကဲ့သို့အာဏာသိမ်းခြင်းသည် ဒီမို ကရေစီစနစ်နှင့်အညီ တရားမျှတစွာကျင်းပခဲ့သောရွေးကောက်ပွဲကိုမှောက်လှန်လိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်မြန်မာ နိုင်ငံ၏အရေးပေါ်အခြေအနေနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာကက်သလစ်လုထုဆက်သွယ်ရေးဌာနဖြစ်သော Pax Christi နှင့်ပူးတွဲ၍ Focolare အသင်းအနေဖြင့်လည်း နိုင်ငံနှင့်ပြည်သူများအတွက်အလွန်ပင်စိုးရိမ်မကင်းဖြစ်ရကြောင်း၊ မြန်မာပြည်သူများနှင့်တစ်စိတ်တစ်၀မ်းတည်းရှိနေပါကြောင်း၊ အာဂသတ္တိခဲပြည်သူများအနေဖြင့် နေ့စဉ်အသက်ဆုံးရှုံးနေရ ၊ ဖမ်းဆီးခံရ၊ ရိုက်နက်ညှဉ်းဆဲခံရသည်ကိုမြင်တွေ့နေရသော်လည်း နောက်ဆုတ်သွားခြင်းမရှိဘဲ တစ်မိုးသောက်သည်နှင့် မတရားမူကိုဆန့်ကျင်ရန်ပေတရာ လမ်းမကြီးပေါ်သို့ပြန်လည်ရောက်ရှိလာကြသည်ကိုလည်းမြင်တွေ့နေရကြောင်း၊ လမ်း ပေါ်ထွက်၍ဆန္ဒထုတ်ဖော်သူအများပိုင်းမှာလူငယ်များဖြစ်နေကြောင်း၊ ဤဆန္ဒထုတ်ဖော်ခြင်းသည်မတရားမူကိုလက်သင့် မခံသည့်မြန်မာလူမျိုးတို့၏အစဉ်အလာကို မတရားအာဏာသိမ်းစစ်တပ်အားထုတ်ဖော်ပြသနေခြင်းဖြစ်ကြောင်းကိုအာ ဏာရှင်စစ်တပ်အနေဖြင့် ညစဉ်အိုးခွက်၊ သံပုံးများတီးသံကိုနားထောင်ခြင်းဖြင့်မကောင်းမူ၊ မိစ္ဆာကောင်များကိုအလိုအရှိ သည်ကိုသိနိုင်ကြောင်း၊

ယုံကြည်စိတ်ချရသောသတင်းသည် ဒီမိုကရေစီစနစ်အတွက်အရေးပါသောကြောင့် နိုင်ငံပိုင်သ တင်းစာ၊ ရုပ်မြင်သံကြားများမှ မိမိတို့၏မတရားမူ၊ အလွှဲအမှားများကိုဖုံးဖိရန် မဟုတ်မမှန် သတင်းအမှားများထုတ်လွှင့်နေ သောစစ်တပ်၏လုပ်ရပ်ကိုလည်းဆန်ကျင့်ရှုပ်ချကြောင်း၊ သတင်းသမားများ၏လုံခြုံရေးအတွက်ကိုလည်း တောင်းဆိုပါ ကြောင်း၊ အဘယ်ကြောင့်ဆိုသော်သတင်းမှတ်တမ်းယူနေစဉ်သမားများလည်း ဖမ်းဆီးပစ်ခတ်နှိပ်စက်ခံရသည်များလည်း ရှိနေကြောင်း၊ သတင်းသမားများသည် မြေပြင်အခြေအနေအမှန်အား ကမ္ဘာသို့အချိန်နှင့်တပြေးညီထုတ်လွှင့်ပေးနေသူများ ဖြစ်ကြောင်း၊ သတင်းလွတ်လပ်မူလည်းရှိရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီလှုပ်ရှားမူကိုမယုတ်မလွန်မျှသာပေးထားပြီး၊ စစ် တပ်အားလုပ်ပိုင်ခွင့်အာဏာကိုပုံအော်ပေးထားသော ဖွဲ့စည်းပုံအခြေဥပဒေပြင်ခြင်းဆင်းကိုလည်းအင်အားအလွန်အကျွံသုံး ၍နေသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ထိုစိန်ခေါ်ချက်များရှိနေသော်လည်း မြန်မာနိုင်ငံသည် ဒီမိုကရေစီဆီသို့ရှေ့ရူသောပထမ ခြေလှမ်းကိုစတင်ခဲ့သည်။ ဤသို့ဖြင့် ပြည်တွင်းစစ်၊ အာဏာသိမ်းမူအကြိမ်ကြိမ်ကြောင့်ခြေကုန်လက်ပမ်းကျလုလုဖြစ်နေ သော ပြည်သူများအားအနာဂါတ်မျှော်လင့်ချက်အသစ်တစ်ခုကိုပေးနိုင်ခဲ့သည်။ ဤမျှော်လင့်ချက်ကိုဖျက်ဆီးခြင်းထက်ပြန် လည်တည်ဆောက်ပေးသင့်သည်။  

          ၄င်းအပြင် မြန်မာသူများ၏သတင်းစကားများကိုလည်းနားစွင့်ထောင်နေပါသည်။ ပြည်သူများ၏ခံစားချက်ကား လက်ရှိအာဏာသိမ်းစစ်အစိုးရသည် ပြည်သူတို့၏အကျိုးများကိုဖျက်ဆီးနေခြင်း၊ သူတို့၏လွှတ်လပ်မူ၊ ရည်မှန်းချက်များ ကိုရိုက်ချိုးဖျက်ဆီးနေခြင်းသာဖြစ်သည်ဟူ၍လည်းကောင်း၊ နိုင်ငံရေးပြိုင်ဘက်ကိုဖယ်ရှားရုံမျှသာမဟုတ်။ အနှစ်နှစ်အ လလတည်ဆောက်ခဲ့ရသောအခြေခံလူ့အခွင့်အရေးများကိုဖျက်သိမ်းရန်၊ ရေးရေးလေးစတင်ပုံပေါ်လာသောလွတ်မူနှင့်ဒီမို ကရေစီနိုင်ငံတော်ကြီးကိုနောက်ကြောင်းပြန်ဆွဲလိုသည်ဟုခံစားနေကြရသည်။

          ကျွန်ုပ်တို့ သည်ကက်သလစ်အဖွဲ့အစည်းများဖြစ်သည့်အားလျှော်စွာ ရဟန်းမင်းကြီးဖရန်စစ်နှင့်လူမူအဖွဲ့အစည်း၊ ကမ္ဘာအနှံ့မှဘာသာရေးခေါင်းဆောင်များနှင့်အတူယခုကဲ့သို့ တရားဥပဒေမဲ့မတရားအာဏာသိမ်းသည့်စစ်အစိုးရကိုရှုံ့ ချ ကြောင်းနှင့်နိုင်ငံအတွက်ကောင်းကျိုးများထွက်ပေါ်လာစေမည့် တွေ့ဆုံဆွေးနွေးမူများကိုပြုလုပ်၍ ဒီမိုကရေစီစနစ်ကိုပြန် လည်တည်ဆောက်ရန်မေတ္တာရပ်ခံပါသည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့်ဖမ်းဆီးခံအစိုးရအဖွဲ့၀င်များ၊ ခေါင်း ဆောင်များအားအမြန်ဆုံးပြန်လည်လွှတ်ပေးရန်၊ အာဏာရှင်စ်တပ်အားလည်း ဆန္ဒပြပြည်သူများနှင့်သတင်းသမားများ အား လက်နက်အားကိုး ဖြင့်မည်သည့်လက်နက်မျှမရှိသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းခြင်း၊ ပစ်ခတ်ခြင်း၊ လူ စိတ်ကင်းမဲ့စွာဖမ်းဆီး၊ ညှဉ်းပမ်းနှိပ့်စက်ခြင်း၊ ထောင်ချခြင်းများကိုလုံး၀ရပ်တန့်ရန်တောင်ဆိုပါသည်။ ထို့အတူရိုဟင်ဂျာ မွတ်စလင်များနှင့်အခြားတိုင်းရင်းသားလူမျိုးစုငယ်များအပေါ်စစ်တပ်မှကျူးလွန်ထားသောရာဇ၀တ်မူများကိုလည်းတရားမျှတစွာ၊ တာ၀န်ခံမူရှိစွာဖြေရှင်းရန်၊ ဤသို့သော ရာဇ၀တ်မူမျိုးကိုအနာဂါတ်၌ထပ်မံမကျူးလွန်‌စေရန် ကြိုတင်ထိန်းချုပ် ကာကွယ်ထားရန်၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးများ၊ အထူးသဖြင့် အာရှ-ပစီးဖိတ်သမုဒ္ဒရာဒေသများအနေဖြင့်မတ ရားအာဏာသိမ်းစစ်အစိုးရအားလည်း ပြည်သူများရွေးကောက်တင်မြောက်သော ပြည်သူ့အစိုးရကိုအာဏာပြန်လွှဲ၍ ဒီမို ကရေစီစတစ်ကိုပြန်လည်ထူထောင်ရန်နှင့်အင်အားကြီးအိမ်နီးချင်းနိုင်ငံလည်းပထ၀ီနိုင်ငံရေးအချ်ကအချာကျမူကို မိမိတို့ နိုင်ငံ၏အကျိုးအမြတ်အတွက်သာတွက်၍အမြတ်ထုတ်ဂုဏ်သွေးစုပ်ခြင်းကိုမပြုရန်၊

ကျွန်ုပ်တို့  Pax Christi အပြည်ပြည် ဆိုင်ရာလူထုဆက်သွယ်မူအဖွဲ့နှင့်ကမ္ဘာတစ်၀ှမ်းမှ Focolare အသင်း၀င်များအားလုံးအနေဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေ နှင့်ပတ်သက်၍နှုတ်ဆိတ်မနေကြရန်နှင့်တတ်နိုင်သလောက်ကြားသိရသမျှမြေပြင်သတင်းအမှန်အကန်များကိုမိမိတို့နည်းဟန် ဖြင့်ဒေသန္တာရရုံးများဆီသို့ပေးပို့ကြရန်ကိုလည်းတိုက်တွန်းထားကြောင်း၊ သံတမန်နည်းဖြင့်မတရားအာဏာသိမ်းထားသောစစ် တပ်အားပြည်သူ့အစိုးရထံသို့ အမြန်ဆုံးအာဏာလွှဲပေးရန်နှင့်ဒီမိုကရေစီနိုင်ငံသို့ပြန်လည်ရောက်ရှိရန်၀ိုင်း၀န်းကြိုးစားပေးရန် ကိုလည်းတိုက်တွန်းထားကြောင်း၊ ကျွန်ုပ်တို့အဖွဲ့အစည်း၏အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းငြိမ်းရေးကိုမြှင့်တင်ခြင်းဖြစ်သည်။ ထို့ကြောင့် ‘ငြိမ်းချမ်းရေးသည်ဖြစ်နိင်ပါသည်။ ငြိမ်းချမ်းရေးသည်တစ်ခုတည်းသောလမ်းစဉ်ဖြစ်သည်။ ဒီမိုကရေစီသည် ထိုငြိမ်း ချမ်းရေးလျှောက်လမ်းအတွက် မီးရူးတန်ဆောင်ဖြစ်သည်’ ဟုပြောကြားသော အာရှဆရာတော်ကြီးများအဖွဲ့၏ ဥက္ကဌဖြစ်သော ရန်ကုန်ဂိုဏ်းချုပ်ကာဒီနယ်ချားမောင်ဘိုနှင့်အတူရပ်တည်လျှက်ရှိပါသည်ဟုကြေညာချက်ထုတ်ပြန်ခဲ့သည်။          

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Reuters

https://bit.ly/3txXBid

 

Add new comment

5 + 2 =