မြန်မာနိုင်ငံ၌ ငြိမ်းချမ်း‌ရေးနှင့် တရားမျှတခြင်းအမြန်ဆုံးဖော်ဆောင်ရန်ဗာတီကန်တိုက်တွန်း

မြန်မာနိုင်ငံ၌ ငြိမ်းချမ်း‌ရေးနှင့် တရားမျှတခြင်းအမြန်ဆုံးဖော်ဆောင်ရန်ဗာတီကန်တိုက်တွန်း

မြန်မာနိုင်ငံ၌ ငြိမ်းချမ်း‌ရေးနှင့် တရားမျှတခြင်းအမြန်ဆုံးဖော်ဆောင်ရန်ဗာတီကန်တိုက်တွန်း

       ကုလသမ္မဂ္ဂ၏လူ့အခွင့်အရေးထိပ်တန်းအဖွဲ့ကပြီးခဲ့တဲ့ သောကြာ နေ့ က မတရားအာဏာသိမ်းစစ် အစိုးရအား၊ လူထု ခေါင်းဆောင်များနှင့်အတူ ဤအာဏာသိမ်းမူနှင့်ဆက်စပ်၍ဖမ်းဆီးခံရသူများအားလုံးကိုလွှတ်ပေးရန်နှင့် ဆန္ဒပြနေသူများကိုအကြမ်းမဖက် သည့်နည်းလမ်းကိုသုံးရန်တောင်းဆိုခဲ့သည်။ 

 

ဗာတီကန်အနေဖြင့်လည်းမြန်မာပြည်သူများနှင့်အနီးကပ်တွင်ရှိပြီး၊ ထပ်တူခံစားရ ကြောင်း၊ အကြမ်းမဖမ်သည့်နည်းလမ်းဖြင့်ပဋိပက္ခကိုကိုင်တွယ်ဖြေရှင်ရန်လည်းတိုက် တွန်းထားသည်။  

       

 မတရားသဖြင့်အာဏာသိမ်းသောစစ်တပ်အား မကျေနပ်သောဆန္ဒပြလူထုထောင်သောင်းများစွာတို့သည် ပြီးခဲ့သည့်သောကြာနေ့ က ရဲများနှင့်ထိပ်တိုက်တွေ့ဆုံခဲ့သည်။ လူငါးဦးထက်မစုရအမိန့်ကိုလည်းထုတ်ပြန်ခဲ့သည်။ အကြမ်းမဖမ်ဘဲငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်နေကြသောပြည်သူများသည်အင်အားအလွန်ကြီးမားလျှက်ရှိသည်။ အင်နှင့်အားနှင့်ဆန္ဒထုတ်ဖော်နေသောလူထုကြီးသည် ယခု ဒုတိယမပတ်ထဲသို့ရောက်ရှိပြီဖြစ် သော်လည်း မတရားအာဏာသိမ်းယူထားသောစစ်တပ်အနေဖြင့်အလျော့ပေးမည့်အရိပ်အ ယောင်မတွေ့ရသေးပေ။

       ဗာတီကန်အနေဖြင့်ဆုတောင်းခြင်းဖြင့် မြန်မာပြည်သူ ပြည်သားများနှင့်တစ်ထပ်တည်းရှိနေကြောင်း၊ ဖြစ်ပျက်သမျှကိုအနီးကပ်စောင့် ကြည့်နေကြောင်း၊ အလွန်စိုးရိမ်မိကြောင်း၊ အဘယ်ကြောင့်ဆိုသော်ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၇) ခုနှစ်၌ ၎င်း၏သမိုင်းတွင် သောတမန်တော်ခရီးကြွရောက်ပြီးနောက်ပိုင်းမြန်မာပြည်ကိုပို၍ ချစ်ခင်ခဲ့ရကြောင်း၊  ပြီးခဲ့တဲ့ဖေဖော်၀ါရီလ (၁၂) ရက်နေ့က ကုလ၏ (၂၉) ကြိမ်မြောက်လူ့အခွင့်အရေးအထူးအစည်းအအေဝေး၌ ဗာတီကန်၏ကုလကိုယ်စား လှယ်ဂိုဏ်းချုပ်ဆရာတော် Ivan Jurkovič ကလည်းလက်ရှိပဋိပက္ခနှင့်ပတ်သက်၍အရှေ့တောင်အာရှ၏အခြေအနေကိုတင်ပြခဲ့ကြောင်း၊ ယခုကဲ့သို့ အလွန်ထိလွယ်ရှလွယ်သောအခြေအနေ၌ ဆုတောင်းပေးနေပါကြောင်း၊ မြန်မာပြည်သူများနှင့်ထပ်တူခံစားလျှက်ရှိကြောင်း ပြောကြားခဲ့သည်။

     

 အားလုံးသိသည့်အတိုင်း စစ်တပ်ကပြည်သူ့အစိုးရ NLD ထံမှဖေဖော်၀ါရီလ (၁) ရက်နေ့၌မတရားသဖြင့်အာ ဏာသိမ်းယူခဲ့သည်။ ဤအာဏာသိမ်းသည့်ဖြစ်ရပ်သည် ပြည်သူ့အစိုးရနှင့်အလွန်အင်အားထွားနေသောစစ်တပ်တို့အကြား တင်းမာမူများဖြစ်ပွားပြီးနောက်မှဖြစ်ပေါ်လာခြင်းဖြစ်သည်။  စစ်တပ်မှအာဏာသိမ်းရခြင်း၏အကြောင်းအရင်းမှာ (၂၀၂၀၊ နို၀င်ဘာလ၊ ၈) ရက်နေ့ အထွေထွေရွေးကောက်ပွဲကြီး၌မဲမသမာမူရှိခဲ့ခြင်းကြောင့်သာ NLD အနေဖြင့်သောင်ပြိုကမ်းပြိုအနိုင် ရခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်မှစ၍ဖမ်းဆီးခြင်းများကိုစတင်လုပ်ဆောင်လာခဲ့သည်။

    စစ်တပ်မှမတရားအာဏာသိမ်းမူကိုဆန့်ကျင်သောဆန္ဒပြမူများသည် လူထုခေါင်းဆောင်အားဖမ်းဆီးသည့်နေ့မှစ တင်ခဲ့သည်။ ဆန္ဒပြသူထောင်သောင်းတို့သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသော မြို့ကြီးများ၏စီးပွားရေးအချက်အ ချာကျသောနေရာများ၌ခြေကုတ်ယူကာ ဖမ်းဆီးထားသောနိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ မတရားအာဏာ သိမ်းမူကြောင့်ဖမ်းဆီးခံထားရသူများကိုချက်ချင်းလွှတ်ပေးရန်ဆန္ဒပြတောင်းဆိုနေကြသည်။ ရိုက်တာသတင်းဌာန၏ပြော ပြချက်အရအရှေ့တောင်အာရှ၏အကြီးမားဆုံးသောဆန္ဒပြပွဲဟုဆိုပါသည်။       

 

ကုလလူ့အခွင့်ကောင်စီ၏ သောကြာနေ့ကထုတ်ပြန်ချက်အရ စစ်တပ်မှမတရားအာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းအဆီး ခံရသူ (၃၅၀) ဦးကျော်ရှိကြောင်း၊ ၄င်းတို့အနက် အမူထမ်းအရာထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ သံဃာတော် များ၊ သံသယရှိသူများလည်းပါ၀င်ကြောင်း၊ ည (၈) နာရီကျော်လျင်အပြင်မထွက်ရဥပဒေထုတ်၍ ‘ညပိုင်း၌လူဖမ်းပွဲများကျင်းပ နေခြင်းကိုချက်ချင်းရပ်’ ဟူသောဆိုင်းဘုတ်များကိုင်ဆောင်၍ဆန္ဒထုတ်ဖော်နေကြပြီး၊ ဤသို့ဆန္ဒထုတ်ဖော်သည်ကို လက်တုန့်ပြန်သည့်အနေဖြင့်ဖမ်းဆီးခြင်းများကိုပြုလုပ်ခဲ့သည်ဟုလည်းထည့်သွင်းဖော်ပြထားသည်။

       ဗာတီကန်၏ ကုလကိုယ်စားလှယ်ဂိုဏ်းချုပ်ဆရာတော်ကြီး Jurkovic က ဗာတီကန်အနေဖြင့်လည်း နိုင်ငံ၌တာ ၀န်ရှိသူများအနေဖြင့်နိုင်ငံ့ကောင်းကျိုးကိုရှေ့ရူ၍လုပ်ဆောင်ရန်၊ အထူး သဖြင့်အခြေခံကျသောလူ့အခွင့် အရေးနှင့်နိုင်ငံသားအခွင့်အရေး၊ တရားမျှတခြင်းကိုတိုးမြှင့်လုပ်ဆောင်ရန်၊ နိုင်ငံတော်တည်ငြိမ်ရေး၊ အချင်းချင်းလေးစား၍ဒီမိုကရေစီဖော်ဆောင်သည့်ငြိမ်းချမ်းသောအတူယှဉ်တွဲနေထိုင်သည့်အခြေ အနေကိုဖော်ဆောင်ရန်တိုက်တွန်းထားကြောင်း၊ ဆရာတော်က တွေ့ဆုံဆွေးနွေးခြင်းနှင့်လူ့ဂုဏ်သိက္ခာကိုအချင်းချင်းလေး စားသည့်အခြေအနေများကိုအနှောက်အယှက်ဖြစ်စေမည့်မည်သည့်အကြောင်းတရားကိုမဆိုဖယ်ရှားကြ၍ လက်ရှိဖြစ်ပျက် နေသောနိုင်ငံရေးတင်းမာမူများကို ငြိမ်းချမ်းပြီး၊ မြန်ဆန်မှန်ကန်သောနည်းလမ်းဖြင့်ကိုင်တွယ်ဖြေရှင်းရန်နှင့်ဗာတီကန်အ နေဖြင့်လူတိုင်းတမ်းတသောငြိမ်းချမ်းရေးကိုယခုထက်ပို၍ထိရောက်သောတွေ့ဆုံဆွေးနွေးခြင်းဖြင့်အမြန်ဆုံးရရှိလိမ့်မည်ဟုမျှော်လင့်ကြောင်းပြောကြားခဲ့သည်။    

          (၄၇) နိုင်ငံပါ၀င်သော လူ့အခွင့်အရေးကောင်စီ၏အစည်းအ ဝေးအပြီး၌ မဲဖြင့်မဆုံးဖြတ်တော့ဘဲ ဗြိတိန်နှင့်ဥ ရောပသမ္မဂ္ဂတို့မှတစ်ညီတစ်ညွှတ်တည်းမြန်မာနိုင်ငံ၏မတရားအာဏာသိမ်းစစ်အစိုးရအားဆုံးဖြတ်ချက်ချမှတ်ခဲ့သည်မှာ ‘လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်သူ့အစိုးရခေါင်းဆောင်များအားချက်ချင်းလွှတ်ရန်’ ဖြစ်သည်။ ကနဦး သဘောတူညီချက်သည် ရုရှားနှင့်တရုတ်တို့၏ကန့်ကွက်မူကြောင့်အနည်း ငယ်ငုပ်လျှိုးသွားခဲ့ရသည်။ ထို့အတူမြန်မာနိုင်ငံ ၏ကုလကိုယ်စားလှယ်ကလည်း လူ့အခွင့်အရေးကောင်စီ ၏ဆုံးဖြတ်ချက်သည် လက်ခံနိုင်ဖွယ်မရှိကြောင်းလည်းပြောကြား ခဲ့သည်။   

          မြန်မာနိုင်ငံသည် (၁၉၆၂) မှစ၍ (၂၀၁၁) ခုနှစ်အထိ ဆယ်စုနှစ် (၅) ခုမျှ စစ်တပ်၏အုပ်ချုပ်မူကိုခံလာခဲ့ရသည်။ ဤဆယ်စုနှစ် (၅) စုအတွင်းအတိုက်အခံမှန်သမျှကိုမည်သည့်လူ့အခွင့်အရေးကိုမျှစောင့်ရှောက်လိုက်နာခြင်းမရှိဘဲချိုး ဖောက်အုပ်ချုပ်ခဲ့သည်။ ထို့ကြောင့်လည်းနိုင်ငံတကာ၏ပြစ်တင်ရှုံ့ချမူ၊ စီးပွားရေးပိတ်ဆို့မူကိုလည်းခံခဲ့ရသည်။ (၂၀၁၀) မှ စ၍ထိုအခြေအနေများတစ်စတစ်စဖြေလျော့လာခဲ့ရာ (၂၀၁၅) ခုနှစ်၌လွှတ်လပ်သောအထွေထွေရွေးကောက်ပွဲကိုကျင်းပ နိုင်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောပါတီအနိုင်ရခဲ့ခြင်းဖြစ်သည်။    

          ပုပ်ရဟန်းမင်းကြီးအနေဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်း၊ လက်ရှိအာဏာထိန်း ချုပ်ထားသောသူများအားပန်ကြားလိုသည်မှာ အများကောင်းကျိုးကိုဆောင်ရွက်လိုစိတ်ကိုပြသရန်၊ ပြီးခဲ့သောဖေဖော်၀ါ ရီလ (၇) ရက်နေ့၊ တနင်္ဂနွေနေ့စိန့်ပီတာရင်ပြင်တော်၌အန်ဂျေလူးမေတ္တာဆုတောင်းစဉ်တွင် အာဏာသိမ်းထားသူများအနေ ဖြင့်သူတစ်ပါး၏ကောင်းကျိုးကိုဆောင်ရွက်လိုစိတ်၊ တရားမျှတခြင်း၊ ဥပဒေစိုးမိုးခြင်းတို့ကိုတိုးမြှင့်လုပ်ဆောင်ရန်တို့ကို တိုက်တွန်းခဲ့သည်။ မကြာခင်နှစ်များမှအစပြုခဲ့သောဒီမိုကရေစီလမ်းစသည်စစ်ဖက်မှရုတ်တရက်မတရားအာဏာသိမ်းယူ လိုက်ခြင်းကြောင့်ဖျက်ဆီးခံလိုက်ရ၍အလွန်စိတ်ပျက်မိကြောင်း၊ ဖမ်းဆီးခံထားရသောနိုင်ငံရေးခေါင်းဆောင်များကိုချက် ချင်းပြန်လွှတ်ပေးခြင်းဖြင့်နိုင်ငံအတွက်ကောင်းကျိုးဆောင်မည့်တွေ့ဆုံဆွေးနွေးမူများကိုပြုလုပ်လာလိမ့်မည်ဟုမျှော်လင့်ကြောင်းဖြင့်မိန့်ကြားခဲ့ပါသည်။     

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: The Ayeyarwaddy

http://bit.ly/3prWMFo

Add new comment

3 + 5 =