Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မြန်မာနိုင်ငံအတွင်းရှိ အရပ်သားများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ နှင့် ဘာသာရေးခေါင်းဆောင်များ ထံပေးပို့သော ပန်ကြားစာ၊
၂၀၂ဝပြည့်နှစ်၊ ဇူလိုင်လ (၁၃)ရက်။
ဤအခွင့်အရေးကိုဆုပ်ကိုင် အသုံးချကြပါစို့
မြန်မာနိုင်ငံအတွင်းရှိ အရပ်သားများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ နှင့် ဘာသာရေးခေါင်းဆောင်များ ထံပေးပို့သော ပန်ကြားစာ၊
ကျွန်ုပ်တို့သည် စစ်ပွဲများမှာ ငြီးငွေ့ ပင်ပန်းနေကြပြီး ရန်ငြိုးများကြားမှာ နွမ်းလျ လျှက်ရှိနေ ကြပါသည်။ စစ်သည် လူတိုင်းကို အရှက်ရစေပါသည်။ အဘယ်ကြောင့် မြန်မာနိုင်ငံ၏ ပဋိပက္ခများအဆုံးမသတ်နိုင်သေးပါသနည်း။ မည်သူ့မှာ တာဝန်ရှိပါ သနည်း။ တစ်ချို့ကတိုင်းပြည်အား ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အပြည့်အဝ အပစ်အခတ်ရပ်စဲရေးကို ငြင်းဆန်နေသော စစ်မက်ပြုနေသော တပ်မတော်အား အပြစ် ဖို့နိုင်သည်။ တစ်ချို့က အရပ်သားအစိုးရ၏ အာဏာအပြည့်အဝမရှိမှု တရားစီရင်ရေး စနစ်၏ အားနည်းမှုများကို အပြစ်ဖို့လိုပါမည်။ တစ်ချို့ကကျောက်စိမ်းနှင့် မူးယစ် ဆေးဝါးများဖြင့် အလွန်အမင်းစီးပွားဖြစ်နေသော တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင် များနှင့် စီးပွားရေး အပေါင်း အပါများကို ထောက်ပြကြပါလိမ့်မည်။ တစ်ချို့က မတရား မှုများကို ဆန့်ကျင်ကန့်ကွက်ရန် တွန့်ဆုတ် နေကြသော ဘာသာရေးခေါင်းဆောင် များကို အားမလို အားမရ ဖြစ်ကြပါလိမ့်မည်။
သို့သော် အရေးကြီးသော အမျိုးသားရွေးကောက်ပွဲနှင့် ၂၁ရာစု ပင်လုံညီလာခံကို ကြိုတင် မျှော်လင့်လျှက် မြန်မာနိုင်ငံ၏ အရပ်ဘက်၊ စစ်ဘက်၊ တိုင်းရင်းသားမျိုးနွယ်စု ဘာသာရေးနယ်ပယ် အသီးသီးမှ ခေါင်းဆောင်များကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှုဖြင့် နားထောင်ကြပြီး အများကောင်းကျိုးအတွက် ဆုံးဖြတ်ချက် ချမှတ်ပေး နိုင်ပါရန် ဤပန်ကြားစာအားဖြင့် ကျွန်ုပ်တို့ မေတ္တာရပ်ခံအပ်ပါသည်။
ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသော အခြေအနေသစ်များနှင့် စိန်ခေါ်မှု အသစ်များ သည် ကျွန်ုပ်တို့ အတွက် ရွှေအခွင့်အရေးတစ်ခုဖြစ်ပါသည်။ ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်အသုံး ပြုပါရန် မြန်မာပြည်သူပြည်သား အပေါင်းအား တိုက်တွန်းလိုပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အကြပ်အတည်း သုံးမျိုးကြား၌ ပိတ်မိနေပါသည်။ သေးငယ်သော ရောဂါပိုးသည် လူသားတို့အား ပိတ်ဆို့ရပ်တန့်ထားပြီး သဘာဝတရားသည် အထိန်းအကွပ်ခံနေရသည်။ ကိုရိုနာဗိုင်းရပ်စ်သည် ကျွန်ုပ်တို့အား ပုံစံသစ်များဖြင့် ရှင်သန်နေထိုင်ရန် အခွင့်အရေးပေးလျှက်ရှိသည်။ ဒုတိယအချက်မှာ သဘာဝ ပတ်ဝန်း ကျင်၏ ခြိမ်းခြောက်မှု အန္တရာယ်ကို ကျွန်ုပ်တို့အားလုံး ခံစားနေရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ယခုရာစုနှစ်၌ ရာသီဥတုပြောင်းလဲမှုဒဏ် အခံရဆုံးသော (၅) နိုင်ငံ အနက် တစ်နိုင်ငံ အဖြစ်ပါဝင်နေပါသည်။ တတိယအချက်အနေနှင့် လူမျိုးစု တစ်မျိုးနှင့် တစ်မျိုး ဆက်ဆံမှု၏ အရေးကြီး မှုကို ဖော်ပြနေသော ကမ္ဘာလုံးဆိုင်ရာ တောမီးလောင် မှုဖြစ်သည်။ မတူကွဲပြားမှုများ သည် အလှအပ တရားများဖြစ်သော်လည်း မြန်မာလူမျိုး များသည် လူမျိုးရေး ကွဲပြားခြားနားမှုကို အဆင့်အတန်း သတ်မှတ်ကာ အစွန်းရောက် စွာ ဆွဲကိုင်ထားကြသည်။
အဓိပ္ပါယ်မဲ့သော ကွဲပြားခြင်းများသို့ ပြန်သွားမည့်အစား ကျွန်ုပ်တို့သည် မည်ကဲ့သို့ ကွဲပြားစွာ လုပ်ဆောင်နိုင်မည်နည်း။ ကျွန်ုပ်တို့၏ လူငယ်များအတွက် မည်ကဲ့သို့သော အနာဂတ်ကို လိုလားပါသနည်း။ ဆယ်စု နှစ်ပေါင်းများစွာ အမိမြေ၌ အခွင့်အလမ်းမရှိသောကြောင့် လူသန်းပေါင်းများစွာသည် တစ်နယ်တစ်ကျေး ပြည်ပ နိုင်ငံများ၌ ကျေးကျွန်များအဖြစ် အလုပ်လုပ်ကိုင်နေကြရသည်။ ကျွန်ုပ်တို့ တိုင်းသူ ပြည်သားများ၏ ကျန်းမာရေး အကျိုးခံစားခွင့် ဂုဏ်သိက္ခာတို့နှင့် အနာဂတ် အာမခံ ချက်များကို မည်ကဲ့သို့ အကောင်းဆုံး ပေးမည်နည်း။ မည်ကဲ့သို့သောရဲစွမ်းသတ္တိနှင့် တီထွင်မှုစွမ်းအားများဖြင့် ရိုသေလေးစားမှု တန်းတူညီမျှမှု တည်ငြိမ်သော ကြွယ်ဝမှုနှင့် အမိမြန်မာပြည်အတွက် ခိုင်မြဲ သော ငြိမ်းချမ်းမှုကို ကျွန်ုပ်တို့ တောင်းဆိုနိုင်မည်နည်း။
မြန်မာနိုင်ငံကို အိမ်နီးချင်း နိုင်ငံများက ဝန်းရံထားကြသည်။ ၎င်းနိုင်ငံတို့သည် မြန်မာပြည်၏ ရွှေ၊ ကျွန်း၊ ကျောက်စိမ်း၊ အလျှံပယ် ရေအရင်းအမြစ်၊ ဖျက်ဆီးခြင်း မခံရသေးသော သစ်တောများနှင့် ကြွယ်ဝမှုများကို မျက်စိကျလျှက်ရှိ၏။ ကျွန်ုပ်တို့ အချင်းချင်း တိုက်ခိုက်နေကြသောအခါ ဤအရာများကို သတိမမူနိုင်ဖြစ်ကာ ကျွန်ုပ်တို့ ၏ ရေ၊ မြေ၊ တော၊ တောင်များသည် ပျက်စီးဆုံးပါးကြရ၍ ကျွန်ုပ်တို့၏ လူငယ်များ သည် စိတ်ကြွမူးယစ်ဆေး၏ စွဲလန်းမှုသားကောင်များအဖြစ် ပျက်စီးကြရသည်။
ထောင်ပေါင်းများစွာသော အမျိုးသမီးငယ်နှင့် အမျိုးသားငယ်များသည် အမိတိုင်းပြည် ကို စွန့်ခွာကာ မိမိတို့၏ ဂုဏ်သိက္ခာနှင့်ဘဝများကို တိုင်းတစ်ပါး၌ ဆုံးရှုံးနစ်နာ နေကြ ရသည်။ တဖန် ပြီးခဲ့သော အပတ်က ရာနှစ်ချီသော ငယ်ရွယ်သော ကျောက်စိမ်းတွင်း လုပ်သားများသည် ရွှံ့နွံမြေစာများကြား၌ နစ်မြှုပ်အသက်ဆုံးရှုံးကြရရှာပြီး နိုင်ငံခြားသားများမှာမူ ကျွန်ုပ်တို့၏ ကြွယ်ဝမှုများကို ပွေ့ပိုက် ပိုင်ဆိုင်၍ လွတ်မြောက် နေကြပေသည်။ ကျွန်ုပ်တို့ စစ်တိုက်နေသောအခါ ကျွန်ုပ်တို့၏ လူငယ် အချင်းချင်းကို ညီအစ်ကိုဟု မမြင်စေဘဲ ရန်ငြိုးရှိသူဟု မြင်စေပါသည်။ စစ်သည် လူငယ်တို့၏ ဘဝများနှင့် ခြေ၊ လက်၊ အင်္ဂါများကို ပျက်စီးဆုံးရှုံးစေ၍ မိခင်များကို ငိုကြွေးစေကာ ဇနီးငယ်များကို မုဆိုးမ ဘဝများသို့ တွန်းပို့ပေးနေသည်။ ဤအရာများ ရပ်တန့်ဖို့ အချိန် ကျရောက်ပါပြီ။
ခွဲခြားမှုပြုလုပ်ပြီး အုပ်စိုးသောစနစ်သည် ကိုလိုနီစနစ်၏ ဗျူဟာ ဖြစ်သည်။ နောက်တစ်ဖန် လှည့်ဖြားခြင်းကို မခံကြရပါစေနှင့်။ တိုင်းပြည်တစ်ခု တည်ဆောက်ရန် ကျွန်ုပ်တို့သည် မတူကွဲပြားခြင်းကို ကြောက်စရာမလိုပါ။ သို့သော် ညှိနှိုင်းခြင်း၊ အပေး အယူလုပ်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း တို့ဖြင့် သင်ကြားလေ့လာမှုပြုပြီး မိမိတို့၏ ရိုးရာဓလေ့၌ ဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါသည်။ ကျွန်ုပ်တို့သည် အရပ်သား အစိုးရကို တင်မြှောက်ခြင်းအားဖြင့် တိုင်းပြည်၏ အုပ်ချုပ်မှု အာဏာကို ရွေးပေးနေခြင်း မဟုတ်ပါ လော။ ကျွန်ုပ်တို့၏ ရွေးချယ်တင်မြှောက်မှု ပန်းတိုင်သည် ဒီမိုကရေစီ မဟုတ်ပါလော။
ကျွန်ုပ်တို့လက်မှတ်ရေးထိုးထားသော ငြိမ်းချမ်းရေးသဘောတူညီချက်များသည် ကျိုးပဲ့ လွယ်ပါ၏။ ယင်းတို့သည် တိုက်ပွဲများကို ခေတ္တရပ်ဆိုင်းထားနိုင်ပါသော်လည်း သစ်တောများမှာမူ လုယူဖျက်ဆီးခံနေရဆဲ ဖြစ်သည်။ ကျွန်ုပ်တို့၏ အမိမြေမှ တန်ဖိုးရှိ သယံဇာတများသည် ထုတ်ယူ ခြင်းခံနေရလျှက် အနာဂတ်မျိုးဆက်များထံမှ ခိုးယူခြင်း ခံနေရပေသည်။ သင်တို့၏ စေ့စပ် ဆွေးနွေးမှု များကို ပိုမို၍ လေးနက်စွာလုပ်ဆောင် ရန်လိုပါသည်။ ကျွန်ုပ်တို့သည် မတရားကျူးကျော်သူများကဲ့သို့ ပြုမူပါက ဆင်းရဲသား ကျောမွဲများ၏ အခွင့်အရေးကို ကာကွယ်ပေးရာ ရောက်မည်မဟုတ်ပါ။ သူခိုးများနှင့် ကုန်သွယ်ကူးလူးဆက်ဆံခြင်းသည် သေခြင်းနှင့် မိတ်ဆွေဖွဲ့ရာကျပေသည်။ မိမိတစ်ဦး တည်း၏ ကောင်းကျိုးချမ်းသာလမ်းမဟုတ်ဘဲ လူအားလုံးအကျိုးဖြစ်စေသော မြင့်မြတ်သော လမ်းစဉ်အဖြစ်ကို ရွေးချယ်ကြပါရန် သင်တို့ကို မေတ္တာရပ်ခံပါ၏။ အမှန်တရား ဖြင့် သင်တို့၏ရန်သူများကို ရင်ဆိုင်ကြပါ။ ငြိမ်းချမ်းရေးသည်သာ သူတို့၏ အကောင်း ဆုံး အကျိုးစီးပွားအတွက် ဖြစ်ကြောင်း သူတို့ကို ယုံကြည် လာစေရန် ကြိုးစားပေး စေလိုပါ၏။ မျှော်လင့်ခြင်း၌ ရင်းနှီးမြှုပ်နှံစေလိုပါ၏။ ကပ်ရောဂါပြီးနောက် အနာဂတ် ကမ္ဘာကြီးအတွက် ပြင်ဆင်ကြစို့။ မိခင်ကမ္ဘာမြေကြီး၏ အော်သံကို နားထောင်စေ လိုပါ၏။ အချင်းချင်း လေးစား ကြစေလိုပါ၏။ ကျွန်ုပ်တို့၏ လူငယ်များအား သင်ယူမှု၌ လုံ့လ ထုတ်ကြရန်၊ အားပေးကြရန်လိုအပ်ပါသည်။ အာရှတိုက်နှင့် ကမ္ဘာကြီးသည် မျိုးဆက်သစ်များအတွက် မြန်မာနိုင်ငံမှ အထောက်အကူပြုနိုင်မည့် အရာများကို လိုအပ်လာပေလိမ့်မည်။
ရာစုနှစ်များစွာ ထိန်းသိမ်းစောင့် ရှောက်ခဲ့သော ကျွန်ုပ်တို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံ များသည်အဖိုး မဖြတ်နိုင်သော ရတနာများပင် ဖြစ်ပါသည်။ မြန်မာ့သစ်တော များသည် အာရှတိုက်၏ လေထုသန့်စင်ပေးသော အဆုပ်များပင်ဖြစ်သည်။ ဤသစ်တောများနှင့် ရိုးရာဓလေ့များကို မည်ကဲ့သို့ ထိန်းသိမ်းရမည်ကို ဌာနေတိုင်းရင်းသားများသည် ကောင်းစွာသိကြပေသည်။ မြန်မာနိုင်ငံ၏ စပါးခင်းများသည် အာရှတိုက်၏ စပါးကျီဖြစ်သည်။ ကျွန်ုပ်တို့၏ လယ်သမား များသည် မျှတသော အကျိုးအမြတ်ကို ခံစားခွင့်ရှိသူများဖြစ်သည်။ မြန်မာ့လူငယ်များသည် အာဆီယံ၏ ငြိမ်းချမ်းရေးကို ဆောင်ရွက်ကြမည့် အနာဂတ် ခေါင်းဆောင်များဖြစ်၍ သူတို့အားကောင်းမွန်စွာ ပျိုးထောင်ပေးကြပါ။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာ အခြားသောဘာသာဝင် မြန်မာလူမျိုးများနှင့် ဒေသခံ တိုင်းရင်းသား လူမျိုးနွယ်စု ခေါင်းဆောင်များသည် ကမ္ဘာကြီးက ကြားနာလိုသော သတင်းစကားအပေါ်တွင် အတူတကွနေထိုင်နိုင်ကြပေသည်။ ကျွန်ုပ်တို့၏ မရိုးသားမှု များကို ခွာချနိုင် ပြီး တစ်ဦးနှင့်တစ်ဦးအလေးဂရုပြုကြကာ အပေးအယူမျှမျှဖြင့် အနာဂတ်ကမ္ဘာကို အာရုံပြုမည်ဆိုပါက ငြိမ်းချမ်းသော တရားမျှတသော လူအားလုံး ပါဝင်နိုင်သော ကမ္ဘာလောကကြီးကို တည်ဆောက် နိုင်မည်ဖြစ်သည်။ ထိုအခါ မြန်မာနိုင်ငံသည် တိုင်းနိုင်ငံ မိသားစု များအလယ်၌ ဂုဏ်ယူဝံ့ကြွားဖွယ် အဖွဲ့ဝင်တစ်ဦး အဖြစ် တည်ရှိနေပေလိမ့်မည်။
မြန်မာပြည်သူပြည်သားများသည် အဆုံးမရှိသောစစ်နှင့် ထိုက်တန်သူများ မဟုတ်၊ ငြိမ်းချမ်း ရေး နှင့်သာ ထိုက်တန်သူများဖြစ်ကြပါ၏။ တရားမျှတမှု မရှိသ၍ ငြိမ်းချမ်းမှု မဖြစ်နိုင်ပါ။ အမှန်တရား မရှိသ၍လည်း တရားမျှတခြင်း ရှိမည် မဟုတ်ပါ။ ရွေးကောက်ပွဲများမှတဆင့် ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်နေသော ကျွန်ုပ်တို့၏ တိုင်းပြည်သည် မျှော်လင့်ခြင်း ငြိမ်းချမ်းခြင်း ကြွယ်ဝပေါများခြင်း အာရုဏ်ဦးနှင့်ပြည့်ဝ
သော မြန်မာပြည်သစ်ကြီးဖြစ်ပါစေ။ ဤအခွင့်အရေးကို ဆုပ်ကိုင်အသုံးချကြ ပါစို့။ မေတ္တာဖြင့် - ပါမောက္ခဆရာတော် ဒေါက်တာဓမ္မသာမိ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) DPhill (Oxford Sayadaw) အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာ ပြုသက္ကသိုလ်
ကာဒီနယ် ချားလ်(စ်)ဘို ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး
ဥက္ကဋ္ဌ၊ အာရှဒေသလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ်။ နယက၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfPM)။ တွဲဖက်ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (Rfp. International)
ဆရာတော်ဖေးလစ်လျန်ခင်ထန်း (ဥက္ကဋ္ဌ၊)
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် (CBCM) ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်
အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အရှင်ဘဒ္ဒန္တ ပုညာနန္ဒ (မန်ဆူဆရာတော်) သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)။
အရှင်ဘန္ဒန္တစန္ဒာဝရ
(နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော်)
ပြင်ဖြူမော်ကျောင်းတိုက်၊ ကျောက်ဖြူမြို့၊ ရခိုင်ပြည်နယ်။
အလ်ဟာဂျ်ခလီဖာဟ်ဦးအေးလွင်
ဦးဆောင်ဆော်ဩရေးမှူး အစ္စလာမ်ဓမ္မဗိမာန် မြန်မာနိုင်ငံ
အမြူတေအဖွဲ့ဝင်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfP-M)
ဘိုင်းပရင်းမ်ဆင်
မြန်မာနိုင်ငံ ဆစ်(ခ်)ဘာသာဘုန်းတော်ကြီး များ၏ဥက္ကဋ္ဌ၊ ဆစ်(ခ်)ဘုရားရှိခိုးကျောင်း၊
မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။
ဆရာတော်ဂျွန်းမန်းဆိန်းဟှီ ဒုတိယဥက္ကဋ္ဌ၊ CBCM ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်
အရှင်စန္ဒာဝရာဘိဝံသ
(နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော်)
ခင်ဦးကျောင်း၊ ခေမာသီဝံကျောင်းတိုက်၊
မြစ်ကြီးနား၊ ကချင်ပြည်နယ်။
ဦးကျော်သူ အကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်
အရှင်ဘဒ္ဒန္တအရိယာဘိဝံသ (မြဝတီဆရာတော်) မြဝတီမင်းကြီးကျောင်းတိုက်၊ မန္တလေးမြို့။
ဆရာတော်ဂျွန်စောယောဟန် အထွေထွေအတွင်းရေးမှူး၊ CBCM ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် လက်ထောက်ဆရာတော်
အရှင်ဘဒ္ဒန္တစိန္တိတ (အာရှအလင်းရောင်ဆရာတော်) အာရှအလင်းရောင်ကျောင်းတိုက်၊ ပြင်ဦးလွင်။
ဆရာတော်ဘာစီးလီယိုအားသိုက် အဖွဲ့ဝင်၊ CBCM
တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်သာသနာ ပိုင် ဆရာတော်
အရှင်ဝိဇယ (ဝါရှောင်ဆရာတော်) ဝါရှောင်ကျောင်းတိုက်၊ ဝါရှောင်ကျေးရွာ၊ ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်။
ဆရာတော်မာကုတင်ဝင်း အဖွဲ့ဝင်၊ CBCM မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်
အရှင်နာယက
(ဖောင်တော်ဦးဆရာတော်)
ဖောင်တော်ဦးကျောင်းတိုက်၊ မန္တလေးမြို့။
ဆရာတော်အလက်ဇန္ဒားပြုံးချို
အဖွဲ့ဝင်၊ CBCM ။ ပြည်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်
အရှင်ဝိသုဒ္ဓ(ဦးဇင်းပိန်) ရတနာဦးကျောင်းတိုက်၊ မိတ္ထီလာမြို့။
ဆရာတော်ရေမွန်စောဖိုးရေ အဖွဲ့ဝင်၊ CBCM မော်လမြိုင်ကက်သလစ်ဂိုဏ်းအုပ်သာသနာ ပိုင် ဆရာတော်
အရှင်ဣန္ဒဝံသ သန္တာမြေ ဘိုးဘွားဓမ္မရိပ်သာ၊ ကျောက်ဖြူမြို့ ၊ ရခိုင်ပြည်နယ်။
ဆရာတော်ဂျက်စတင်းစောမင်းသိုက် အဖွဲ့ဝင်၊ CBCM၊ ဘားအံကက်သလစ် ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်
အရှင်သုဓမ္မစာရ သုဝဏ္ဏဗောဓိရွှေညောင်ပင်ကျောင်းတိုက်၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်။
ဆရာတော်ဖရန်စစ်ဒေါ့တန် အဖွဲ့ဝင်၊ CBCM မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ် သာသနာပိုင်ဆရာတော်
အရှင်မဏ္ဍလာလင်္ကာရ ဒဟတ္တာပရိယတ္တိစာသင်တိုက် မန္တလေးမြို့။
ဖါသာရ်မီတာ အားနွေ ကျိုင်းတုံကက်သလစ်သာသနာတာဝန်ခံ ဘုန်းတော်ကြီး
မွန်သီဦးသောင်းမြင့် ရှေ့ဆောင်ဆရာတော်၊ ကွန်းပင်သာဗလီ၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။
ဆရာတော်ရေမွန်ဆွမ်လွတ်ဂမ် အဖွဲ့ဝင်၊ CBCM ဗန်းမော်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်
သိက္ခာတော်ရဆရာဦးမန်းပါမာစတန်
အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များ ကောင်စီ
ဆရာတော်ဖိလစ်လစပ်ဇာဟောင်း အဖွဲ့ဝင်၊ CBCM လားရှိုးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်
ဒေါက်တာလှထွန်း
ညှိနှိုင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူအဖွဲ့ချုပ်
အမြုတေအဖွဲ့ဝင်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (RFP-M)
ဆရာတော်လူးချိအူးစ်ဟရယ်ကုန်း အဖွဲ့ဝင်၊ CBCM
ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်
ဂိုဏ်းချုပ်ဆရာတော်နီကောလာ(စ်)မန်ထန်
အဖွဲ့ဝင်၊ CBCM မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော် (ငြိမ်း)
ဆရာတော်လူးကပ်စ်ဒေါင်ဇယ် အဖွဲ့ဝင်၊ CBCM
လားရှိုးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်
လက်ထောက် ဆရာတော်
ဂိုဏ်းချုပ်ဆရာတော်ပေါလ်ဇိန်ထုံးဂရောင် အဖွဲ့ဝင်၊ CBCM မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော် (ငြိမ်း)
ဆရာတော်စတီးဖင်းတေျးဖဲ အဖွဲ့ဝင်၊ CBCM လွိုင်ကော်ကက်သလစ်ဂိုဏ်းအုပ်သာသနာ ပိုင်ဆရာတော်
ဂိုဏ်းချုပ်ဆရာတော်မာတိုင်ယာ(စ်)ဦးရွှေအဖွဲ့ဝင်၊ CBCM
တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် (ငြိမ်း)
ဆရာတော်ပီတာလှ
အဖွဲ့ဝင်၊ CBCM ဖယ်ခုံကက်သလစ် ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်
ဦးမြင့်ဆွေ
ဥက္ကဋ္ဌ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfP-M)
ဆရာတော်အိုက်ဇယ်ဓနု အဖွဲ့ဝင်၊ CBCM
တောင်ငူကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်
ဒေါ်ယဉ်ယဉ်မော် အထွေထွေအတွင်းရေးမှူး၊ ဘာသာပေါင်းစုံအမျိုးသမီးများကွန်ယက် ဥက္ကဋ္ဌ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfPM)
ဖါသာရ်ဂျော့ဂျ်ရွှေထွန်း
အမြူတေအဖွဲ့ဝင်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfP-M)
ပတ်ထရစ်အောင်တူး
စီမံချက်မန်နေဂျာ ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfPM)
ဘာသာပေါင်းစုံ အမျိုးသမီးများ ကွန်ယက်အဖွဲ့ဝင်များ WoFN, RfPM
ဘာသာပေါင်းစုံလူငယ်များ ကွန်ယက်အဖွဲ့ဝင်များ IYN, RfP-M
Photo courtesy of: Freepik
Add new comment