"မြန်မာနိုင်ငံအတွက် သတိတရနှင့် ဆုတောင်းပေးနေ မည်ဖြစ်ကြောင်း ကာဒီနယ်ဗင်းဆင့်နီကိုးလ် မှ သတင်းစကားပေးပို့''

"မြန်မာနိုင်ငံအတွက် သတိတရနှင့် ဆုတောင်းပေးနေ မည်ဖြစ်ကြောင်း ကာဒီနယ်ဗင်းဆင့်နီကိုးလ် မှ သတင်းစကားပေးပို့''

"မြန်မာနိုင်ငံအတွက် သတိတရနှင့် ဆုတောင်းပေးနေ မည်ဖြစ်ကြောင်း ကာဒီနယ်ဗင်းဆင့်နီကိုးလ် မှ သတင်းစကားပေးပို့''

မြန်မာနိုင်ငံအတွက် သတိတရနှင့် ဆုတောင်းပေးနေမည်ဖြစ်ကြောင်း သတင်းစကားကို ၂၀၂၂ ဒုတိယအကြိမ်မျက်နှာစုံညီအစည်းအဝေးမတိုင်မှီ

အင်္ဂလန် နှင့် ဝေးလ် ဆရာတော်ကြီးများအဖွဲ့ချုပ်ကိုယ်စား ကာဒီနယ်ဗင်းဆင့်နီကိုးလ် မှ ကာဒီနယ်ချားလ်စ်ဘို ထံပေးပို့လာပါသည်။

ကာဒီနယ်ဗင်းဆင့်နီကိုးလ် မှ

ညီရင်းအစ်ကိုပမာချစ်ခင်ရသော ကာဒီနယ်ချားလ်စ်ဘို နှင့် မြန်မာပြည်ရှိ ယုံကြည်သူဘာသာဝင်များ၊ သစ္စာသုံးပါးခံသီလသည်များ၊ ရဟန်းတော်များ နှင့် ဆရာတော်များအား အင်္ဂလန် နှင့် ဝေးလ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ နှုတ်ခွန်းဆက်သလိုက်ကြောင်း၊

မြန်မာပြည်သူပြည်သားတို့ ခံစားနေရသော ပြင်းထန်လှသည့်ဒုက္ခများသည် ဤရက်သတ္တပတ်တွင် ကျွန်ုပ်တို့ပြုလုပ်မည်ဖြစ်သော ၂၀၂၂ ဒုတိယအကြိမ်မျက်နှာစုံညီအစည်းအဝေးအချိန်အတွင်း

ကျွန်ုပ်တို့ရဲ့ စိတ်ထဲ၊ ဆုတောင်းမေတ္တာများထဲတွင် နက်ရှိုင်းစွာရှိနေမည်ဖြစ်ကြောင်း၊

အာဒ်ဝင်တူး ကာလကိုစတင်ဝင်ရောက်လာသကဲ့သို့ ကျွန်ုပ်တို့ရဲ့ ဆုတောင်းမေတ္တာနှင့်ပြည့်ဝသော အောက်မေ့သတိရမှု၊ ပေါင်းစည်းရှင်သန်မှုတို့လည်း သေချာစွာရှိနေမည်ဖြစ်ကြောင်း၊

ငြိမ်းချမ်းခြင်းရဲ့ရှင်ဘုရင်သည် ကျွန်ုပ်တို့နှလုံးသားထဲ၌ ကျိန်းဝပ်နေစေရန် ဆုမွန်ကောင်းတောင်းပေး အပ်ပါကြောင်း ရေးသားပေးပို့လာသည်။

ကာဒီနယ်ဗင်းဆင့်နီကိုးလ် သည် ဇန်နဝါရီလ ၂၀၂၀ တွင် စိန့်မေရီကာသီဒြယ်၌ ပြုလုပ်ခဲ့သော The Church's Response to Trafficking and Unsafe Migration - International Conference သို့တက်ရောက်ခဲ့ပြီး ခရစ်ယာန်များတစ်လုံးတစ်ဝတည်းရှိရေးဆုတောင်းပွဲနှင့် တနဂ်နွေနေ့မစ္ဆားတရားတွင် တရားဒေသနာတော်များဟောကြားပေးခဲ့ဖူးသူလည်းဖြစ်ပါသည်။

Crd: CBCM OSC

၂၄.၁၁.၂၀၂၂

#rvamyanmar #localchurchNews

Add new comment

5 + 2 =