#မြန်မာနိုင်ငံအတွက်ပုပ်ဖရန်စစ်မစ္ဆားတရား

#မြန်မာနိုင်ငံအတွက်ပုပ်ဖရန်စစ်မစ္ဆားတရား

မေလ (၁၆)ရက် တနင်္ဂနွေနေ့၊ သခင်ယေဇူး ကောင်းကင်ဘုံတက်တဲ့ ပွဲတော်နေ့ကြီးမှာ ရောမရောက် မြန်မာနိုင်ငံသားများနဲ့အတူမြန်မာနိုင်ငံအ တွက် ပုပ်ရဟန်းမင်းကြီး မစ္ဆားတရားဟောကြားမှာ ဖြစ်ပါတယ်။

အရှင်သူမြတ်ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာပြည်ကို အလည်အပတ်ခရီး ကြွရောက် လာ ခဲ့ပါတယ်။ ဖေဖော်ဝါရီလ မှစတင်ကာ စစ်အာဏာသိမ်းခံရပြီး မြန်မာနိုင်ငံမှာ အကြမ်း ဖက်မှုတွေ တိုးနေတာကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အနီး ကပ် စောင့်ကြည့် နေခဲ့ပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေကို အကျွန်ုပ် ‌အလေးထား တိုက်တွန်းချင်တဲ့ အချက်ကတော့ မညီညွတ်မှုအပေါ် သဟဇာတဖြစ်လာပြီး ဖိနှိပ်ချုပ်ခြယ်မှုတွေအစား တွေ့ဆုံဆွေးနွေးမှုနဲ့ အောင်မြင်နိုင်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း မြန်မာပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေကို အကြမ်း ဖက်မှုတွေနဲ့ မမွှန်းကျပ်စေနိုင်အောင် ဟန့်တားပေးကြဖို့ အကျွန်ုပ်တောင်းဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံမှာ သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန် လည်တည်ဆောက်ဖို့ အကျဉ်း ချထားတဲ့ နိုင်ငံရေး ခေါင်း ဆောင်တွေကို လွှတ်ပေးခြင်းအားဖြင့် ခိုင်မာတဲ့အပြုအမူနဲ့ ပြသဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် မစ္ဆားတရား ပူဇော်ခြင်း အခမ်း အနားကို ရောမစံတော်ချိန် နံနက် ၁၀ နာရီ (မြန်မာနိုင်ငံစံတော်ချိန် မွန်းလွဲ ၂:၃၀ နာရီ) အချိန်၊ ရောမမြို့ရှိ စိန့်ပီတာဘာစီးလိကား ဘုရားရှိခိုးကျောင်းတော်ကြီးမှာ ကျင်းပကြမှာ ဖြစ်ပါတယ်။

✍️ ထန်းဟာ, SJ

#PopeMassforMyanmar #PrayForMyanmar #prayer #vatican #popefrancis #MyanmarcitizininRome

Add new comment

8 + 5 =