မြန်မာနိုင်ငံအတွက်ဆုတောင်းပေးသည့် ဖိလစ်ပိုင်သာသနာနှင့် မီလန်ဂိုဏ်းချုပ်သာသနာ

မြန်မာနိုင်ငံအတွက်ဆုတောင်းပေးသည့် ဖိလစ်ပိုင်သာသနာနှင့် မီလန်ဂိုဏ်းချုပ်သာသနာ

မြန်မာနိုင်ငံအတွက်ဆုတောင်းပေးသည့် ဖိလစ်ပိုင်သာသနာနှင့် မီလန်ဂိုဏ်းချုပ်သာသနာ

~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့်သွေးထွက်သံယိုမှုများအဆုံးသတ်ကာ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် တရားမျှတမှုပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ဖိလစ်ပိုင်နိုင်ငံနှင့် အီတလီမြောက်ပိုင်းရှိ မီလန်ဂိုဏ်းချုပ်သာသနာတို့မှ ဆုတောင်းခြင်းများပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်သည်။

ပဏာမခြေလှမ်းအဖြစ် ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (Catholic Bishops’ Conference of the Philippines - CBCP) က တစ်နိုင်ငံလုံးရှိကက်သလစ်ဘာသာဝင်များအား မြန်မာပြည်ရှိကက်သလစ်သာသနာတော်နှင့် ပြည်သူလူထုအတွက်ဆုတောင်းပေးရန် တိုက်တွန်းခဲ့ သည်။ “မေလ (၃၀) ရက်၊ တနင်္ဂနွေနေ့သည် ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူပွဲနေ့ဖြစ်ပြီး၊ အခြေခံခရစ်ယာန် အသိုင်းအဝိုင်းတနင်္ဂနွေနေ့ (Basic Christian Community Sunday – BEC) အဖြစ် သတ်မှတ်ထား သည့်နေ့လည်းဖြစ်သည်။ ကျွနု်ပ်တို့၏ကာသီဒြယ်ဘုရားကျောင်းတော်များနှင့် တိုက်နယ်အသီးသီးရှိ ဘုရားကျောင်းများတွင် မစ္ဆားတရားတော်မြတ်ပူဇော်ရာ၌ မြန်မာပြည်မှ ဒုက္ခရောက်နေကြသောသူများ၊ အထူးသဖြင့် မြန်မာနိုင်ငံရှိကက်သလစ်သာသနာတော်အတွက် ထည့်သွင်းဆုတောင်းပေးကြမည် ဖြစ်သည်” ဟု CBCP ၏ဥက္ကဌဖြစ်သူ Davao ဂိုဏ်းချုပ်ဆရာတော်ကြီး Romulo Valles က မေလ (၂၆) ရက်၌ ရေးသားခဲ့သည်။

ဖေဖော်ဝါရီ (၁) ရက်နေ့တွင် စစ်တပ်မှအာဏာသိမ်းယူကာ ရွေးကောက်တင်မြှောက်ခံအစိုးရကို ဖြုတ်ချပြီး ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားဖမ်းဆီးထားချိန်မှစ၍ မြန်မာနိုင်ငံသည် မငြိမ်မသက်ဖြစ်နေသည်။ ထိုအချိန်ကတည်းက ဆန္ဒပြမှုများနှင့် လူထုမနာခံမှုများပေါ်ပေါက်လာခဲ့ပြီး၊ စစ်တပ်မှ ဆန္ဒပြသူများကိုရက်ရက်စက်စက်နှိမ်နင်းရာတွင် အနည်းဆုံး ပြည်သူ (၈၃၀) ကို သတ်ဖြတ်ခဲ့သည်။

ဘုရားကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်လာခြင်း

ဤပြဿနာသည် မြန်မာနိုင်ငံ၏စစ်တပ်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများအကြားမှ ပဋိပက္ခဟောင်းများကို ပြန်လည်ဖြစ်ပေါ်စေခဲ့သည်။ ဗုဒ္ဓဘာသာအများစုနေထိုင်သောမြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များသည်လူနည်းစုဖြစ်ပြီး လူဦးရေ (၅၄) သန်း၏ (၆.၂) ရာခိုင်နှုန်းသာရှိသည်။ စစ်တပ်၏ဖိနှိပ်မှုနှင့်မတရားမှုများကို ဆယ်စုနှစ်ပေါင်းများစွာကြုံတွေ့ခံစားခဲ့ရသော ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ် စသည့်ဒေသများတွင် နေထိုင်သူအများစုမှာ ခရစ်ယာန်များဖြစ်ကြသည်။ ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံ၏သုံးပုံတစ်ပုံ၊ အထူးသဖြင့် နယ်စပ်ဒေသများ၌ လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ ဤပဋိပက္ခများအတွင်း အရပ်သားအများသည် တိုင်းပြည်၏ပြင်ပတွင်ခိုလှုံခွင့်ရရန်ကြိုးပမ်းခဲ့ကြပြီး၊ အချို့မှာ တိုင်းပြည်အတွင်း၌ပင် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ၎င်းတို့အနက် များစွာသော ပြည်သူများသည် ဘုရားကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၌ လာရောက်ခိုလှုံခဲ့ကြသည်။ သို့သော် အရပ်သားများအတွက်လုံခြုံသည်ဟုယူဆရသော ဘုရားကျောင်းများကိုပင် စစ်တပ်က သနားညှာတာမှုမရှိခဲ့ချေ။

မြန်မာနိုင်ငံ၏အရှေ့ဘက် ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီးရှိ ကယန်းသာယာတိုက်နယ်မှ ယေဇူးရွှေနှလုံးတော်ဘုရားရှိခိုးကျောင်းအား ပြီးခဲ့သည့်တနင်္ဂနွေနေ့ညသန်းခေါင်အချိန်၌ စစ်တပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်သဖြင့် ပြည်သူ (၄) ဦးသေဆုံးပြီး၊ (၈) ဦးဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် ရန်ကုန်ဂိုဏ်းချုပ်သာသနာမှ ကာဒီနယ်ချားလ်စ်ဘိုက ဝတ်ပြုရာနေရာများအား တိုက်ခိုက်မှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (Catholic Bishops’ Conference of Myanmar - CBCM) ၏ဥက္ကဌဖြစ်သောကာဒီနယ်သည် ဘုရားရှိခိုးကျောင်းတိုက်ခိုက်မှုကို အပြင်းအထန်ရှုတ်ချခဲ့ပြီး၊ မိမိတို့တိုင်းပြည်၏ ကြီးစွာသောဝမ်းနည်းကြေကွဲဖွယ်အဖြစ်ဆိုးကြီးကို ရပ်တန့်ရန်လိုအပ်သည်ဟု မေလ (၂၅) ရက်နေ့က ပြောကြားခဲ့သည်။

ကာဒီနယ်ချားလ်စ်ဘို၏တောင်းဆိုချက်ကိုတုန့်ပြန်ခြင်း

“ဘုရားကျောင်းအတွင်းစုဝေးရောက်ရှိနေသောပြည်သူများအပေါ်ကျူးလွန်ခဲ့သည့် ဤကြောက်မက် ဖွယ်ကောင်းသော အကြမ်းဖက်မှုနှင့်ပတ်သက်သည့် ကာဒီနယ်ချားလ်စ်ဘို၏ သတင်းစကားသည် မြန်မာပြည်သူလူထုခံစားနေရသော ဒုက္ခဝေဒနာများကို ရှင်းလင်းစွာနှင့်နာကျင်စွာဖော်ပြသည်” ဟု ဂိုဏ်းချုပ်ဆရာတော်ကြီး Valles က သူ၏စာတွင်ရေးသားခဲ့သည်။

“မြန်မာပြည်သူတွေရဲ့ ဝမ်းနည်းဖွယ်ရာဆင်းရဲဒုက္ခတွေကို သတင်းတွေထဲမှာ ကျွနု်ပ်တို့ မြင်နေရ၊ နေကြားရတယ်။ ဒီလှပတဲ့ပြည်သူတွေအတွက် နေ့တိုင်းဟာ အကြမ်းဖက်မှုနဲ့ စိတ်ဆင်းရဲစရာနေ့တွေပဲ ဖြစ်နေတယ်” ဂိုဏ်းချုပ်ဆရာတော်ကြီး Valles က ဖိလစ်ပိုင်ဆရာတော်ကြီးများသည် မြန်မာပြည်ရှိ ကက်သလစ်ဘာသာဝင်များအား ဆုတောင်းခြင်းဖြင့်ပံ့ပိုးပေးလျက်ရှိကြောင်း စာတစ်စောင်ရေးသား ပေးပို့ခဲ့သည်ဟု ဆိုသည်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Karenni People’s Defense Force - KPDF) ဟုသိကြသော အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့နှင့် စစ်တပ်တို့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ကယားပြည်နယ်၊ ကယန်းသာယာရွာရှိ အနည်းဆုံးမိသားစု (၆၀) မှ လူပေါင်း (၃၀၀) ကျော်တို့သည် ယေဇူးရွှေနှလုံးတော်ဘုရားရှိခိုးကျောင်းတွင် ခိုလှုံခဲ့ကြကြောင်း ဒေသခံပြည်သူများမှတစ်ဆင့် ကြားသိရသည်။ ဗုံးပေါက်ကွဲမှုအပြီးတွင် အဆိုပါဘုရားကျောင်းအား သာသနာတော်မှတာဝန်ရှိသူများ လာရောက်ကြည့်ရှုသည့်အခါ ပြည်သူများအားလုံး တောထဲ၌ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီဖြစ်သည်။

UCA သတင်းဌာနမှဖော်ပြချက်အရ မေလ (၂၆) ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ စိန့်ဂျိုးဇက်ဘုရားရှိခိုးကျောင်းသည်လည်း စစ်တပ်၏ အမြှောက်ဖြင့်ပစ်ခတ်မှုကိုခံခဲ့ရကြောင်း သိရှိခဲ့ရ သည်။

မီလန်ဂိုဏ်းချုပ်သာသနာ

ဤအတောအတွင်း အီတလီနိုင်ငံမြောက်ပိုင်းရှိ မီလန်ဂိုဏ်းချုပ်သာသနာတော်ကြီးသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် မေလ (၂၉) ရက်၊ စနေနေ့တွင် ဆုတောင်းခြင်းအစီအစဉ်များရေးဆွဲကာ ဒေသစံတော်ချိန် (၁၀◌း၃၀) နာရီ၌ပြုလုပ်မည့် တိတ်ဆိတ်စွာဆုတောင်းခြင်း၊ ကမ္မဌာန်းထောက်ရှုခြင်းများ၌ပါဝင်ကြရန် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ မိသားစုများနှင့် ခရစ်ယာန်ဘာသာဝင်များအား ဖိတ်ကြားခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်ကြီး Mario Delpini က ဦးဆောင်ပြုလုပ်သွားမည့် ထိုအစီအစဉ်များကို မီလန်ဂိုဏ်းချုပ်သာသနာ၏ ယူကျုချန်နယ်တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိကက်သလစ်သာသနာတော်များ၏ တစ်လုံးတစ်ဝတည်းရှိမှု

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဒုက္ခများနှင့်ကြုံတွေ့နေရသည့်နိုင်ငံအတွင်း တွေ့ဆုံဆွေး နွေးရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့သည့် အပြင်၊ ရောမမြို့တွင်နေထိုင်ကြသော မြန်မာကက်သလစ်ဘာသာဝင်များအတွက် မေလ (၁၆) ရက်၊ သခင်ယေဇူး ကောင်းကင်ဘုံသို့တက်ကြွတော်မူသည့်တနင်္ဂနွေနေ့တွင် စိန့်ပီတာဘာစီးလီကာကျောင်း တော်ကြီး၌ မစ္ဆားတရားတော်မြတ်ပူဇော်၍ ဆုတောင်းပေးခဲ့သည်။

ဩဝါဒမြွက်ကြားရာတွင် “တစ်ဖက်သတ်အကျိုးစီးပွားများ၊ အမြတ်အစွန်းနှင့် အာဏာရယူလိုသည့် ဆန္ဒပြင်းပြလာသည့်အခါ ပဋိပက္ခများနှင့် ကွဲပြားမှုများသည် မလွှဲမရှောင်သာပြန့်ပွားသွားလိမ့်မည်” ဟု ပြောကြားခဲ့သည်။ “ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊ ယနေ့ကျွနု်ပ်သည် သခင်ဘုရား၏ လူမျိုးတော်များခံစားနေရသော ဆင်းရဲဒုက္ခအပေါင်းကို သခင်၏ယဇ်ပလ္လင်တော်ပေါ်၌ပူဇော်ရန်နှင့်၊ ဘုရားသခင်က စိတ်နှလုံးများအားလုံးကို ငြိမ်းချမ်းရေးသို့ပြောင်းလဲစေရန် သင်တို့၏ဆုတောင်းခြင်း၌ သင်တို့နှင့်အတူ ပါဝင်ဆုတောင်းပါသည်" ဟု ထပ်မံပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ဆရာတော်ကြီးများအဖွဲ့ချုပ်အသီးသီးတို့မှ မြန်မာပြည်သူများနှင့်လည်းကောင်း၊ မြန်မာကက်သလစ်သာသနာတော်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြောင်းကို ပြသခဲ့ကြသည်။

အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (FABC) ၏ဥက္ကဌလည်းဖြစ်သော ကာဒီနယ်ဘိုသည် မိမိတို့၏တိုင်းပြည်အတွင်းလိုအပ်နေသော ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ စည်းလုံးညီညွတ်မှုနှင့် လူ့ဂုဏ်သိက္ခာအတွက် မေလအတွင်း စိပ်ပုတီးစိပ်ခြင်းနှင့် ကိုယ်တော်မြတ်ဖူးမြော်ခြင်းများ၌ပါဝင်ကြရန် မြန်မာပြည်ရှိကက်သလစ်ဘာသာဝင်များကို အားပေးတိုက်တွန်းခဲ့သည်။

 

 

https://bit.ly/3uu7IEU

Crd: CBCM-OSC

Add new comment

8 + 9 =