မြန်မာနိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက် ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်မိသားစု အသင်း ဖွဲ့စည်းခဲ့ခြင်းသတင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက် ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်မိသားစု အသင်း ဖွဲ့စည်းခဲ့ခြင်းသတင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက် ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ် မိသားစုအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို မတ်လ(၁၄) ရက်နေ့က ရန်ကုန်မြို့ စိန်ဂျိုးဇက် ရဟန်းဖြစ် တက္ကသိုလ် ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပထမဦးစွာ အဖွင့်ဆုတောင်းခြင်း၊ တေးသီချင်းများ ချီးမွမ်းခြင်း၊ စာချ ရဟန်းတော် များနှင့် မိတ်ဆက်ပေးခြင်း၊ ကျောင်းအုပ်ဘုန်းတော်ကြီးမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ဆရာတော်မှသြဝါဒအမှာစကားမြွတ်ကြားခြင်း၊အလုပ်အမှုဆောင်များအားမိတ်ဆက်ပေးခြင်း၊ရှေ့လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခြင်း၊ အလှူရှင်များမှ အကြံပြုဆွေးနွေးတင်ပြခြင်း၊နှင့်ကျေးဇူးတင်စကားပြောြကားခြင်းများကိုလုပ်ဆောင် လုပ်ခဲ့ကြပါတယ်။

အဆိုပါ  ‘’ စိန်ဂျိုးဇက် ကက်သလစ် ရဟန်းဖြစ်တက္ကသိုလ် မိသားစု အသင်း “ ဖွဲ့စည်းခြင်း၌ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ အဖြစ်ရန်ကုန်ဂိုဏ်းချုပ် သာသနာ ပိုင်ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုမှ(နာယက-၁)၊ ရန်ကုန်ဂိုဏ်းချုပ်သာသနာ လက်ထောက်    ဆရာတော် ဂျွန်စောယောဟန်မှ - ( နာယက-၂)၊ Fr. Cyprian Aung Win မှ - ဥက္ကဌ ၊ ဉီးဂျွန်အောင်ဇော်ဉီးမှ ( ဒုဥက္ကဌ-၁)၊ ဉီးသောမတ်စ် ယူပီဂျီ မှ ( ဒုဥက္ကဌ-၂)၊ ဉီးကျော်မြင့်မှ ( ဒုဥက္ကဌ -၃)၊ Fr. John Hlwan Moe Naing မှ (အတွင်းရေးမှူး-၁)၊ ကိုဇေးဗီးယားမှ ( အတွင်းရေးမှူး-၂)၊ ဉီးမျိုးဟန်မှ ( အတွင်းရေးမှူး-၃)၊ Fr. Raymond Wai Lin Htun မှ (ဘဏ္ဍာရေးမှုး-၁)၊ ဉီးလှဝင်းမှ (ဘဏ္ဍာရေးမှုး-၂)၊ ဒေါ်ကြူကြူမှ (ဘဏ္ဍာရေးမှုး-၃)၊ ဒေါ်နန်းမှ (ဘဏ္ဍာရေးမှုး-၄)၊ ဉီးစိုးနိုင်မှ (စာရင်းစစ်) စသည်ဖြင့် အမှုဆောင် (၁၄) ဉီးနှင့်အတူ အဖွဲ့ဝင်(၁၀) ဉီး စသူတို့ဖြင့် ဗဟိုအလုပ် အမှုဆောင် ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါတယ်။

ရဟန်းဖြစ်တက္ကသိုလ် မိသားစုအသင်းဖွဲ့ခြင်းဟာ ရဟန်းဖြစ်တက္ကသိုလ်၏ မိသားစုသဖွယ် ဆုတောင်းပေးကြဖို့၊ အကြံဉာဏ်များ ပေးကြဖို့ ရန်အတွက် အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပြီးနောက် မတ်လ(၁၄)  ရက်နေ့ ၊ ညနေ က  မိသားစုအသင်းဖြစ်လာစေရန်အတွက် ဖိတ်ခေါ်ကျင်း ပခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုပွဲတော်သို့ တက်ရောက်လာသူပေါင်း (၈၇) ဉီး ရှိပြီး ထိုတက်ရောက်သူများအားလုံးသည် ရဟန်းဖြစ် တက္ကသိုလ် မိသားစုအသင်းဝင်များ ဖြစ်သွားကြပြီဖြစ်ကြောင်း  Fr.Brian ဗညား က ပြောြပခဲ့ပါတယ်။

စိန်ဂျိုးဇက်ရဟန်းဖြစ်တက္ကသိုလ်ကြီးသည်ရဟန်းလောင်းကိုရင်များ ဓမ္မပညာများ ဆည်းပူးရန်နှင့် ပြုစုပျိုးထောင်ရာ ကျောင်းတော်ကြီးအဖြစ် ရည်ရွယ်ဖွင့်လှစ်ခဲ့သော် လည်း ယခုမျက်မှောက်ခေတ်အခြေအနေအရ  ယုံကြည်သူဘာသာဝင်များလည်း ဓမ္မအသိပညာများတိုးပွားစရေန်အတွက် ဓမ္မပညာများအား သင်ကြားပို့ပေးချပေး နိုင်ရန်ကြိုးစားဆောင်ရွက်လျှက်ရှိနေတာကိုလည်း တွေ့ရှိရပါတယ်။ ၂၀၁၇ ခုနှစ်မှ စတင်၍ ကိုရင်များသာမက သူတော်စင်များနှင့် ဘာသာတူများအတွက် ဓမ္မပညာ ရပ် ဆိုင်ရာဒီပလိုမာသင်တန်းများကိုအပတ်စဉ်စနေနေ့တိုင်း ဖွင့်လှစ်ပို့ချပေးခဲ့တာကို လည်း တွေ့ရှိရပါတယ်။

 

ယခုအခါ ဘာသာတူများနှင့် သူတော်စင်များ လည်း ရဟန်းလောင်း ကိုရင်များနည်းတူ စာသင်နှစ်တစ်လျှောက်လုံး ရဟန်းဖြစ် တက္ကသိုလ်ကြီး၌ မိမိတို့ နှစ်သက်ရာ ဓမ္မပညာရပ် ဆိုင်ရာ ဘာသာရပ်များကို ရွေးချယ်လေ့လာသင်ယူနိုင်ရန် အတွက် ကြိုးပမ်း ဆောင်ရွက် နေပြီဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ထိုကဲ့သို့ ဖွင့်လှစ်နိုင်ရန်အတွက် ရဟန်းဖြစ်တက္ကသိုလ်အနေဖြင့် တာဝန်ခံ အကောင် အထည်ဖော်လုပ်ဆောင်မည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

 

 ရဟန်းဖြစ် တက္ကသိုလ်အနေဖြင့် စာချပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ရန်နှင့် ပညာတော်သင် စေလွှတ်ရမည့်ပုဂ္ဂိုလ်များအား စီစစ်ရွေးချယ်ရန် ၊၎င်းတက္ကသိုလ်၌ ရဟန်းလောင်း များအား လေ့ကျင့်ပျိုး ထောင်ခြင်းအား‌ဆောင်ရွက်ရမည့် ရဟန်းအား စီစစ်ရွေးချယ်ရန် ၊ ကျောင်းဆောင်များ ၊ စာသင်ခန်းများနှင့် ရုံးခန်းများ ဖွင့်လှစ်တည် ဆောက်ရန်စတဲ့ မျှော်မှန်းချက်များဖြင့် အကောင်အထည် အဖော်လုပ်ဆောင် သွားမည် ဖြစ် ကြောင်းလည်း သိရှိရပါတယ်။

ထိုမျှော်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ရဟန်းဖြစ် တက္ကသိုလ်ကြီးအားလည်း မွမ်းမံပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်ကြောင်း၊ ယခင်က ရဟန်းဖြစ်တက္ကသိုလ်ကြီးအား ရဟန်းမင်းကြီးဆိုင်ရာ သာသနာြပုအဖွဲ့အစည်း၏ အထောက်အပံ့ဖြင့် အဓိကလည်ပတ်၍ ပြည်းတွင်းပြည်ပအလှူရှင်များ၏ လှူဒါန်းမှုများ အားဖြင့် ရပ်တည်လာခဲ့ရာမှ ယခုအခါ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအဖွဲ့အစည်းမှ နှစ်စဉ်အထောက်အပံ့များကို လျော့ချလာပြီဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ရဟန်းဖြစ်တက္ကသိုလ်အနေဖြင့် အနာဂတ်ကာလတွင် မိမိဘာသာရပ် တည်ရတော့ဖြစ် ကြောင်း၊ ထို့အတွက်ကြောင့် မြန်မာပြည်မှ ကက်သလစ်ဘာသာဝင်များအနေဖြင့်လည်း ငွေကြေးအားဖြင့်သော်လည်းကောင်း၊ ဆုတောင်းမေတ္တာအားဖြင့်သော်လည်းကောင်း၊ သဒ္ဓါတရားထက်သန်စွာ ထောက်ပံ့ကူညီမှုများအား ရဟန်းဖြစ်တက္ကသိုလ်ကြီးမှ ကြိုဆိုလျက်ရှိနေကြောင်းလည်းအသိပေးအပ်ပါတယ်။

Photos Credit : Sr.Rosa
News by - Pinky

 

 

Add new comment

18 + 2 =