မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ၌ပါဝင်မည့်စကားဝိုင်းဆွေးနွေးပွဲအတွက်မန္တလေးကက်သလစ်ဂိုဏ်း ချုပ်သာသနာမှ ဝင်ရောက်ဆွေးနွေးမည့် လူငယ်တာဝန်ခံဘုန်းတော်ကြီးနှင့် လူငယ်ကိုယ်စားလှယ်ရွေးချယ်သည့်စည်းဝေးပွဲကျင်းပခြင်း ။ (၄.၁၀.၂၀၁၉)

Unicode :
မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ၌ပါဝင်မည့်စကားဝိုင်းဆွေးနွေးပွဲအတွက်မန္တလေးကက်သလစ်ဂိုဏ်း ချုပ်သာသနာမှ ဝင်ရောက်ဆွေးနွေးမည့် လူငယ်တာဝန်ခံဘုန်းတော်ကြီးနှင့် လူငယ်ကိုယ်စားလှယ်ရွေးချယ်သည့်စည်းဝေးပွဲကျင်းပခြင်း ။
(၄.၁၀.၂၀၁၉)
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကော်မရှင်မှ ဦးစီးကျင်းပမည့် ကက်သလစ် လူငယ်ညီလာခံ၌ ပါဝင်မည့် (Panel Discussion ) စကားဝိုင်းဆွေးနွေးအပွဲအတွက် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ လူငယ်တာဝန်ခံ ဘုန်းတော်ကြီများ၊ လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစည်းဝေးပွဲကို (၄.၁၀.၂၀၁၉) နေ့က ချမ်းသာကုန်း စိပ်ပုတီးမယ်တော်ကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့ပါသည်။
စကားဝိုင်းဆွေးနွေးပွဲ၌ ဂိုဏ်းချုပ်သာသနာကိုယ်စားပြု လူငယ်တစ်ဦးသာပါဝင်ရမည်ဖြစ်ပါသည်။ မန္တလေးကက် သလစ် ဂိုဏ်းချုပ်သာသနာ ကိုယ်စားပြု ဆွေးနွေးပြောဆိုရန်အတွက် အစည်းအဝေး၌ မန္တလေး၊မြစ်ကြီးနား၊လားရှိုး၊ဟားခါး ၊ဗန်းမော်၊ကလေး သာသနာ လူငယ်ခေါင်းဆောင်များထဲမှ လူငယ်ညီလာခံ စကားဝိုင်းဆွေးနွေးပွဲ၌ ဝင်ရောက်ဆွေးနွေးရန် မြစ်ကြီးနားသာသနာမှ မ မနောနှင်းချယ်ရီ အား မန္တလေးဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ကိုုယ်စားပြုအနေဖြင့် ရွေးချယ်ခဲ့ကြပါသည်။လူငယ်တာဝန်ခံဘုန်းတော်ကြီးများထဲမှ ကလေးသာသနာမှ Fr. Joseph ပေါင်လန်ခန်းအား ရွေးချယ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ကော်မရှင်မှ တာဝန်ခံဘုန်းတော်ကြီးနှင့် လူငယ်များသည် ယခုတပတ်အတွင်း သာသနာအသီးသီးသို့သွားရောက်လျှက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်လျှက်ရှိနေပါသည်။၎င်းတို့သည် တောင်ကြီးဂိုဏ်းချုပ်သာသနာ (၅)ခုအတွင်းမှ လူငယ်တာဝန်ခံဘုန်းတော်ကြီးများ ၊လူငယ်ကိုယ်စားလှယ်များနှင့်လည်းတွေ့ဆုံခဲ့ပြီး မန္တလေးသို့ ထွက်ခွာလာခဲ့ကြခြင်းဖြစ်ပါသည်။ မန္တလေးမှ ဘားအံသာသနာသို့ ခရီးဆက်ကြမည်ဟုလည်းသိရှိရပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကော်မရှင်မှ ဦးစီးကျင်းပမည့် ကက်သလစ်လူငယ်ညီလာခံ ( MNCYF ) ကြီးအား ၂၀၁၉ ခုနှစ် နို်ဝင်ဘာလ(၂၆)ရက်နေ့မှ(၂၉)ရက်နေ့ထိရန်ကုန်မြို့တွင်းကျင်းပပြုလုပ်သွားမည်ဟုသိရှိရပါသည်။
Photos News – Pinky

 

Zawgyi :
ျမန္မာႏုိင္ငံလံုးဆိုင္ရာလူငယ္ညီလာခံ၌ပါ၀င္မည့္စကား၀ိုင္းေဆြးေႏြးပြဲအတြက္မႏၱေလးကက္သလစ္ဂိုဏ္း ခ်ဳပ္သာသနာမွ ၀င္ေရာက္ေဆြးေႏြးမည့္ လူငယ္တာ၀န္ခံဘုန္းေတာ္ႀကီးႏွင့္ လူငယ္ကိုယ္စားလွယ္ေရြးခ်ယ္သည့္စည္းေ၀းပြဲက်င္းပျခင္း ။
(၄.၁၀.၂၀၁၉)
ျမန္မာႏုိင္ငံလံုးဆုိင္ရာ လူငယ္ေကာ္မရွင္မွ ဦးစီးက်င္းပမည့္ ကက္သလစ္ လူငယ္ညီလာခံ၌ ပါ၀င္မည့္ (Panel Discussion ) စကား၀ိုင္းေဆြးေႏြးအပြဲအတြက္ မႏၱေလးကက္သလစ္ဂိုဏ္းခ်ဳပ္သာသနာမွ လူငယ္တာ၀န္ခံ ဘုန္းေတာ္ႀကီမ်ား၊ လူငယ္ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႔ဆံုစည္းေ၀းပြဲကို (၄.၁၀.၂၀၁၉) ေန႔က ခ်မ္းသာကုန္း စိပ္ပုတီးမယ္ေတာ္ေက်ာင္း၀င္းအတြင္း၌ ျပဳလုပ္ခဲ့ပါသည္။
စကားဝိုင္းေဆြးေႏြးပြဲ၌ ဂိုဏ္းခ်ဳပ္သာသနာကိုယ္စားျပဳ လူငယ္တစ္ဦးသာပါ၀င္ရမည္ျဖစ္ပါသည္။ မႏၱေလးကက္ သလစ္ ဂိုဏ္းခ်ဳပ္သာသနာ ကိုယ္စားျပဳ ေဆြးေႏြးေျပာဆိုရန္အတြက္ အစည္းအေ၀း၌ မႏၱေလး၊ျမစ္ႀကီးနား၊လားရႈိး၊ဟားခါး ၊ဗန္းေမာ္၊ကေလး သာသနာ လူငယ္ေခါင္းေဆာင္မ်ားထဲမွ လူငယ္ညီလာခံ စကား၀ိုင္းေဆြးေႏြးပြဲ၌ ၀င္ေရာက္ေဆြးေႏြးရန္ ျမစ္ႀကီးနားသာသနာမွ မ မေနာႏွင္းခ်ယ္ရီ အား မႏၱေလးဂိုဏ္းခ်ဳပ္သာသနာလံုးဆုိင္ရာ လူငယ္ကိုုယ္စားျပဳအေနျဖင့္ ေရြးခ်ယ္ခဲ့ၾကပါသည္။လူငယ္တာ၀န္ခံဘုန္းေတာ္ႀကီးမ်ားထဲမွ ကေလးသာသနာမွ Fr. Joseph ေပါင္လန္ခန္းအား ေရြးခ်ယ္ခဲ့ၾကပါသည္။
ျမန္မာႏုိင္ငံလံုးဆုိင္ရာလူငယ္ေကာ္မရွင္မွ တာ၀န္ခံဘုန္းေတာ္ႀကီးႏွင့္ လူငယ္မ်ားသည္ ယခုတပတ္အတြင္း သာသနာအသီးသီးသို႔သြားေရာက္လွ်က္ ယခုကဲ့သုိ႔ ေတြ႔ဆံုေဆြးေႏြးမႈမ်ားကို လုပ္ေဆာင္လွ်က္ရွိေနပါသည္။၎တို႔သည္ ေတာင္ႀကီးဂိုဏ္းခ်ဳပ္သာသနာ (၅)ခုအတြင္းမွ လူငယ္တာ၀န္ခံဘုန္းေတာ္ႀကီးမ်ား ၊လူငယ္ကိုယ္စားလွယ္မ်ားႏွင့္လည္းေတြ႕ဆံုခဲ့ၿပီး မႏၱေလးသို႔ ထြက္ခြာလာခဲ့ၾကၿခင္းျဖစ္ပါသည္။ မႏၱေလးမွ ဘားအံသာသနာသို႔ ခရီးဆက္ၾကမည္ဟုလည္းသိရွိရပါသည္။
ျမန္မာႏုိင္ငံလံုးဆုိင္ရာ လူငယ္ေကာ္မရွင္မွ ဦးစီးက်င္းပမည့္ ကက္သလစ္လူငယ္ညီလာခံ ( MNCYF ) ၾကီးအား ၂၀၁၉ ခုႏွစ္ ႏုိ္၀င္ဘာလ(၂၆)ရက္ေန႔မွ(၂၉)ရက္ေန႔ထိရန္ကုန္ၿမိဳ႕တြင္းက်င္းပျပဳလုပ္သြားမည္ဟုသိရိွရပါသည္။
Photos News – Pinky

 

Add new comment

8 + 3 =