မြန်မာနိုင်ငံရှိအကြမ်းဖက်မှုများအားအဆုံးသတ်ရန်ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှထပ်မံတောင်းဆို

မြန်မာနိုင်ငံရှိအကြမ်းဖက်မှုများအားအဆုံးသတ်ရန်ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှထပ်မံတောင်းဆို

*****************************************************************************

ကျွန်ုပ်သည်လည်း မြန်မာပြည်၏လမ်းမများပေါ်တွင် ဒူးထောက်ကာ အကြမ်းဖက်မှုများ အဆုံးသတ်ကြရန် တောင်းဆိုပါသည်။

လုံခြုံရေးတပ်ဖွဲ့များသည် အာဏာသိမ်း မှုဆန့် ကျင်ဆန္ဒပြသူများအားရက်စက်စွာနှိမ်နှင်းမှုများ နှင့် မြန်မာနိုင်ငံရှိ အကြမ်းဖက် မှုများ အားအဆုံးသတ်ရန် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်မှ ထပ်မံတောင်းဆိုခဲ့သည်။

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူ‌ထုတွေ့ဆုံခြင်း မှာ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ  မြန်မာ ပြည်သူလူထုများ၊ အထူးသ ဖြင့် လူငယ်များသည် မိမိတို့တိုင်းပြည်၏ အနာဂတ်လှပရေးအတွက် မျှော်လင့်ချက်များ‌ ဝေမျှရင်း အသက်စွန့်နေရသော အလွန်ဆိုးရွားလှသည့်အခြေအနေကို ဝမ်းနည်းစွာ ထပ်မံကြားသိရပါသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်သည်လည်း ‘’ မြန်မာပြည်၏လမ်းမများပေါ်တွင် ဒူးထောက်ကာ အကြမ်းဖက်မှုများ အဆုံးသတ်ကြရန် နှင့် ကျွန်ုပ်၏ လက်များကို ဆန့်တန်းကာဆွေးနွေးညှိနှိုင်းမှု အောင်မြင်ရမည်ဟု" တောင်းဆိုပါသည်။

မြစ်ကြီးနားသာသနာနယ်တွင်တာဝန်ထမ်းဆောင်နေသော ဖရန်စစ်ဇေးဗီးယာ အသင်း ဂိုဏ်းဝင် စစ္စတာ ရိုစား နူးတောင် ၏ ရဲရင့်သော လုပ်ရပ်အပေါ် လည်းချီးကျူး ဖေါ်ပြခဲ့ပါသည်။

ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရွေးကောက် တင်မြှောက်ထားသော အစိုးရ အားဖြုတ်ချခြင်း၊ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခြင်း၊ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအတွင်းမငြိမ်မသက်မှုများဖြစ်ခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့များပြင်းထန်စွာနှိမ်နင်းခဲ့သော်လည်းဆန္ဒပြမှုများနှင့်စစ်တပ်အာဏာသိမ်းမှုအပေါ်ဆန့်ကျင်‌သောလူထုဆန္ဒပြမှုများ၊ အမိန့်မနာခံရေး လှုပ်ရှားမှုများ ဆက်လက် ဖြစ်ပေါ်လျှက်ရှိနေပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ဖေါ်ပြချက်အရ ဆန္ဒပြသူ ၁၈၀ ကျော်သေဆုံးခဲ့ပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်ဆရာတော်ကြီးများ၏ညီလာခံများ၊ ဦးဆောင် ဆရာ‌ တော်ကြီးများနှင့် အတူ ရဟန်းမင်းကြီးမှ ရွေးကောက် တင်မြှောက် ခံ ခေါင်းဆောင်များလွတ်မြောက်ရန်၊ နှင့် ဒီမိုကရေစီကိုပြန်လည်ထူထောင်ရန်၊ ပြည်သူတို့၏တရားဝင်တောင်းဆိုချက်မျာနှင့် အတူတကွ တွေ့ဆုံ ဆွေးနွေး ရေးနှင့်ငြိမ်းချမ်းရေး ကိုဖော်ဆောင်ကြဖို့ အတွက်တောင်းဆိုခဲ့ပါသည်။

ဘာသာပြန် ဖာသာကြည်မောင်

Vatican News  https://bit.ly/3vBlGXh

Photo : Credit 

Add new comment

3 + 2 =