မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ကြဖို့ ပုပ်ဖရန်စစ်တောင်းဆို

လူထုတွေ့ဆုံခြင်းမှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ကြဖို့ တောင်းဆို လိုက်ပါတယ်။ စစ္စတာ ရိုဇားရဲ့ရဲရင့်တဲ့ ပုံသက်သေကိုလည်း ရဟန်းမင်းကြီးက ထောက်ပြပြီး ချီးကျူးခဲ့ပါတယ်။ 

လူပေါင်းများစွာ အထူးသဖြင့်လူငယ်များစွာဟာ သူတို့နိုင်ငံအနာဂတ် ကောင်းလာဖို့ မျှော်လင့်ချက်နဲ့ကြိုးစားရင်း အသက်စွန့်နေကြရတယ်။ ကျွန်ုပ်လည်း မြန်မာပြည်ရဲ့လမ်းမပေါ်မှာ ဒူးထောက်ရင်းနဲ့ "အကြမ်းဖက်မှုတွေ အဆုံးသတ်ကြပါ၊" လို့တောင်းဆိုပါတယ်။ ကျွန်ုပ်ရဲ့လက်တွေကို ဆန့်တန်းရင်းနဲ့ "ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ပါစေ၊"လို့ ဆန္ဒပြုပါတယ်။

သွေးထွက်သံယိုခြင်းနဲ့ ဘယ်အရာမှ မဖြေရှင်းနိုင်ပါဘူး။ ဆွေးနွေးညှိနှိုင်းခြင်း အောင်မြင်ပါစေ။ 

✍️ ထန်းဟာ, SJ

Add new comment

4 + 7 =