မြန်မာနိုင်ငံမှဒိုမိနီကန်ဘာရာသာရ်သုံးပါးရာသက်ပန်ကတိသစ္စာခံယူ

မြန်မာနိုင်ငံမှဒိုမိနီကန်ဘာရာသာရ်သုံးပါးရာသက်ပန်ကတိသစ္စာခံယူ

မြန်မာနိုင်ငံမှဒိုမိနီကန်ကိုရင်များဖြစ်ကြသော Stephen Saw Lej Kapaw Htoo, Marko Thoe Reh, and Francis Bu Ling တို့သည် ပြီးခဲ့သောဩဂုတ်လ (၈) ရက်နေ့က ဟောင်ကောင်၊ Kowloon Tong မြို့ရှိ၊ စိန့်ဂျိုးဇက်ကျောင်း၌ အသင်း သားများ ရှေ့တွင်မိမိတို့၏ ဘ၀ကို ဒိုမီနီကန်အသင်း၏ ကျင့်စဉ်အတိုင်းဘုရားသခင်အားရာသက်ပန်အပ်နှံပါမည်ဟုကတိသစ္စာကိုခံယူခဲ့ကြ သည်။

ကတိသစ္စာခံယူသည့်အခမ်း အနားကိုနံနက် (၇) နာရီအချိန်တွင် နံနက်မေတ္တာဖြင့်စတင်ခဲ့ပါသည်။ မစ္ဆားတရားကိုမူ ဒေသ န္တာရအကြီးအကဲဖြစ်သော Fray Bonifacio García Solis ဦးဆောင်ပူဇော်ပေးခဲ့သည်။ ဩဂုတ်လ (၈) ရက်သည် ဒိုမီနီကန်အ သင်းကို တည်ထာင်သောစိန့်ဒိုမီနိ၏ပွဲနေ့လည်းဖြစ်သည်။ မစ္ဆားဦးဆောင်ပူဇော်သောအ သင်း၏အကြီးအကဲက ရာ သက်ပန်ကတိသစ္စာကိုခံ ယူသောဘာရာသာရ်သုံးပါးတို့အား ယခုကဲ့သို့ရက်ရောစွာဘုရား သခင်၏ခေါ်သံကိုတုန့်ပြန်ဖြေကြားသည့်အတွက်ဂုဏ်ယူကြောင်း၊ ထို့အတူမိမိတို့၏သားလှရတနာများကိုရက်ရောစွာလှူဒါန်းပေးခြင်း၊ အားပေးအားမြောက်ပြု၍ ခက်ခဲသောဆုံးဖြတ်ချက်ကိုပြတ် သားစွာဆုံးဖြတ်ချက်ချနိုင်အောင်ကူညီပေးခဲ့ခြင်းများအတွက်ဘာရာသာရ်တို့၏ မိဘများကိုလည်းကျေးဇူးတင်ကြောင်း၊ သင်တို့ ကိုခေါ်တော်သောဘုရားသခင်ကိုကျေးဇူးတင်ထိုက်ကြောင်း၊ ဘုရားသခင်၏ကောင်းကြီးများဆက်လက်သွန်း လောင်း ၍သင်တို့အား ကူပါစေ၊ သင်တို့အားအလင်းများပေးပါစေ၊ ကျန်ရှိသောပြုစုပျိုးထောင်ရေးကာလတစ်ယောက် ၌ လည်းဆက်လက်၍ စောင့် ရှောက် ပါစေကြောင်း၊ ဘုရား သခင်သည်သင်တို့အားခေါ်သောသူဖြစ်ပြီးကြောင်း၊ ထို့ ကြောင့်သင်တို့၏ ဘ၀တ လျှောက်၌သူ့အားယုံကြည် စွာဖြင့်တိုးလျှိုးအားကိုးပါ။ အစေခံပါ။ ဆက်ကပ်အပ်နှံပါ။ ဆုတောင်းခြင်း၌အားကြီးသူများဖြစ်ပြီး၊ အသင်းအဖွဲ့နှင့်နေထိုင်တတ် ကြပါစေ။ ဤအချက်နှစ်ချက်သည်ဒိုမီနီကန်တို့၏ဘ၀၌အလွန်အခရာကျလှသည်။ အဘယ်ကြောင့်ဆိုသော်ဒိုမီနီကန်အသင်းအဖွဲ့ သည်သင့်မိသားစုအမှန်ဖြစ် သည်။

အများနှင့်ဆု တောင်းရသည့်ဆုတောင်းခြင်းများအပြင်၊ တစ်ကိုယ်တည်းပြုရသောဘုရား၀တ်များ ကိုလည်းလုံ့လစိုက်ထုတ်လုပ်ဆောင်ရမည်ကြီး လေးသော ၀တ္တရားတစ်ပါးဖြစ်သည်။ အကျိုး အမြတ်ကိုမတွက်ဘဲ အစေခံနိုင်ရန်ကြိုး စားပါ။ ကြုံလာမည်အခက်အခဲ၊ အဆင်မပြေမူများအတွက်လည်းပြင်ဆင်ထားပါ။ စိတ် ဓာတ်မကျစေပါနှင့်။ ကြုံတွေ့ရသောအခြေ အနေများကြောင့်သင့်တို့ကိုယ်သင်တို့နာကျင်ခံစားရသည့်အဖြစ်မျိုးမရောက်ရှိစေပါနှင့်။ ယနေ့သင်တို့သည်ရာသက်ပန်ကတိသစ္စာပြုကြတော့မည်ဖြစ် သည်။ ဤသို့ပြုခြင်းသည် သင်တို့ကိုယ်သင်တို့အသင်း ၏ဖွဲ့ စည်းပုံနှင့်တစ်ထပ်တည်းကျင့်ကြံရှင်သန်ရန်လုံး၀ဥသုန်အပ်နှံခြင်းဖြစ်ပြီး၊ မိမိအတွက်ဘာမျှချန်မထားတော့ပေ။ ထို့ကြောင့်အသင်း ၏ဖွဲ့စည်းပုံကညွှန်ကြားထားသမျှကိုဖြည့်ဆည်းရာတွင် အတင်းအကြပ်စေခိုင်းသကဲ့သို့မခံစားစေလိုပေ။ မိမိ ၏ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြင့်လွှတ်လပ်ပေါ့ပါးစွာရွေးချယ်လျှောက်လှမ်းစေလိုသည်။ အခြေအနေပေါ်မူတည်၍ပြုသောကတိသစ္စာသည်တရား မ၀င်သ ကဲ့သို့မအောင်လည်းမအောင်မြင်ပေ။ ယနေ့ဤကတိသစ္စာကိုခံယူခြင်းဖြင့်သင်တို့အားမည်သည့်ဖိအား၊ အတင်းအကြပ်စေခိုင်းခြင်း မရှိကြောင်းကိုလူသိရှင်ကြားအသိပေးလိုက်ခြင်းဖြစ်သည်။ သင်တို့သည်ဒိုမီနီကန်အသင်း ၀င်၏ခေါ်တော်မူခြင်းအသက်တာကိုရာ သက်ပန်သစ္စာရှိစွာစောင့်ထိန်မည်ဟုပြင်ဆင်လာခဲ့ပြီးဖြစ်သည်။

စိန့်သောမတ်စ်အကွီးနပ်စ်၏စကားကိုမမေ့ပါနှင့်။ သူက ‘သင်တို့၏ ကတိသစ္စာဆိုခြင်းသည် တရားတော်အတွက်အသက်အသေခံခြင်းနှင့်တူသည်။ အဘယ် ကြောင့်ဆိုသော် ဤဆက်ကပ်ခြင်းအမှု၌ သင်တို့၏ဘ၀ကိုဘုရားပိုင်၊ ဘုရားကြိုက်သည့်အတိုင်းအသုံးချပိုင်ခွင့်ပြုလိုက်သည်။ ဘုရားသခင်နှင့်မည်သည့်အခြေအနေ၌ဖြစ်စေ ခွဲမသွားမိစေနှင့်။ သင်တို့၏ ဘ၀ တူညီအစ်ကိုများ၏ လို အပ်ချက်များကိုလည်လစ်လျူမရူလေနှင့်။ ထောက်ပံ့ကူညီရန်လိုကလည်းအ မြဲအသင့် ရှိနေပါ။ နား ထောင်ရန်လိုလျှင်နားထောင်ပေးပါ။အချင်း ချင်း၏အားနည်းချက်၊ အမှား ၊ မပြည့်စုံမူများကိုနားလည်ခွင့်လွှတ် ရန်တွက်ကပ်မနေပါနှင့်။ အဘယ် ကြောင့်ဆိုသော်ကောင်းကင်ဘုံဆုတောင်းမေ တ္တာ၌ရွတ်ဆိုသကဲ့သို့အ ခြားသူ၏အပြစ်၊ အမှား၊ အား နည်းချက်များကိုခွင့်လွှတ်လျှင့်မိမိ၏အပြစ်အမှားများကိုလည်းခွင့်လွှတ်ခြင်းခံရမည်ဟုဩ၀ါဒချွေခဲ့သည်။

ဘာသာပြန် - ဖာသာရ် ကလဲမင့်အားတယ်

https://bit.ly/2XYLNIl

Add new comment

3 + 3 =