မြန်မာနိုင်ငံနှင့်အတူတစ်သားတည်းရှိကြောင်းဖိလစ်ပိုင်ကက်သလစ်ဘာသာတူများရဲ၀ံ့စွာထုတ်ဖော်ပြခဲ့ကြ၍မြန်မာအသင်းတော်းကျေးဇူးတင် 

မြန်မာနိုင်ငံနှင့်အတူတစ်သားတည်းရှိကြောင်းဖိလစ်ပိုင်ကက်သလစ်ဘာသာတူများရဲ၀ံ့စွာထုတ်ဖော်ပြခဲ့ကြ၍မြန်မာအသင်းတော်းကျေးဇူးတင် 

မြန်မာနိုင်ငံနှင့်အတူတစ်သားတည်းရှိကြောင်းဖိလစ်ပိုင်ကက်သလစ်ဘာသာတူများရဲ၀ံ့စွာထုတ်ဖော်ပြခဲ့ကြ၍မြန်မာအသင်းတော်းကျေးဇူးတင် 

            ဖိလစ်ပိုင်နိုင်ငံမှ ကက်သလစ်ဘာသာ၀င်များသည် နိုင်ငံရေးအကြပ်အတည်းနှင့်လည်းကောင်း၊ ကပ်ရောဂါဆိုး တတိယလှိုင်း၏တိုက်ခိုက်မှုကိုလည်းကောင်း  ဆိုး၀ါးစွာကြုံတွေ့ဖြတ်သန်း နေရသော မြန်မာပြည်သူများနှင့်အတူ တစ်သားတည်းရှိကြောင်းရပ်တည် ထုပ်ဖော်ပြသခဲ့သည့်အတွက် မြန်မာကက်သလစ်များက အလွန်ကျေးဇူးတင်နေကြသည်။

            ကျွန်ုပ်တို့၏သမိုင်း၌ကျန်ရစ်စေမည့်အဖြစ်နှင့်ကြုံတွေ့ခံစားနေရချိန် ယခုကဲ့သို့သင်တို့၏ရပ်တည်ပြမှုသည်အ လွန်အားတက်စေသောလုပ်ရပ်ဖြစ်ပါသည်’ ဟု ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်ဘိုက ဖိလစ်ပိုင်နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌ ဂိုဏ်းချုပ်ဆရာတော် Romulo Valles ထံရေးသားပေးပို့ခဲ့သည်။             

            ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ဇူလိုင် (၁၉) ရက်နေ့၊ တနလ်ာနေ့ကို ‘မြန်မာပြည်သူများ နှင့်အတူရပ်တည်သောနေ့’ အဖြစ်ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတစ်၀ှမ်းရှိကက်သလစ်ဘာသာတူများအား ၄င်းတို့ ၏ဘုရားကျောင်းများရှိခေါင်းလောင်းများကိုလည်း မွန်းတည့်ချိန်နှင့်ညနေ (၆) နာရီအချိန်များ၌ထိုးပေးကြရန်တိုက်တွန်း ခဲ့သည်။ မြန်မာပြည်အတွက် အထူးဆုတောင်းပေးရန်ဆုတောင်းမေတ္တာတစ်ပုဒ်ကိုလည်း ဖြန့်ထားပေးသည်။

            မြန်မာနိုင်ငံသည် နိုင်ငံရေးလှိုင်း၊ ကပ်ရောဂါလှိုင်းလုံးများကိုအလူအလဲခံနေရစဉ် ဖိလစ်ပိုင်နိုင်ငံမှ ကက်သလစ် ဘာသာတူများက မြန်မာပြည်သူများနှင့်တစ်သားတည်းရှိကြောင်းပြသပေးခြင်းအတွက် အလွန်နှစ်ထောင်းအားရပီတိ ဖြစ်ခဲ့ရကြောင်း၊ ဇူလိုင်လ (၁၉) သည် မြန်မာပြည်လွတ်လပ်ရေးရအောင်ကြိုးပမ်းနေရင်း လုပ်ကြံခံခဲ့ရသောနေ့လည်း ဖြစ်ကြောင်း၊ ထိုနေ့ကိုပင် အဓိပ္ပါယ်ရှိစွာ ဖိလစ်ပိုင်ကက်သလစ်ဘာသာတူများက မြန်မာပြည်သူများအတွက်ဆုတောင်း ပေးခဲ့ကြောင်း၊ အကြပ်အတည်းပေါင်းများစွာနှင့်ကြုံနေရစဉ် စာနာသောအားဖြင့်ယခုကဲ့သို့ မားမားမတ်မတ်ရပ်တည် ပေးခြင်းအတွက်ကျေးဇူးတင်မဆုံးသကဲ့သို့ မေ့ပျောက်နိုင်မည်မဟုတ်ကြောင်း၊ သင်တို့ဆရာတော်ကြီးများအဖွဲ့ချုပ်၏ တစ်နိုင်ငံလုံးရှိကက်သလစ်ဘာသာတူများသို့ ကြေညာချက်ထုတ်၍  ပြတ်သားစွာ ရပ်တည်ပြခဲ့ခြင်းကြောင့်အတော် အံ့ဩမှင်တေသွားခဲ့ရကြောင်း၊ အလွန်လေးစားအပ်သောအပြုအမူဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် မြန်မာပြည်သူများ ကို ပညာများလေ့ကျင့်သင်ကြားပေးပြီး၊ ကိုယ်ရည်ကိုယ်သွေးများမြင့်တင်ပေးခဲ့ကြောင်း၊

          ဇူလိုင်လ (၁၉) ရက်နေ့ကို ‘မြန်မာပြည်သူများနှင့်တစ်သားတည်းရှိကြောင်းပြသသောနေ့’ အဖြစ်ကြေညာခြင်းသည် ဒုတိယလှုပ်ရှားမှုဖြစ်ပါသည်။ ပြီးခဲ့ သော မေလ (၃၀) ရက်နေ့ကလည်း ဖိလစ်ပိုင်ဘုရားကျောင်းများ၌ မြန်မာပြည်၏ငြိမ်းချမ်းရေးအတွက်ရည်ရွယ်၍ မစ္ဆား တရားများပူဇော်ဆုတောင်းပေးသည့်လှုပ်ရှားမှုကိုလည်းပြုလုပ်ပေးခဲ့သည်။ ထို့အတူ ရဟန်းမင်းကြီးအပါအ၀င် အခြား သောနိုင်ငံမှကက်သလစ်ဘာသာတူများလည်းမြန်မာပြည်သူများနှင့်တစ်သားတည်းရှိကြောင်း၊ ဆုတောင်းပေးနေ ကြောင်းများကိုနည်းလမ်းသွယ်သွယ်ဖြင့်ထုတ်ဖော်ပြသခဲ့ကြသည်။  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3zvnItg

Add new comment

9 + 9 =