မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံရုံးတာ၀န်ခံ Msgr. Andrea Ferrante မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာသို့ ကြွရောက်

မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံရုံးတာ၀န်ခံ Msgr. Andrea Ferrante မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာသို့ ကြွရောက်

၇ ၊ ၇ ၊ ၂၀၂၄ ( တနင်္ဂနွေနေ့ )

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာရှိသိုးစုထံသို့ ၊ မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံရုံးတာ၀န်ခံ Msgr. Andrea Ferrante ဟာ ဂျူလိုင်လ (၇) ရက်၊ တနင်္ဂနွေနေ့မှာ ကြွ​ေရာက်ခဲ့ပါတယ်။

အစီအစဉ္ကို နံနက် ( ၇း၀၀ ) နာရီ ကျေးဇူးတင်မစ္ဆားတော်မြတ်ဖြင့် မွန်ဆီညော် အန်ဒရေယာ ဖယ်ရဲန်းသယ် မှ ဉီးဆောင်ပူဇော်ခဲ့ပြီး အဖဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်၀င်း မှ မစ္ဆားတရားကို ဘုရားစင် အတွင်းခန်းမှ နေ၍ တက်ရောက်ကာ ပါ၀င်ပေးခဲ့ပါတယ်။

မွန်ဆီညော်မှ သိုးထိန်းဆရာတော်နှင့်အတူ၊ ရဟန်း ကိုရင် သီလရှင်များ ဘာသာ၀င်များ နှင့်တွေ့ဆုံရ ခြင်းအတွက် ၀မ်းမြောက်မိပါကြောင်းဆိုရင်း သူက

"ကျွန်ုပ်တို့ တစ်ဉီးစီဟာ ရှုပ်ထွေးလှတဲ့ ကမ္ဘာကြီးမှာအသက်ရှင်နေကြချိန်မှာ ကျွနု်ပ်တို့ရဲ့ ယုံကြည်ခြင်း Faith ကို သက်သေခံကြရပါတယ်။ အဲ့လိုသက် သေခံကြတဲ့ အခါ မျှော်လင့်ချက် Hope ဆိုတာရှိတယ်။ ဒီမျှော်လင့်ချက်နဲ့ပဲ အသက်ရှင်ကြရတယ် ဒီမျှော်လင့်ချက်နဲ့ပဲ တယောက်ကိုတယောက် အားပေးကြရတယ်။ ကျွန်ုပ်တို့မှာ ဘာတွေပဲရှိရှိ ၊ ဘာတွေပဲပိုင်ပိုင် ၊ မျှော်လင့်ချက်မရှိဘူး ယုံကြည်ချက်မရှိဘူးဆိုရင် အလကားပါပဲ။ ကိုယ့်အစီအစဉ္နဲ့ ကိုယ့်အိုင်ဒီယာနဲ့ သွားတာမျိုးမဟုတ်ပဲ ဘုရားဖန်ဆင်းတဲ့၊ ဘုရားစီစဉ္တဲ့ အစီအစဉ္အတိုင်းသွားပြီး လက်တွဲလုပ်ကြတယ် ၊ စောင့်ရှောက်ကြတယ် ၊ ယိုင်းပင်းကူညီကြတယ် ၊ အစေခံကြတယ် ၊ သက်သေခံကြတယ် အဲ့ဒါမှ ပဲ ဘုရားအလိုအရှိတဲ့ တစ်လုံးတစ်ဝ တည်းရှိတဲ့ အသင်းအဖွဲ့တစ်ခုဖြစ်ပြီး အဓိပ္ပာယ်ပြည့်၀မှုရှိမယ် ။ မစ္ဆားတရားမှာပါ၀င်ကြတဲ့ ဆရာတော်ဘုရားနဲ့ ရဟန်းကိုရင်သီလရှင်များ ဘာသာ၀င်များအားလုံးကို ကျေးဇူးတင်ပါတယ်"
လို့ဆိုပါတယ်။

အဆိုပါမစ္ဆားတရာတော်မြတ်အပြီးတွင်ကျေးဇူးတင်နုတ်ဆက်ဂုဏ်ပြုခြင်းအစီအစဉ္ပြုလုပ်ခဲ့ပြီး အဖဆရာတော် မာကုတင်၀င်းမှ ကျေးဇူးတင်စကား ပြော ကြားခြင်း၊ ကွိုင်ယာအဖွဲ့မှ သီချင်းဖြင့်နုတ်ဆက်ခြင်း၊ ဂိုဏ်းချုပ်သာသနာအဆင့် လက်ဆောင်ပေးအပ်ခြင််း၊ သစ္စာသုံးပါးခံသူတော်စင်ဂိုဏ်းအသီးသီး နှင့် ဘာသာ၀င်အချို့မှ အမှတ်တရ လက် ဆောင်ပေးအပ်ခြင်းအစီအစဉ္များပြုလုပ်ခဲ့ပါတယ်။

မွန်ဆီညော်အန်ဒရေယာအားကြိုဆိုနုတ်ဆက်ခြင်း မစ္ဆားတရားသို့ ရဟန်းကိုရင် သီလရှင်များ အပါး ၇၀ နီးပါး၊ စီရင်စုအသီးသီးမှ ဘာသာ၀င်များ ၁၀၀၀ ခန့်တက်ရောက် ခဲ့ကြပါတယ်။

သတင်း ။ ။ စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

ဗီဒီယို နှင့် ဓာတ်ပုံ ။ ။
ကိုပေါလ်ဂျုံးခေါင် (RVA)
ကိုအောင်မျိုးထိုက် ၊ ကိုချိုကြီး

 

Add new comment

3 + 15 =