မြန်မာနိုင်ငံကက်သလစ်သာသနာတော်ကြီးမှ သာသနာအချို့သည် ဓမ္မညီလာခံအတွက် စိုင်းပြင်းပြင်ဆင်နေကြ

မြန်မာနိုင်ငံကက်သလစ်သာသနာတော်ကြီးမှ သာသနာအချို့သည် ဓမ္မညီလာခံအတွက် စိုင်းပြင်းပြင်ဆင်နေကြ

မြန်မာနိုင်ငံကက်သလစ်သာသနာတော်ကြီးမှ သာသနာအချို့သည် ဓမ္မညီလာခံအတွက် စိုင်းပြင်းပြင်ဆင်နေကြ

စစ်ရေးဖြစ်ပွားနေသောဇုံအတွင်းကျရောက်နေသော်လည်း ဘားအံသာသနာအနေဖြင့် (၂၀၂၃) ရောမ၌ကျင်းပ မည့် ဆရာတော်ကြီးများ၏ ဓမ္မညီလာခံအတွက် အကြိတ်အနယ်ပြင်ဆင်နေကြသည်။

(၂၀၂၁၊ ဖေဖော်၀ါရီ ၁) ရက်‌ နေ့၌ စစ်တပ်မှ အာဏာသိမ်းပြီး နောက် ဆက်တွဲပြည်တွင်းစစ်ကြောင့် ဘာသာတူများသည် တောကြီးမျက်မဲထဲ၌ ကစင့်ကလျားထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဘားအံသာသနာပိုင်ဓမ္မညီလာခံကျင်းပရေးကော်မတီ၀င်များအနေဖြင့် ထိုင်းမြန်မာနယ်စပ်ထိပျံ့နှံ့ရောက်ရှိနေသော ဒုက္ခသည်စခန်း၊ တောတောင်လျိုမြောင်ကြားတွင် ပုန်းလျိုးနေကြသော ဘာသာတူများနှင့်လည်းချိပ်ဆက်နိုင်ရန်အားထုတ်လျှက်ရှိသည်။ ဤညီလာခံ၌ အားလုံးပါ၀င်စေ ရန်မှာအလွန်ခက်ခဲပြီး စိန်ခေါ်မှုကြီးမားလှသည်။ အ ဘယ်ကြောင့်ဆိုသော် ဘာသာတူများရှိရာဒေသများသို့ ခရီးသွား လာခြင်းကိုလည်း ပိတ်ပင်ထား သည်ဟု ဘားအံသာသနာ၏ အတွင်းရေးမှူးဖာသာရ် ဉာဏ်ထူးကပြောကြားသည်။

တောင်ငူသာသနာ၏ ဓမ္မညီလာခံဖြစ်မြောက်ရေးကော်မတီကလည်း ဘားအံသာသနာတွေ့ကြုံနေရသော ထပ်တူကျ သည့် နိုင်ငံရေး၊ ကပ်ရောဂါဘေးဆိုး ၏အခက်အခဲမျိုးနှင့်ကြုံတွေ့နေရကြောင်း၊ တောင်ငူသာသနာ၏ အတွင်းရေးမှူးဖြစ် သော ဖာသာရ်၀ီလျှံထူးကလည်း ‘အခက်အခဲအမျိုးမျိုးကြားမှ ဆရာတော်ကြီးများ၏ဓမ္မညီလာခံအတွက် သာသနာအ နေဖြင့်အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သွားမည်’ ဟုဆိုသည်။

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ လမ်းညွှန်ချက်အတိုင်း ဒေသန္တရသာသနာများသည် တွေ့ဆုံရမည့်သူများနှင့်ထိတွေ့ဆွေးနွေးနိုင်ရေးအတွက် အဖွဲ့များဖွဲ့၍ လုပ်ဆောင်နေကြသည်။

ဓမ္မညီလာခံဆိုင်ရာမေး ခွန်းများနှင့်စပ်လျင်း၍ လူမှုကွန်ရက်ပေါ်၌ လည်း ရှာဖွေဖတ်ရူနိုင်ပါသည်။ ဖြေဆိုရမည့်မေးခွန်းများအနက် ကက်သ လစ်ဘာသာတူမဟုတ်သောသူများအား မေးမြန်းဖြေဆိုစေရမည့် မေးခွန်း‌ (၄) ချက်ရှိပါသည်။

သာသနာ အတော်များ များသည် Zoom ဖြင့်အစည်းအဝေး ပြုလုပ်ဆွေးနွေးနေကြသည်။ သာသနာအုပ်စုအားလုံး သစ္စာသုံးပါးခံသီလရှင်အသင်းများအားလုံးနှင့်ဘာသာရေးအခြေခံအဖွဲ့များလည်းတက်ကြွစွာပါ၀င်ကြရန် ဖိတ်ခေါ်ထားသည်။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၌လည်း ဓမ္မညီလာခံဖွင့်ပွဲကို အောက်တိုဘာ ၁၇ ရက် တွင်ပြုလုပ်ကျင်းပခဲ့သည်။

ရန်ကုန်ဂိုဏ်းချုပ်သာသနာအနေဖြင့်လည်း ထိုနေ့က စတင်ဖွင့်ခဲ့ပြီး ဖြစ်သလို သာသနာအုပ်စုတိုင်းအားလည်း သိမှတ်စရာများကိုသေချာစွာအသိပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ နိုင်ငံ ရေးမတည် ငြိမ်မှု၊ ကပ်ရောဂါဆိုးကြီးမထိန်းချုပ်နိုင်မှုတို့ကြောင့် အစုအဖွဲ့နှင့်တွေ့ဆုံနွေးရန်အခြေအနေမပေးပေ။ ထို့အတူ ‌ေ၀း လံခေါင်ဖျားဒေသများရှိဘာသာတူများအား လူမှုကွန်ရက်ဖြင့်ချိပ်ဆက်ရန်လည်း အခက်အခဲများရှိနေပြန်သည်။ မြို့ပြ များ၌နေထိုင်သူများလည်း လူမှုကွန်ရက်အသုံးပြုခ ကို အကုန်အကျမခံနိုင်ကြသကဲ့သို့၊ နည်းပညာအား နည်းမှု လိုအပ်သောပစ္စည်းများလည်းမရှိဖြစ်နေသောအခက်အခဲများနှင့်ကြုံတွေ့နေရသည်။ ထို့ကြောင့် (၁၀၀) ရာခိုင် နှုန်း၊ ထိရောက် အောင်မြင်ရန်မှာ ရိုးသားစွာ၀န်ခံရသော် အောင်မြင်နိုင်မည်မဟုတ်ကြောင်းအမည်မဖော်လိုသူဘုန်းတော် ကြီးတစ်ပါးကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏သာသနာ (၁၆) ခုအနက်တစ်ခုဖြစ်သော မော်လမြိုင်သာသနာအနေဖြင့်လည်း ကိုယ်စားလှယ်ရဟန်းနှစ်ပါးကိုတာ၀န်အပြည့်အ၀ပေးအပ်ပြီး၊ တွေ့သင့်တွေ့ထိုက်သူများနှင့်တွေ့၍ဆွေးနွေးမှုကိုပြုလုပ်စေသည်။

လာ မည့် ဩဂုတ် (၁၅၊ ၂၀၂၂) ၌ ကမ္ဘာတစ်၀ှမ်းမှ သာသနာများအားလုံးသည် ၄င်းတို့သာသနာများမှ တင်ပြချက် သာသနာ့ အခြေအနေများ ကို ထင်ဟပ်ပေါ်လွင်စေသော ဆွေးနွေးတင်ပြချက်အစီရင်ခံစာကို ဗာတီကန်ရှိ ဆရာတော်ကြီးများ၏ ဓမ္မ ညီလာခံဖြစ်မြောက်ရေးရုံးတော်သို့ပေးပို့ရမည်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3DXjDkc

Add new comment

3 + 8 =