မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက လူမှုကူညီရေးလုပ်ငန်းများကိုလုပ်ခွင့်ပြုရန် တောင်းဆိုလိုက်

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက လူမှုကူညီရေးလုပ်ငန်းများကိုလုပ်ခွင့်ပြုရန် တောင်းဆိုလိုက်

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက လူမှုကူညီရေးလုပ်ငန်းများကိုလုပ်ခွင့်ပြုရန် တောင်းဆိုလိုက်

 

          မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများဆက်လက်မြင့်တက်နေရာ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များက အဖွဲ့ များအားလုံးကို လူမှုကူညီရေးလုပ်ငန်းများကို  လုပ်ခွင့်ပြုရန်တောင်းခံထားသည်။ ပြည်သူများအား ပစ်မှတ်မထားကြ ရန်၊ ဘုရားကျောင်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများအားလည်း စခန်းချအကာအကွယ်ယူခြင်းမပြုကြရန်၊ လူ့ဂုဏ် သိက္ခာနှင့်အသက်ရှင်ခွင့်ရရေး အပေးအယူပြုလုပ်ခြင်းသည် လုံး၀မဖြစ်သင့်ကြောင်း၊ အသက်ကိုငဲ့ရန်တောင်းဆိုပါ ကြောင်း၊ အတိဒုက္ခရောက်နေသော လူသားတို့အားကူညီနေကြသော အသင်းအဖွဲ့တို့အား ကူညီခွင့်ပြုရမည်ဖြစ် ကြောင်း ၎င်းတို့၏ ကြေညာချက်၌ထည့်သွင်းတောင်းဆိုထားသည်။ 

 

နေရပ်စွန့်ခွာသူထောင်နှင့်ချီရှိလာ

          အာဏာသိမ်စစ်တပ်နှင့်ကယား၊ ချင်းနှင့်ကရင်ပြည်နယ်မှ လက်သင့်မခံသော ပြည်သူများကြားဖြစ်ပွားသော တိုက်ပွဲများသည် ပိုမိုပြင်းထန်လာနေသည်။ အပြစ်မဲ့ပြည်သူများအား လူမဆန်စွာသတ်ဖြတ်နေကြသည်။ ထောင်နှင့်ချီ သောပြည်သူများ စစ်ရှောင်နေကြရသည်။ ဘုရားကျောင်းများလည်း ဖျက်ဆီးခံရသည်။ များမကြာမီက လွိုင်ကော်သာ သနာမှဒေါဥခူသာသနာအုပ်စု၏ဘုရားကျောင်း လေကြောင်းမှပစ်ခတ်စဉ်ထိမှန်ခဲ့သည်။  

 

တိုက်ပွဲများပိုမိုကြမ်းလာမှုအပေါ်စိုးရိမ်းနေကြ၊

          ကက်သလစ်သာသနာတော်နှင့်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်ကြသော ယူနီဆက်ဖ်တို့သည် တိုက်ပွဲပိုမို ပြင်းထန်လာမှုအပေါ်စိုးရိမ်ကြောင်းထုတ်ဖော်လာကြသည်။ ကလေးများအား သတ်ဖြတ်ခြင်းကိုလည်းပြင်းပြင်းထန် ထန်ပြစ်တင်ရှုတ်ချသည်။ ပြည်သူအတော်များများလည်း ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ ကြေညာချက်ထဲ၌ မြန်မာကက် သလစ်ဆရာတော်ကြီးများက ဇန္န၀ါရီလ (၁၁-၁၄) ရက်နေ့အထိ အထွေထွေ အစည်းအဝေးကြီးကိုကျင်းပခဲ့ ကြောင်း၊ လက်ရှိမြန်မာနိုင်ငံအခြေအနေကြောင့် အလွန်စိတ်မ ကောင်းဖြစ်ရကြောင်း၊ ဘာသာမရွေး၊ လူမျိုးမရွေး အ ပြစ်မဲ့ပြည်သူများ၊  ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မကျန်းမမာသူများမှာ ဒေသအတွင်း ခက်ခဲစွာ ရွေ့ပြောင်းနေကြရကြောင်း၊ ထောင်ချီသောပြည်သူများထွက်ပြေးရင်းငတ်မွတ်နေကြရကြောင်း ထည့်သွင်း ဖော်ပြထားသည်။

 

စစ်ရှောင်များအားကူညီပေးပြီး၊ ငြိမ်းချမ်းရေးအတွက်ဆုတောင်းခြင်း၊

          စစ်ရှောင်များအား နည်းလမ်းအသွယ်သွယ်ဖြင့် ခိုစရာနေရာများပေးနေကြသော ရဟန်းတော်များ၊ သီလရှင် များအားလည်းကျေးဇူးတင်ပါကြောင်း၊ ဤသို့အားဖြင့် ဒဏ်ရာအမျိုးမျိုးရရှိနေသော ပြည်သူ များအနေဖြင့် ကုစားမှု၊ နှစ်သိမ့်မှုများရရှိကြလိမ့်မည်ဖြစ်ကြောင်း  ထို့အတူ ကက်သလစ် သာသနာများ အနေ ဖြင့်လည်း တိုင်းပြည်၏ငြိမ်းချမ်းရေးအ တွက် တိုးမြှင့်လုပ်ဆောင်ကြရန်၊ အထူးသဖြင့် ဆုတောင်း ခြင်းဖြင့်လုပ်ဆောင်ကြရန်တိုက်တွန်းအားပေးထားပါသည်။  

 

စစ်တပ်မှအာဏာသိမ်းပြီးချိန်မှစ၍ လူပေါင်း (၁၄၀၀) ကျော် သေဆုံးခဲ့၊

          စစ်တပ်အာဏာသိမ်းခဲ့သော ဖေဖော်၀ါရီလ (၁၊ ၂၀၂၁) မှစ၍ လူပေါင်း (၁၄၀၀) ကျော် သေဆုံးခဲ့ပြီး၊ ၄င်းတို့ အနက် ကလေး အယောက် (၅၀) နီးပါးပါ၀င်သည်။ ထို့အတူ လူပေါင်း (၁၀,၀၀၀) ကျော်ဖမ်းဆီးခံထားရပြီး၊ ၄င်းတို့အနက် ကက်သလစ်ဘုန်းတော်ကြီးများ၊ ပါစတာများလည်းပါကြောင်း၊ စစ်တပ်မှဒီမိုကရေစီလှုပ်ရှားသောအဖွဲ့ အစည်းများအားဖြိုခွဲလိုက်ပြီးနောက် နှိပ်စက်ညှဉ်းဆဲ မှုများလည်းရှိကြောင်းသိရပါသည်။ .

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

 https://bit.ly/3rb4cAQ

Add new comment

20 + 0 =