Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မြန်မာကက်သလစ်သာသနာမှ နိုင်ငံအတွက်ဆုတောင်းခြင်းလှုပ်ရှားမူ၌ပါ၀င်ရန် ဘာသာပေါင်းစုံအားဖိတ်ကြား
မြန်မာကက်သလစ်သာသနာမှ နိုင်ငံအတွက်ဆုတောင်းခြင်းလှုပ်ရှားမူ၌ပါ၀င်ရန် ဘာသာပေါင်းစုံအားဖိတ်ကြား
********************************
(5.8.2021)RVA Myanmar
မြန်မာနိုင်ငံသည် အလွန်စိုးရိမ်ဖွယ်ရာနိုင်ငံရေး၊ လူမှုစီးပွားရေး၊ လူ့အခွင့်အရေးနှင့်လူသားချင်းစာနာမှု၊ပဋိပက္ခကြီးကြီး မားမားဆိုးဆိုးရွားရွားကို စစ်တပ်မှအာဏာသိမ်းလိုက်သော ဖေဖော်၀ါရီ (၁) ရက်နေ့မှစတင်ကြုံနေခဲ့ရသည်။ ထိုအခြေအနေ ၌ ကိုးဗစ် (၁၉) တတိယလှိုင်း၏၀င်အောင်းလိုက်မှုသည် ပြင်ဆင်မထားခဲ့သောမြန်မာနိုင်ငံအတွက်အလွန်အထိနာခဲ့သည်။ ဆေး ၀ါးများပြတ်လပ်မူအပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ့အသက်ကိုအနည်းငယ်ဆွဲဆန့်ထားနိုင်သည့် အရေးကြီးသောအ ခြေခံလိုအပ်မှုတစ်ခုဖြစ်သော အောက်စီဂျင်လိုအပ်မှုသည်အလွန်မြင့်မားခဲ့သည်။ ဤဆိုးရွားပြင်းထန်လွန်းလှသောအခြေအနေ ၌ မြန်မာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှကမကထပြု၍ ကပ်ရောဂါဆိုးကြီးဘေးမှအမြန်ဆုံးထိန်းချုပ်ကင်းပျောက် ရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆုတောင်းပေးကြရန်နှိုးဆော်ထားသည်။
ကပ်ရောဂါ၏ထိုးနက်ချက်
မြန်မာနိုင်ငံ ကက်သလစ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ‘ချစ်လှစွာသောမြန်မာနိုင်ငံသားအပေါင်းတို့၊ ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံတော်ကြီးအတွက် လက်ကိုမြောက်ကာအသနားခံတောင်းလျှောက်ပေးကြပါစို့။ အမိမြန်မာနိုင်ငံအား ကယ်တင် ပေးရန် လူတိုင်း၏နှလုံးသားမှ ဘုရားသခင် (ပိုင်ရာဆိုင်ရာများ) ထံဆုတောင်းကြပါစို့။ ဘ၀၌စိန်ခေါ်မူများစွာကိုတွန်းတိုက် ကျော်ဖြတ်လာခဲ့သကဲ့သို့ ပညာရှင်များက ဗီဇပြောင်းကူးစက်မြန်ဗိုင်းရပ်စ်၏လှိုင်းကိုရင်ဆိုင်ရန်အသင့်ပြင်ထားရမည်ဖြစ် ကြောင်းသတိပေးနေခဲ့သည်’ ဟုတနင်္လါနေ့ကကြေညာချက်ထုတ်ပြန် ပန်ကြားခဲ့သည်။ ထိုဆုတောင်းလှုပ်ရှားမူသည် (၂) ပတ်တာကြာမြင့်မည်ဖြစ်သည်။
ဗိုင်းရပ်စ်ကိုတွန်းလှန်ရန်တစ်ခုတည်းသောတိုက်ပွဲ
ဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ကူးစက်မူအလွန်မြန်ဆန်မြင့်မားခဲ့သကဲ့သို့၊ အောက်ဆီဂျင်ပြတ်လက်မှုလည်း အလွန်ဆိုးဝါးခဲ့သောကြောင့် သေဆုံးမှုလည်း များခဲ့သည်။ လက်ရှိအခြေအနေသည် ပြည်သူတို့၏ ရှင်သန် ရပ်တည်မှုနှင့် ဂုဏ်သိက္ခာများအတွက် အလွန်အန္တာရယ်ကြီးမားသောအချိန်ကာလတစ်ခုဖြစ်သည်။ အဓိကတိုက်ပွဲမှာ ကူးစက်ရော ဂါကိုဦးစွာအောင်မြင်ရန်ဖြစ်သည်။ ဤအခြေအနေ၌ ကျွန်ုပ်တို့သည် ရောဂါစွဲကပ်ခံစားနေရသောသူများအား ရောဂါ စစ်ဆေးသိရှိနိုင်သော စမ်းသပ်တံ၊ အောက်စီဂျင်ဗူးများ၊ အခြားသောအခြေခံလိုအပ်သောအကူအညီများကို ကူညီဖေး ကူကြပါစို့။ နိုင်ငံတော်သည် ပညာရှင်များလိုအပ်နေချိန်၌ ကျန်းမာရေး၀န်ထမ်းများအားလုံး ရောဂါစွဲကပ်ခံစားနေရ သူများအားကူညီရန်တိုက်တွန်းထားသည်။ (ပရဟိတဆရာ၀န်များအားဖမ်းဆီးသည့်ကိစ္စကိုလည်းထည့်သွင်းပြော သင့်ပါသည်။ ကျန်းမာရေး၀န်ထမ်းများ၏အသက်အာမခံကိုဆရာတော်ကြီးများအာမခံပေးနိုင်ပါသလော)
အာဏာသိမ်းမှုနှင့်ကိုးဗစ် (၁၉) ၏နောက်ဆက်တွဲအကျိုး
ဖေဖော်ဝါရီလ (၁) ရက်နေ့၊ စစ်တပ်မှ မတရားအာဏာသိမ်းပြီး ၊ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်ရွေးကောက်ခံ အစိုးရအမတ်များအား ဖမ်းဆီးလိုက်ခြင်းသည် နိုင်ငံတော်ကြီးအား နိုင်ငံရေး ၊လူမှုရေး၊စီးပွားရေး၊ လူ့အခွင့်အရေးနှင့် လူသားခြင်းစာနာမှုများ ချွတ်ခြုံကြသွားစေခဲ့သည်။ထိုအချိန်မှစ၍ လုံခြုံရေးဝန်ထမ်းဟု တံဆိပ်ခတ်နှိပ်ထားသူများ၏ လက်ချက်ဖြင့် ခေတ်မှီလူသတ်လက်နက်များကိုင်ကာ မတရားအကြမ်းဖက်အာဏာသိမ်းသည်ကို လက်မခံသောပြည်သူများအား သွေးချောင်းစီးစေသည်အထိ ပစ်ခက်သတ်ဖြတ်လာခဲ့သည်မှာ ယနေ့ထိ မခမ်းနိုင်သေး။မရပ်နိုင်သေးပေ။အကျဉ်းသားများ ကူညီစောင့်ရေးအသင်း (AAPP)အသင်း၏ စာရင်းများအရ ကျဆုံးသွားခဲ့ကြသူ (၉၄၅) ဦးရှိနေပြီဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။ စစ်တပ်အမာခံ ထောက်ခံသူများသည် ခေါက်ရိုးကျိုးနေခဲ့သော နိုင်ငံရေး ပဋိပက္ခလမ်းစဉ်ဟောင်းဆီသို့သာ ပြန်ဦးလှည့်နေပါတော့သည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် တိုက်ပွဲများ မပြတ်ဖြစ်ပွားလာခဲ့သည်။မြန်မာနိုင်ငံအခြေပြု ကုလ၏ လူသားချင်းစာနာသော အသင်း၏ ပြောပြချက်အရ နေရပ်စွန့်ခွာသူပေါင်း (၂၂၀၀၀၀) ဦးရှိကြောင်း ပြောကြားထားသည်။
ဘုရားသခင်၌ မှီဝဲဆည်းကပ်ကြပါစို့။
မြန်မာနိုင်ငံ၏ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် နိုင်ငံရေးသမားများမဟုတ်။ ပြည်သူပြည်သားများ၏အ ကျိုးကိုသာရှေ့ရူသည်။ ထို့ကြောင့် ပြည်တော်အတွက်ကြီး ကျန်းမာခြင်းလာစေရန်ရည်ရွယ်သော ဆုတောင်းခြင်းလှုပ်ရှားမူ၌ လူသားများအားလုံး လက်များကိုမြောက်၊ နှလုံးသားကိုဖွင့်၍ပါ၀င်ကြရန်ပန်ကြားလိုက်သည်။ ဤလှုပ်ရှားမူ၌ပါ၀င်ရန် သက်၀င် ယုံကြည်မူမတူသော ဘာသာရေးခေါင်းဆောင်များအားလည်း အတူတကွပါ၀င်၍စာနာစိတ်သည် ဘာသာတရားတိုင်း၏သွန် သင်ချက်ဖြစ်သည်ကို လက်ရှိအမှောင်လွှမ်းသောကာလ၌ထုတ်ဖော်ပြသကြရန်ပန်ကြားထားသည်။
မြန်မာပြည်မှကက်သလစ်ဘာသာတူများအားလည်း ဆုတောင်းခြင်း၊ ကိုယ်တော်မြတ်ဖူးမြော်ခြင်းနှင့်စိတ်ပုတီးစိတ် ခြင်းများကိုလည်း မိသားစုအတွင်း၊ အသင်းအဖွဲ့အတွင်း၌မပြတ် ဆက်လက်ဆုတောင်းကြပါရန်၊ ခေါက်ပါဟုမိန့်သကဲ့သို့ ဘုရား သခင်၏တံခါးကိုခေါက်၍ မာကြောခက်ထန်နေသောခေါင်းဆောင်တို့၏နှလုံးသားများကိုပျော့ပျောင်းလာစေရန်၊ ကျန်းမာခြင်း၊ ငြိမ်းချမ်းခြင်း၊ ပြန်လည်ကြေအေးသင့်မြတ်ခြင်းကိုဆောင်ယူလာနိုင်ရန်၊ ကပ်ရောဂါဆိုးကြီးများအားလုံးကို ဘုရားသခင်၏ လက်တော်ဆန့်တန်းကောင်းကြီးပေးကာ ကုသကင်းပျောက်နိုင်စေရန်တိုက်တွန်ထားသည်။
ကိုးဗစ်ရပ်တန့်ရေး
မတရားအာဏာသိမ်းသည်မှစ၍ မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်သည် လုံး၀ပြိုလဲသွားခဲ့ပြီဖြစ်သည်။ နိုင်ငံပိုင်ဆေးရုံ များသည် အခြေခံကျန်းမာရေးစောင့်ရှောက်မူကိုပင်မပေးနိုင်တော့ပေ။ အလွှာအသီးသီးမှကျန်းမာရေး၀န်ထမ်းများသည် မတ ရားအကြမ်းဖက်အာဏာသိမ်းစစ်တပ်အားဆန့်ကျင်သည့်အနေဖြင့် CDM (civil disobedience movement) လှုရှားမူ၌အင်နှင့် အားနှင့်ပါ၀င်သွားခဲ့ကြသည်။ ကိုးဗစ် (၁၉) တတိယလှိုင်း၏ရိုက်ခတ်မူကြောင့်ရောဂါကူးစက်ခံရမူသည် ကြောက်ခမန်းလိလိဖြစ် လာခဲ့၍ ကုလ၏မြန်မာဌာနေကိုယ်စားလှယ် Tom Andrews က ကိုဗစ် (၁၉) တိုက်ပွဲရပ်တန့်ရန်ပန်ကြားခဲ့သည်။ ရောဂါကူး စက်မူနှုန်းမြှင့်တက်လာနေရုံမက၊ သေဆုံးမူနှုန်းလည်းမြင့်တက်နေသော်လည်း မတရားအာဏာသိမ်းစစ်တပ်သည် ကျန်းမာရေး ၀န်ထမ်းများအားဖမ်းဆီးခြိမ်းခြောက်မှုများကိုဆက်လက်ပြုလုပ်လျှက်ရှိသည်။ ကုလ၏အမြန်ဆုံးကူညီကိုင်တွယ်ပေးမှု မပြု လုပ်ပါက မြန်မာနိုင်ငံ၌မသေသင့်ဘဲသေနေကြသူ၊ ထို့အတူသေကြဦးမည်သူများရှိနေဦးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံကျန်းမာရေး၀န်ကြီးဌာန၏ ကိုဗစ် (၁၉) တတိယလှိုင်းကြောင့်သေဆုံးလူနာစာရင်းမှာ (၃၃၀) သာရှိ ကြောင်း၊ ယခင်နှစ် စတင်ဖြစ်ပွားချိန်မှယခုအချိန်ထိဆိုလျင် ပိုးကြောင့်သေဆုံးသူ (၁၀၀၆၁) သာရှိကြောင်းတနင်္လါနေ့က ကြေ ညာသွားသည်။ တတိယလှိုင်း၌ ကူးစက်သူ (၃၆၈၉) ဦးသာရှိကြောင်းနှင့်ပိုးကူးစက်ခံခဲ့ရသူစုစုပေါင်း (၃၀၆၃၅၄) ရှိကြောင်း၊ မည်သို့ပင်လိမ်ညာ၍စာရင်းများကြေညာထုတ်ပြန်နေစေကာမူ ကျွမ်းကျင်ပညာရှင်တို့၏သုံးသပ်ချက်များအရ တရား၀င်ကိန်းဂဏာန်းပင်လျှင်ဤမျှရှိနေလျှင် ယခုထက်အဆများစွာများပြားကြောင်းဆိုပါသည်။ ယူကေ၏လုံခြုံရေးကောင်စီကလည်း မြန်မာ့ လူဦးရေ (၅၄) သန်း၏ထက်၀က်ကျော်သည် ပိုးကူးစက်ခံနေရနိုင်ဖွယ်ရှိကြောင်း ပြီးခဲ့သောအပတ်ကထုတ်ဖော်ပြောကြားခဲ့သည်။
Ref:Vatican News
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Add new comment