Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မြစ်ကြီးနား ကက်သလစ် သာသနာတော် ၏ ကိုဗစ်ကာလ လုပ်ဆောင်နေမှု နှင့်စစ္စတာရ် ရိုဇား နူးတောင်၏ အခန်းကဏ္ဍ
မြစ်ကြီးနား ကက်သလစ် သာသနာတော် ၏ ကိုဗစ်ကာလ လုပ်ဆောင်နေမှု နှင့်စစ္စတာရ် ရိုဇား နူးတောင်၏ အခန်းကဏ္ဍ
******************************
(9.8.2021)RVA Myanmar
မြစ်ကြီးနားကက်သလစ်သာသနာအနေဖြင့် ကိုဗစ်19 ကုသရေးစင်တာများကို ပြီးခဲ့သည့် တနင်္လါ နေ့မှ စတင်ကာ
ဖွင့်လှစ်၍ ကုသမှုများပေးလျှက်ရှိနေပြီဖြစ်ပါသည်။
“ လူ့အသက်ဟာ တန်ဖိုးရှိတဲ့အတွက် မသေသင့်ပဲသေနေကြရသော ပြည်သူများ၊ များပြားလာနေတဲ့အတွက် မြစ်ကြီးနားကက်သလစ်သာသနာမှ လူအသက်များကို တန်ဖိုးထားသည့်အတွက် ယခုကဲ့သို့ ကိုဗစ် စင်တာများဖွင့်လှစ်၍ လုပ်ဆောင်ပေးနေကြခြင်းဖြစ်သည်ဟု Sr. ရိုဇား နူးတောင်က ပြောပြခဲ့ပါသည်။
ကိုဗစ်ကုသရေးဆိုင်ရာများကို မြစ်ကြီးနားသာသနာ ကျန်းမာရေးကော်မရှင် ဉက္ကဌ Fr. Joseph La Nu နှင့်အတူကျောင်းထိုင်ဘုန်းတော်ပြီးများနှင့်အခြားသောအဖွဲ့အစည်းများက အတူတကွ ပူးပေါင်း၍ ဆောင်ရွက်နေကြခြင်းဖြစ်တယ်ဟု သိရပါသည်။
မြစ်ကြီးနားသာသနာမှ လူငယ်များက ဆက်ကပ်လူကယ်များအဖြစ် ပါဝင်ကာ ဆရာဝန်၊သူနာပြုများအပါအဝင် စုစုပေါင်း အယောက်သုံးဆယ်ကျော်ဖြင့်
လုပ်ဆောင်ပေးလျှက်ရှိေနသည်ဟုလည်း သိရပါသည်။
မြစ်ကြီးနားကိုဗစ်ကုသရေးစင်တာများကို နှစ်မျိုးခွဲထားသည်ဟုသိရပါသည်။ ကိုဗစ်ဖြစ်ပွား၍ အောက်စီဂျင် 90 အောက်ကျသော လူနာများကို အောင်နန်းရပ်ကွက်ရှိ စိန့်ကိုလန်ဘန် အမျိုးသားဘော်ဒါကျောင်းဆောင်ဘက်တွင် ထားရှိ၍ ဆရာဝန်များ၊သူနာပြုများဖြင့် လက်ခံကုသပေးသည်ဟုသိရပါသည်။ ထိုနေရာ၌ လူနာအယောက်(30) စာပြင်ဆင်ထားသည်ဟု
လည်းသိရပါသည်။
ရောဂါမပြင်းထန်သော ကိုဗစ် Positive ဖြစ်ကာ မိမိတို့ နေအိမ်များတွင်လည်း သီးခြားခွဲနေရန် အခန်းလွတ်မရှိသော လူနာများအား စီတာပူ ကိုဗစ်ကုသရေးစင်တာတွင် လက်ခံကုသပေးသည်ဟုသိရပါသည်။စီတာပူစင်တာတွင်လူနာ အယောက်(20) စာပြင်ထားသည်ဟုလသိရပါသည်။
စိန့်ကိုလန်ဘန်နှင့်စီတာပူ ကိုဗစ်စင်တာများအပြင် အခြားသောနေရာများတွင်လည်း.ထပ်မံဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသည်ဟုသိရပါသည်။
ဆေးရုံဆေးခန်းများသို့ သွားရောက်မကုသနိုင်သည့် လူနာများကိုတော့ Sr. နူးတောင်က အိမ်တိုင်ရာရောက် သွားရောက်ကာ ကြည့်ရှု၍ လိုအပ်သည်များကို လုပ်ဆောင်ပေး
သည်ဟု ပြောပြပါသည်။
Sr. နူးတောင် အနေဖြင့် သာသနာမှဖွင့်လှစ်ထားသော "မလိဂင်ဒိုင်'' ဆေးခန်း တာဝန်ခံအဖြစ် (2015) ခုနှစ်မှစတင်ကာ ယနေ့အထိ လုပ်ဆောင်လျှက်ရှိနေသည်ဟုသိရပါသည်။
သူမထိုင်သည့် "မလိဂင်ဒိုင်''ဆေးခန်းတွင်လည်း သမားတော်များနှင့်လက်တွဲကာ လူနာများကို ကြည့်ရှုပေးသည်ဟုသိရပါသည်။ ထိုဆေးခန်းတွင် ငွေကြေးမတက်နိုင်သူများ၊ စစ်ရှောင်များ နှင့်အောက်ခြေလူတန်းစာများ ပိုမိုလာရောက်ပြသကြသည်ဟုသိရပါသည်။ 2021 ခုနှစ် မတ်လက မြစ်ကြီးနားမြို့တွင် ဆန္ဒပြပြည်သူများကို မပစ်ခက်ရန် ဒူးထောက်တောင်းပန်ခဲ့၍ လူသိများလာရာမှတစ်ဆင့် စစ္စတာရ်အား အလှူငွေများ ထောက်ပံ့ပေးကြသောသူများရှိခဲ့သည့်အတွက် ဆေးခန်းလာပြသည့်ချို့တဲ့နွမ်းပါးသူများအား အခမဲ့ဆေးကုသပေးနိုင်ခဲ့သော်လည်း ယခုအခါ အလှူရှင်များလည်း မရှိ ၊ ဆေးဝါးများမှာလည်း ဈေးအဆမတန်တက်လာသည့်အတွက်ကြောင့် အခမဲ့ကုသမပေးနိုင်တော့၍ စိတ်မကောင်းဖြစ်ရသည်ဟု စစ္စတာရ်ကပြောပြပါသည်။ သို့သော်လည်း အခက်အခဲများကြားမှ အမှန်တကယ် ချို့တဲ့သူများကိုတော့အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသည်ဟုလည်း ပြောပြပါသည်။ယခုအချိန်အခါသည် ကိုဗစ်ရောဂါပျံ့နှံ့နေချိန်ဖြစ်သည့်အတွက် ဆေးခန်းသို့လာရောက်ပါက ကိုဗစ်ရှိမရှိ ဦးစွာစစ်ဆေးရသည့်အတွက် အမှန်တကယ် ချိုတဲ့သူများကို အခမဲ့စစ်ပေးပြီး တက်နိုင်သည့်သူများကို စမ်းသပ်ခမယူဘဲ Covid Test Kid ဖိုးသာ ယူ ကြောင်း၊ အတတ်နိုင်ဆုံး အခမဲ့လုပ်ဆောင်ပေးချင်သော်လည်း ဆေးဝါးများမှာ ဈေးတက်နေသည့်အတွက်ကြောင့် ဆေးဖိုးများကိုတောင်းခံရကြောင်း၊ လုံးဝမတက်နိုင်ပါက အခမဲ့ ကုသပေးလိုက်ရကြောင်း ပြောပြခဲ့ပါသည်။
စစ္စတာရ်တို့ အနေနဲ့ နယ်များသို့ဆင်း၍လည်း ကိုဗစ်ကာကွယ်ရေးပညာပေး သင်တန်းများကိုပို့ချပေးခဲ့သည်ဟုလည်းသိရပါသည်။
မြစ်ကြီးနားသာသနာမှဖွင့်လှစ်သေ ကိုဗစ်ကာကွယ်ကုသရေး အဖွဲ့တွင် စစ္စတာရ်နူးတောင်က လူနာများကို ချိတ်ဆက်ပေးသည့်တာဝန်ကိုလုပ်ဆောင်ပေးရသည်ဟုသိရပါသည်။
Sr. နူးတောင်အနေဖြင့် သင်္ကန်းပေါ်မှ ထပ်၍ PPE ဝတ်ရခြင်းဖြစ်သည့်အတွက် အတွင်း၌ ချွေးများထွက်ကြသည့်တိုင် မနားတမ်း လုပ်ဆောင်ခြင်းသည် ပူဇော်ရာ အရာတစ်ခုဖြစ်လာသည်ဟု ပြောပြခဲ့ပါသည်။
Sr.အတွက် စိန်ခေါ်မှုကတော့ သင်္ကန်းပေါ်မှာ PPE ထပ်ဝတ်ထားရတဲ့အခါ (2) နာရီ ၊ (3) နာရီလောက်ကြာလာပြီဆို အသက်ရှုကြပ်လာတယ်။ပြီးမောလာတယ်။နှုံးလာသလိုဖြစ်လာတယ်။ အဲဲဒါတွေဟာလည်း Sr အတွက် ပူဇော်ရာတစ်ခုဖြစ်လာတယ်ပေါ့နော်။အခုမှပဲ ကျန်းမာရေးဝန်ထမ်းတိုင်းက ဒီလိုမျိုး ခံစားခဲ့ရမှာပဲဆိုပြီး ကိုယ်ချင်းစာတက်လာတယ်။ ဒီလိုမျိုး PPE မဝတ်ဘူးဆိုရင်လည်း ကိုယ့်စီကို ရောဂါကူးစက်ဖို့ လွယ်တဲ့အတွက် PPE ဝတ်ရတာကလည်း စိန်ခေါ်မှု တစ်ရပ်ပဲဖြစ်တယ် ’’ဟု ပြောပြခဲ့ပါသည်။
ဆက်လက်ပြီး Sr.က အခက်အခဲများ ရှိကြောင်းကိုလည်း
“ အခက်အခဲအများကြီးရှိတယ်။ ဆေးဝါးနဲ့ ငွေကြေးလိုအပ််တယ်။အခုချိန်က အပြင်ဆေးခန်းတွေသွားလည်း ဟိုကလက်မခံ၊ သည်က လက်မခံနဲ့ ကြားထဲမှာပြေးလွှားရင်း အသက်ဆုံးရှုံးလိုက်ရတဲ့ လူနာတွေအများကြီးပဲရှိနေတယ်။ အဲ့ဒါမျိုးတွေ မြင်ရတဲ့အခါ စိတ်မကောင်းဖြစ်ရတယ်။ ဒါကြောင့် ကိုယ်နေကောင်းနေတဲ့အချိန်မှာ အများအကျိုးအတွက် ၊ အုပ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ ဘုရားပေးထားတဲ့ကျေးဇူးတော်အားဖြင့် လုပ်ဆောင်ပေးနေနိုင်ခြင်းဖြစ်တယ်။ ဘုရားအသုံးပြုနေတဲ့အတွက် ပျော်ရွှင်မိပါတယ်။Sr. က ငွေကြေးအားဖြင့်မကူညီနိုင်ပေမဲ့ ဘုရားပေးထားတဲ့ အရည်အချင်းလေးနဲ့ အတတ်နိုင်ဆုံးလုပ်ဆောင်ပေးနေခြင်းဖြစ်ပါတယ်။ အားလုံးကလည်း ဝိုင်းဝန်းဆုတောင်းပေးကြပါ။ ပံ့ပိုးပေးကြပါလို့လည်း ဖိတ်ခေါ်ချင်ပါတယ်။ ဒီရောဂါက လူ့အသက်နဲ့ဆိုင်တဲ့အတွက် လူမျိုး ၊ ဘာသာမရွေး ဘဲ ဝိုင်းဝန်းလုပ်ဆောင်ကြမှသာလျှင် ဒီရောဂါကို ကာကွယ်နိုင်မှာဖြစ််တယ်။ရောဂါ ခံစားနေရတဲ့သူတွေကလည်း စိတ်အားငယ်ချင်းမရှိတော့ဘဲနဲ့ ပျောက်ကင်းသွားနိုင်ကြမှာဖြစ်တယ် ’’ ဟု ပြောပြခဲ့ပါသည်။
Sr. နူးတောင်သည် မြစ်ကြီးနားသာသနာမှဖွင့်လှစ်ထားသော “ မလိဂင်ဒိုင် ’’ ဆေးခန်းတွင်( 2015 ) ခုနှစ်ကတည်းက ဆေးခန်းတာဝန်ခံအဖြစ် အမှုတော်ထမ်းဆောင်နေသူဖြစ်ပါသည်။
Photos News by Pinky
#rvamyanmar #rvapastoralcare #Covid19 #SrAnnRoseနူးတောင် #MyintkyinaDiocese #Volunteer #HealthcommissionofMyintkyina
Add new comment